-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၁


နှုတ်ကပတ်တော်ဘုရား
CROSS REFERENCES






အစအဦး၌ [A] နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် [B] ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစ်စုံတခုမျှ မရှိ။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။ ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။


ယောဟန်စေလွှတ်
CROSS REFERENCES





CROSS REFERENCES






ယောဟန် အမည်ရှိသော သူတစ်ယောက်ကို၊ ဘုရားသခင် စေလွှတ်တော်မူ၏။ [C] ထိုသူကို လူအပေါင်းတို့သည် အမှီပြု၍၊ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း၊ ထိုသူသည် သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှာ လာ၏။ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှာသာ လာ၏။ ဟုတ်မှန်သော အလင်းမူကား၊ ဤလောကသို့ ကြွလာလျက်၊ ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကို ပေးသောသူ ဖြစ်သတည်း။ [D] ၁၀ ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ [E]၁၁ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲ နေကြ၏။ ၁၂ ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော၊ ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသား မဟုတ်။ လူအလိုအလျောက် ဖွားသောသား မဟုတ်။ ဘုရားသခင် ဖွားတော်မူသော သားဖြစ်သတည်း။


ယောဟန်မှ ယေရှုအကြောင်းသက်သေခံ
CROSS REFERENCES





CROSS REFERENCES






၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း၊ ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏၊ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ ၁၅ ယောဟန်သည် ထိုသခင်၏ အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက် ကြွလာသောသူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်၊ ဟုငါဆိုရာ၌၊ ထိုသူကို ဆိုလိုသည်၊ ဟုသက်သေခံလေ၏။ ၁၆ ထိုသူ၏ ပြည့်စုံခြင်းမှလည်း၊ ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို၊ ငါတို့ရှိသမျှသည် ခံရကြပြီ။ ၁၇ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သမ္မာတရား [F]မူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။ ၁၈ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ ရှိသော တစ်ပါးတည်းသော သားတော်သည်၊ ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။ [G]


တော၌ဟစ်ကြော်သောသူ ယောဟန်၏အသံ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၉ ယုဒလူတို့က၊ သင်သည် အဘယ်သူနည်း၊ ဟုယောဟန်ကို မေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊ ၂၀ ငါသည် ခရစ်တော်မဟုတ်၊ [H] ဟုထိမ်ဝှက်ခြင်းမရှိ၊ အတိအလင်းပြောဆို၏။ ၂၁ ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလော၊ ဟုမေးပြန်၏။ ယောဟန်က၊ ငါသည်ဧလိယမဟုတ်၊ [I]ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလော၊ [J] ဟုမေးပြန်လျှင်၊ မဟုတ်၊ ဟုဆိုပြန်၏။ ၂၂ ထိုသူတို့ကလည်း၊ သင်သည် အဘယ်သူနည်း၊ ငါတို့ကို စေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေခြင်းငှာ၊ သင်သည် ကိုယ်ကိုအဘယ်သို့ဆိုသနည်း၊ ဟုမေးပြန်ကြ၏။ ၂၃ ယောဟန်ကလည်း၊ ငါသည် ပရောဖက်ဟေရှာယ ဟောပြောသည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့၊ ဟုတော၌ ဟစ်ကြော်သော သူ၏အသံဖြစ်သည်၊ [K] ဟုဆို၏။ ၂၄ အစေခံသောသူတို့ကား၊ ဖာရိရှဲဖြစ်ကြသတည်း။ ၂၅ ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ် သည်မှန်လျှင်၊ အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်း၊ ဟုမေးပြန်ကြ၏။ ၂၆ ယောဟန်ကလည်း၊ ငါသည်ရေ၌ ဗတ္တိဇံကိုပေး၏။ [L]သင်တို့အလယ်၌ သင်တို့မသိသောသူ တစ်ယောက်ရှိ၏။ ၂၇ ထိုသူသည် ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ ကြီးမြတ်၏။ ထိုသူ၏​ ခြေနှင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှာ ငါမထိုက်၊ ဟုပြန်ပြော၏။ ၂၈ ယောဟန်သည် ဗတ္တိဇံကိုပေးရာ အရပ်၊ ယော်ဒန်မြစ် တဖက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။


