-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၁


ဗျာဒိတ်ကျမ်း ဖတ်ရွတ်နားထောင်သူမင်္ဂလာရှိ
CROSS REFERENCES






ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်၊ မိမိအစေခံ​ကျွန် [A]တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော၊ ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံ​ကျွန် ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။ ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်၊ ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို၊ မြင်သမျှအတိုင်း သက်သေခံ၏။ ကာလအချိန် ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိ ကျမ်းစကားကို ကြည့်ရှုဖတ်ရွတ်နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။


ယောဟန်က အသင်းတော်များထံနှုတ်ဆက်
CROSS REFERENCES






ငါယောဟန်သည်၊ အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ဘုရားသခင့် အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါးအထံက၎င်း၊ သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ် အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော်။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍၊ မိမိခမည်းတော် ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ [B] ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။


ယေရှုကြွလာသည်ကိုမြင်ကြမည်
CROSS REFERENCES






ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။ မြေကြီးသား အမျိုးမျိုး ရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်း ရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။ ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏၊၊ ဟုအနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် [C]မိန့်တော်မူ၏။


ယောဟန်ကို အသင်းတော်များထံစာရေးခိုင်း

ယေရှုခရစ်၏ ဆင်းရဲခြင်း ဒုက္ခမှစ၍ နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဖော်အဖက်၊ သင်တို့အစ်ကို ငါယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့်၊ ယေရှုခရစ်၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မု​ကျွန်းမှာ နေရစဉ်တွင်၊ ၁၀ သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍၊ တံပိုးခရာအသံကဲ့သို့ ငါ့နောက်၌ မြည်သောအသံကြီးကို ကြား၏။ ၁၁ မြည်သောအချက်ဟူမူကား၊ သင်သည်မြင်သောအရာကို စာစောင်၌ ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော် ခုနစ်ပါးထံသို့ ပေးလိုက်လော့၊ ဟုဆိုသတည်း။


ယောဟန်ကယေရှုကို ဘုန်းတော်နှင့်မြင်
CROSS REFERENCES






၁၂ ထိုသို့ငါနှင့်စကားပြော၍၊ အသံမြည်သောသူကို၊ မြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနစ်လုံးကို၎င်း၊ ၁၃ ထိုမီးခွက်ခုနစ်လုံးအလယ်၌၊ လူသားတော်နှင့်တူသော သူတစ်ဦးကို၎င်း၊ မြင်၏။ ထိုသူသည်​ ခြေသို့တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ၁၄ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသောသိုးမွေးကဲ့သို့၎င်း၊ မိုးပွင့်ကဲ့သို့၎င်း၊ ဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ၁၅ ​ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ​ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒ​ရာသံကဲ့ဖြစ်၏။ ၁၆ လက်ယာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။ [D]


ယောဟန်ကယေရှုမြင်၍ သေမတတ်ကြောက်

၁၇ ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည် လက်ယာလက်တော်ကို ငါ့အပေါ်သို့တင်လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ ၁၈ အသက်ရှင်သောသူလည်း ဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက် အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။ ၁၉ ထိုကြောင့်၊ သင်သည်မြင်ပြီးသော အရာတို့ကို၎င်း၊ ယခုရှိသောအရာတို့ကို၎င်း၊ နောင်ဖြစ်လတံ့သော အရာတို့ကို၎င်း၊ ရေးထားလော့။ ၂၀ ငါ့လက်ယာ လက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့်၊ ရွှေမီးခွက်ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း၊ ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သော တမန်ဖြစ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.