-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၅


အာဒံမှဆင်းသက်သော သားစဉ်မြေးဆက်များ


အာဒံ ၉၃၀ နှစ် အသက်ရှင်
CROSS REFERENCES






အာဒံ၏ သားစဉ်မြေးဆက် စာရင်းဟူမူကား၊ လူကို ဖန်ဆင်းတော်မူသော ကာလ၌ ၊ မိမိပုံသဏ္ဍာန်နှင့်အညီ၊ ဘုရားသခင်ဖန် ဆင်းတော်မူ၏။ [A] လူယောကျ်ား လူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း၊ သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။ အာဒံသည် အသက် တစ်ရာသုံးဆယ်ရှိသော်၊ မိမိပုံသဏ္ဍာန်နှင့်တညီ တသဏ္ဍာန်တည်း၊ သားကိုမြင်ရ၍၊ ရှေသအမည်ဖြင့်မှည့်လေ၏။ ရှေသကို ဖွားမြင်သောနောက် အာဒံသည်၊ အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော်သေလေ၏။


ရှေသ ၉၁၂ နှစ် အသက်ရှင်

ရှေသသည် အသက် တစ်ရာငါးနှစ်ရှိသော်၊ သား ဧနုတ် ကိုမြင်လေ၏။ ဧနုတ်ဖွားမြင်သောနောက်၊ ရှေသသည်အနှစ် ရှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ရှေသသည် အသက်နှစ်ပေါင်း ကိုးရာတစ်ဆယ်နှစ်နှစ် စေ့သော် သေလေ၏။


ဧနုတ် ၉၀၅ နှစ် အသက်ရှင်

ဧနုတ်သည် အသက် ကိုးဆယ်ရှိသော်၊ သား ကာဣနန်ကို မြင်လေ၏။ ၁၀ ကာဣနန် ဖွားမြင်သောနောက်၊ ဧနုတ်သည် အနှစ် ရှစ်ရာတစ်ဆယ်ငါးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၁ ဧနုတ်သည် အသက်နှစ်ပေါင်း ကိုးရာငါးနှစ် စေ့သော်သေလေ၏။


ကာဣနန် ၉၁၀ နှစ် အသက်ရှင်

၁၂ ကာဣနန်သည် အသက် ခုနစ်ဆယ်ရှိသော်၊ သား မဟာလေလ ကိုမြင်လေ၏။ ၁၃ မဟာလေလ ဖွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၄ ကာဣနန်သည်၊ အသက်နှစ်ပေါင်း ကိုးရာတစ်ဆယ် စေ့သော်သေလေ၏။


မဟာလေလ ၈၉၅ နှစ် အသက်ရှင်

၁၅ မဟာလေလသည် အသက် ​ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သားယာရက်ကို မြင်လေ၏။ ၁၆ ယာရက်ဖွားမြင်သော နောက်၊ မဟာလေလသည်၊ အနှစ်ရှစ်ရာသုံးဆယ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၇ မဟာလေလသည် အသက် နှစ်ပေါင်းရှစ်ရာကိုးဆယ်ငါးနှစ် စေ့သော်သေလေ၏။


ယာရက် ၉၆၂ နှစ် အသက်ရှင်

၁၈ ယာရက်သည်၊ အသက် တစ်ရာ​ခြောက်ဆယ်နှစ်နှစ်ရှိသော်၊ သား ဧနောက် ကိုမြင်လေ၏။ ၁၉ ဧနောက် ဖွားမြင်သောနောက်၊ ယာရက်သည် အနှစ်ရှစ်ရာအသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၀ ယာရက်သည် အသက်နှစ်ပေါင်း ကိုးရာ​ခြောက်ဆယ်နှစ်နှစ် စေ့သော်သေလေ၏။


ဧနောက် ၃၆၅ နှစ် အသက်ရှင်
CROSS REFERENCES






၂၁ ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော်၊ သားမသုရှလကို မြင်လေ၏။ ၂၂ မသုရှလ ဖွားမြင်သောနောက်၊ ဧနောက်သည် အနှစ်သုံးရာပတ်လုံး၊ ဘုရားသခင်နှင့် အတူသွားလာ၍၊ သားသမီးများကို မြင်လေ၏။ ၂၃ ဧနောက်အသက် နှစ်ပေါင်းသုံးရာ​ခြောက်ဆယ်ငါးနှစ်တည်း။ ၂၄ ဧနောက်သည် ဘုရားသခင်နှင့် အတူသွားလာ၏။ [A] နောက်တဖန်သူ သည်မရှိ။ အကြောင်းမူကား၊ ဘုရားသခင် သိမ်းယူတော်မူသော ကြောင့်တည်း။


မသုရှလ ၉၆၉ နှစ် အသက်ရှင်

၂၅ မသုရှလသည် အသက်တစ်ရာ ရှစ်ဆယ်ခုနစ်နှစ်ရှိသော်၊ သားလာမက်ကို မြင်လေ၏။ ၂၆ လာမက်ဖွားမြင်သောနောက် မသုရှလသည် အနှစ်ခုနစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၇ မသုရှလသည် အသက်နှစ်ပေါင်း ကိုးရာ​ခြောက်ဆယ်ကိုးနှစ် စေ့သော်သေလေ၏။


လာမက် ၇၇၇ နှစ်အသက်

၂၈ လာမက်သည် အသက် တစ်ရာရှစ်ဆယ်နှစ်နှစ် ရှိသော်သားကိုမြင်၍၊ ၂၉ ဤသူသည်ကား၊ ထာဝရဘုရား ကျိန်တော်မူသောမြေ၌ လုပ်၍ပင်ပန်းစွာခံရသော ငါတို့အား၊ သက်သာစေသောသူ ဖြစ်လိမ့်မည်ဟူ၍၊ သူ့ကို နောဧ ဟူသောအမည်ဖြင့် မှည့်လေ၏။ ၃၀ နောဧဖွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၃၁ လာမက်သည် အသက်နှစ်ပေါင်း ခုနစ်ရာခုနစ်ဆယ်ခုနစ်နှစ် စေ့သော်သေလေ၏။ ၃၂ နောဧသည်အသက် ငါးရာရှိ၏။ နောဧ သားကား ရှေမ၊ ဟာမ၊ ယာဖက်တည်း။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.