ယောဟန်သည် ယေရှုအကြောင်း သက်သေခံ

၂၉ နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လော့။ ၃၀ ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည်၊ ငါ့နောက်ကြွလာသည်၊ ဟုငါဆိုရာ၌၊ ထိုသူကို ဆိုလို၏။ ၃၁ အစက ထိုသူကို ငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှာ၊ ငါသည်ရေ၌ ဗတ္တိဇံကို ပေးလျက်လာ၏။ ၃၂ ထိုမှတပါး ဝိညာဉ်တော်သည်၊ ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍၊ ထိုသူ၏ အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ ၃၃ အစက ထိုသူကို ငါမသိ။ ရေ၌ ဗတ္တိဇံကို ပေးစေခြင်းငှာ ငါ့ကို စေလွှတ်တော်မူသော သူက၊ အကြင်သူ၏အပေါ်၌ ဝိညာဉ်တော် ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ပေးသောသူပေတည်း၊ ဟုမိန့်တော်မူသည်နှင့်အညီ၊ ၃၄ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူကြောင်းကို၊ သက်သေခံသည်၊ ဟုယောဟန်ဆိုလေ၏။


ယောဟန်တပည့်များ ယေရှုထံသွားကြ

၃၅ တဖန်ယောဟန်သည် နက်ဖြန်နေ့၌၊ တပည့် နှစ်ယောက်တို့နှင့်အတူ ရပ်နေ၍၊ ၃၆ ယေရှု ကြွတော်မူသည်ကို မြင်လျှင်၊ ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လော့၊ ဟုဆို၏၊ ၃၇ တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင်၊ ယေရှု နောက်တော်သို့ လိုက်ကြ၏။ ၃၈ ယေရှုသည်လှည့်၍ ထိုသူတို့လိုက်ကြသည်ကို မြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်း၊ ဟုမေးတော်မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာ နေတော်မူသနည်း၊ ဟုမေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက်ကား၊ ဆရာ၊(a) ၊ ဟုဆိုလိုသတည်း။ ၃၉ ယေရှုကလည်း လာ၍ ကြည့်ကြလော့၊ ဟုမိန့်တော်မူ၏။ ထိုသူတို့သည် သွား၍ နေတော်မူရာ အရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍၊ မိုးချုပ်သည့်တိုင်အောင် အထံတော်၌ နေကြ၏။ ၄၀ ယောဟန်၏ စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူ နှစ်ယောက်တို့တွင်၊ တစ်ယောက်ကား ရှိမုန်ပေတရုညီ အန္ဒြေပေတည်း။ ၄၁ ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေ့ ဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိကိုတွေ့ကြပြီ၊ ဟုပြောဆိုလျက်၊ ၄၂ သူ့ကို ယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်၊ ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူကို ကြည့်ရှု၍၊ သင်သည် ယောန၏ သားရှိမုန်ဖြစ်၏၊ ကေဖ အမည်သစ်ကို ရလတံ့၊ ဟုမိန့်တော်မူ၏၊ ကေဖအနက်ကား ပေတရု၊ ဟုဆိုလိုသတည်း။


နာသလိမှ ယေရှုကိုပြန်ဝန်ခံ

၄၃ နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ ကြွခြင်းငှာ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့၊ ဟုမိန့်တော်မူ၏၊ ၄၄ ဖိလိပ္ပုကား၊ အန္ဒြေနှင့် ပေတရု မွေးဖွားရာ ဗက်ဇဲဒမြို့မှ လာသောသူ ဖြစ်သတည်း။ ၄၅ ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌၎င်း၊ အကြောင်းပြု၍ ရေးထားသော သူနာဇရက်မြို့သား ဖြစ်သော ယောသပ်၏ သားယေရှုကို၊ ငါတို့သည် တွေ့ကြပြီဟုဆို၏။ ၄၆ နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာ တစ်စုံတခုမျှ ထွက်နိုင်သလော၊ ဟုမေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ကြည့်ပါ၊ ဟုဆို၏၊ ၄၇ နာသနေလ လာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့် ကင်းလွတ်သော ဣသရေလ လူစစ်ကို ကြည့်လော့၊ ဟုထိုသူကို အမှတ်ပြု၍ မိန့်တော်မူ၏။ ၄၈ နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အ​ကျွန်ုပ်ကို သိတော်မူသနည်း၊ ဟုမေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကို မခေါ်မှီ၊ သင်သည် သင်္ဘောသဖန်းပင် အောက်၌ ရှိသည်ကို ငါမြင်သည်၊ ဟုပြန်၍မိန့်တော်မူလျှင်၊ ၄၉ ဆရာ၊(a) ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏၊ ဟုနာသနေလ လျှောက်လေ၏၊ ၅၀ တဖန်ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကို ငါမြင်သည်၊ ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှမက သင်သည် သာ၍ ကြီးစွာသော အကြောင်းအရာကို မြင်လတံ့။ ၅၁ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည်၊ လူသား၏အပေါ်၌ ဆင်းလျက်၊ တက်လျက် ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့၊ ဟုမိန့်တော်မူ၏။


_________________________
Footnotes


၃၈ နှင့် ၄၉ (a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.