-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၉


ဘုရားက များပြားစွာ မွေးဖွား၍ပွားများကြ
CROSS REFERENCES






ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သားတို့ကို ကောင်းကြီးပေးတော်မူ၍၊ သင်တို့သည် များပြားစွာ မွေးဖွားလျက် မြေကြီးကို ပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုးကောင်းကင် ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ် ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းသဘော ရှိရကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့လက်၌ ငါအပ်၏။ အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဖို့ ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ သို့သော်လည်း၊ အသက်တည်းဟူသော အသွေးနှင့်တကွ အသားကိုမစားရ။ အကယ်၍ သင်တို့ အသက်တည်းဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ ၊ လူ၏အသက်ကို ငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ [A] သင်တို့သည် သားကိုဖွား၍ များပြားကြလော့။ မြေကြီးပေါ်မှာ အလွန်မွေးဖွား၍ များပြားကြလော့၊ ဟုမိန့်တော်မူ၏။


နောက်ထပ် ရေမလွှမ်းမိုးမည့်အကြောင်း သက်တန့်ထား

တဖန် ဘုရားသခင်သည်၊ နောဧနှင့် သူ၏သားတို့ကို မိန့်တော်မူသည်ကား၊ သင်တို့နှင့်၎င်း၊ နောက်ဖြစ်လတံ့သော အမျိုးအနွယ်နှင့်၎င်း၊ ၁၀ သင်တို့ထံမှာ အသက်ရှင်သော တိရစ္ဆာန်တည်းဟူသော၊ ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန် အပေါင်းတို့နှင့်၎င်း၊ ငါသည် ကိုယ်တိုင် ပဋိညာဉ်ပြု၏။ ၁၁ သင်တို့နှင့်ငါပြုသော ပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန်မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဖို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။ ၁၂ ထိုမှတပါး၊ ငါတဖက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့တဖက်၌၊ သားမြေးအစဉ်အဆက်မပြတ်၊ ငါပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဟူမူကား၊ ၁၃ ငါ၏သက်တံ့ကို မိုးတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေ ဖြစ်လိမ့်မည်။ ၁၄ ငါသည် မိုးကိုအုံ့စေသောအခါ၊ မိုးတိမ်၌ သက်တံ့သည် ထင်ရှားလိမ့်မည်။ ၁၅ ထိုအခါ ငါတဖက်သင်တို့မှစ၍၊ အသက်ရှင်သော သတ္တဝါ၊ တိရစ္ဆာန်ရှိသမျှ တို့တဖက်၌ရှိသော၊ ငါ၏ပဋိညာဉ်ကို ငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့ကို ဖျက်ဆီးခြင်းငှါ၊ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။ ၁၆ မိုးတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သောသတ္တဝါ၊ တိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်။ ၁၇ ဤသည်ကား၊ ငါနှင့် မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့၏ စပ်ကြားမှာ၊ ငါအမြဲဖွဲ့သော ပဋိညာဉ်၏ လက္ခဏာ သက်သေဖြစ်သတည်း၊ ဟုနောဧကို ဘုရားသခင် မိန့်တော်မူ၏။


နောဧ စပျစ်ရည်မူး၍ ခါနာန်ကိုကျိန်
CROSS REFERENCES






၁၈ သင်္ဘောထဲက ထွက်ဆင်းသော နောဧသားတို့၏ အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း။ ဟာမသည် ခါနာန်၏ အဘဖြစ်၏။ ၁၉ ဤသူတို့သည် နောဧ၏သား သုံးယောက်ဖြစ်၍၊ မြေကြီးတပြင်လုံး၌ နှံ့ပြားကြ၏။ ၂၀ နောဧသည် လယ်လုပ်သော အတတ်ကိုပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။ ၂၁ စပျစ်ရည်ကိုလည်း သောက်၍ ယစ်မူးသဖြင့်၊ မိမိတဲ၌ အဝတ်မခြုံဘဲနေလေ၏။ [B] ၂၂ ခါနာန်၏အဘ ဟာမသည်၊ မိမိအဘ၌ အဝတ်အချည်းစည်း ရှိသည်ကိုမြင်လျှင်၊ ပြင်မှာရှိသော အစ်ကိုနှစ်ယောက်ကို ပြောလေ၏။ ၂၃ ရှေမနှင့် ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာတင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌ ၊ အဝတ်အချည်းစည်း ရှိသည်ကို ဖုံးကြ၏။ သူတို့သည် အပြင်သို့ မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ်အချည်းစည်း ရှိသည်ကို မမြင်ရ။ ၂၄ နောဧသည် ယစ်မူးခြင်းပျောက်၍ နိုးသောအခါ၊ မိမိ၌ သားငယ်ပြုသည်ကိုသိလျှင်၊ ၂၅ ခါနာန်သည် ကျိန်ခြင်းကိုခံပါစေ။ အစ်ကိုတို့၏ ကျွန်တို့၌ ကျွန်ဖြစ်ပါစေ၊ ဟုဆို၏။ ၂၆ တဖန် ရှေမ၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ ကျွန်ဖြစ်ပါစေ။ ၂၇ ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့်၊ ရှေမ၏တဲတို့တွင်နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေ၊ ဟုဆိုလေ၏။ ၂၈ နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ်သုံးရာ ငါးဆယ်အသက်ရှင်၍၊ ၂၉ အသက်ပေါင်း ကိုးရာငါးဆယ် စေ့သော် အနိစ္စရောက်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.