-
AA
+
🡀
|
🡂
ဟေဗြဲဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေဗြဲဩဝါဒစာ
အခန်းကြီး ၁


သားတော်သည်ကောင်းကင်တမန်မဟုတ်ဘုရားဖြစ်သည်
CROSS REFERENCES






ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့်၊ ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း၊ စကားပြော(a) တော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား စကားပြောတော်မူပြီ။ ထိုသားတော်ကို၊ အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း၊ လောကဓာတ်တို့ကို တည်တော်(ဖန်ဆင်း)မူ၏။ ထိုသားတော်သည်၊ ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဍာန်ဖြစ်၍၊ [A] တန်ခိုးနှင့် ပြည့်စုံသော မိမိအမိန့်တော်အားဖြင့်၊ ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအားနုဖေါ်တော်၏ လက်ျာဘက်၌ ထိုင်တော်မူ၏။ ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက်၊ ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊ ကောင်းကင်တမန် တို့ထက်ကြီး မြတ်သောသူ ဖြစ်တော်မူ၏။ အကြောင်းမူကား၊ သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင်သင့်ကို ငါဖြစ်ဖွားစေပြီးဟူ၍၎င်း၊ [B] ငါသည်သူ၏ အဘဖြစ်မည်၊ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်ဟူ၍၎င်း၊ [C] အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူသနည်း။


သားတော်ကို ကောင်းကင်တမန်များ ကိုးကွယ်စေ

တနည်းကား၊ သားဦးကိုဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင်တမန် အပေါင်းတို့သည်၊ ထိုသူကို ပြပ်ဝပ်ကိုးကွယ်ကြစေ၊ ဟုလာသတည်း။ [D] တနည်းကား၊ မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူထသော၊ [E]ဟုကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။ သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့် စီရင်သောနိုင်ငံ ဖြစ်ပါ၏။ ကိုယ်တော်သည်​ ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍၊ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့်၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည်၊ ကိုယ်တော်၏ အပေါင်းအဖေါ်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီ၊ ဟုလာသတည်း။ [F]


သားတော်သည် ကောင်းကင်တမန်မဟုတ် သူတို့ထက်ကြီး
CROSS REFERENCES





CROSS REFERENCES






၁၀ တဖန်ကျမ်းစာလာသည်ကား၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်ကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။ ၁၁ ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်း ရှိကြသော်လည်း၊ ၁၂ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ၊၊ ဟုလာသတည်း။ [G] ၁၃ ထိုမှတပါး၊ သင်၏ရန်သူတို့ကို သင်၏​ခြေတင်ရာ ငါမချမထားမှီတိုင်အောင်၊ ငါ့လက်ျာဘက်၌ ထိုင်နေလော့၊ ဟု [H] အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူဘူးသနည်း။ ၁၄ ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံ [I]လတံ့သောသူတို့ကို ပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံ ဝိညာဉ်ဖြစ်ကြသည် မဟုတ်လော။

_________________________
Footnotes


(a) λαλήσας ကိုမြန်မာကျမ်းစာအုပ်၌ "ဗျာဒိတ်ပေး" ဟုရေးထားသည်။ ထိုအရာသည် "စကားပြော" ဟုအဓိပ္ပါယ်ရပါသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.