-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၁


အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလများ

မိမိတို့ အိမ်သူအိမ်သားပါလျက်၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်လာသော ဣသရေလသားတို့၏ အမည်ဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။ ယာကုပ်အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည် အဲဂုတ္တုပြည်၌ ရှိနှင့်သတည်း။ ယောသပ်နှင့် အစ်ကိုများမှစ၍၊ ထိုကာလအမျိုးသားအပေါင်းတို့သည် သေကြကုန်၏။ ဣသရေလ အမျိုးသားတို့သည် သားကိုဖွား၍ အလွန်တိုးပွား များပြားသဖြင့်၊ အလွန်အားကြီး၍ တပြည်လုံး နှံ့ပြားကြလေ၏။


ဣသရေလများ နှိပ်စက်ညှဉ်းဆဲ

ထိုနောက်မှ အဲဂုတ္တုပြည်၌ ယောသပ်ကို မသိသော ရှင်ဘုရင်သစ်ပေါ်လာ၏။ ထိုရှင်ဘုရင်ကလည်း၊ ဣသရေလ အမျိုးသားတို့သည် ငါတို့ထက်သာ၍ များကြ၏။ သာ၍အားကြီးကြ၏။ ၁၀ လာကြ၊ သူတို့ကို လိမ္မာစွာပြုကြစို့။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။ နောက်တစ်ခါ စစ်မှုရောက်လျှင် ငါတို့ရန်သူဘက်သို့ ဝင်စား၍၊ ငါတို့ကိုတိုက်သဖြင့်၊ ပြည်တော်ထဲက ထွက်သွားကြလိမ့်မည်၊ ဟုမိမိလူတို့အားဆိုလေ၏။ ၁၁ ထိုကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက်ညှဉ်းဆဲစေခြင်းငှာ အအုပ်ချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဖို့၊ ပိသုံမြို့နှင့်ရာမသက်မြို့ (Pithom and Raamses) ကိုတည်ဆောက်ရကြ၏။ ၁၂ သို့သော်လည်း၊ နှိပ်စက်ခြင်းကို ခံရသည်အတိုင်း၊ တိုးပွားများပြားလျက်ရှိကြ၏။ သူတို့ကြောင့် အဲဂုတ္တုလူတို့သည် စိတ်ညစ်၍၊ ၁၃ အလွန်ကြမ်းတမ်းစွာ ညှဉ်းဆဲကြ၏။ ၁၄ သရွတ်နှင့်အုတ်လုပ်သောအမှု၊ လယ်လုပ်သောအမှု အမျိုးမျိုး၌ ခဲယဉ်းစွာစေခိုင်း၍၊ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌လည်း ခဲယဉ်းစွာစေခိုင်းကြ၏။


ဖာရောဘုရင်က ကလေးများသတ်ခိုင်း
CROSS REFERENCES






၁၅ ရှိဖရနှင့်ပုအာ (Shiphrah and Puah) အမည်ရှိသော ဟေဗြဲဝမ်းဆွဲမတို့ကို၊ အဲဂုတ္တုရှင်ဘုရင်က၊ ၁၆ သင်တို့သည်၊ ဟေဗြဲမိန်းမတို့အား ဝမ်းဆွဲလုပ်၍ မွေးရာအရပ်၌ စောင့်နေသောအခါ၊ ယောကျ်ားဖြစ်လျှင်သေစေ၊ မိန်းမဖြစ်လျှင် အသက်ရှင်စေ၊ ဟုအမိန့်တော်ရှိ၏။ ၁၇ ၀မ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့၍၊ [A] အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်း မပြု၊ ယောကျ်ားတို့ကို အသက်ချမ်းသာပေးကြ၏။ ၁၈ အဲဂုတ္တု ရှင်ဘုရင်သည်လည်း၊ ဝမ်းဆွဲမတို့ကိုခေါ်၍ သင်တို့သည်၊ အဘယ်ကြောင့် ဤသို့ပြုသနည်း။ ယောကျ်ားတို့ကို အဘယ်ကြောင့် အသက်ချမ်းသာ ပေးသနည်း၊ ဟုမေးစစ်သော်၊ ၁၉ ၀မ်းဆွဲမတို့က၊ ဟေဗြဲမိန်းမတို့သည်၊ အဲဂုတ္တုမိန်းမကဲ့သို့ မဟုတ်၊ သန်စွမ်းသောကြောင့်၊ ဝမ်းဆွဲမရောက်မှီ သားကိုဖွားတတ်ကြ၏၊ ဟုပြန်လျှောက်လေ၏။ ၂၀ ထိုကြောင့် ဘုရားသခင်သည်၊ ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ၏။ ထိုလူအမျိုးသည်လည်း များပြား၍ အလွန်အားကြီးကြလေ၏။ ၂၁ ဝမ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ သူတို့ အိမ်သူအိမ်သားများကို ပြုစုတော်မူ၏။ ၂၂ ဖာရောဘုရင်ကလည်း၊ ဣသရေလ အမျိုးသားတို့တွင်၊ ဖွားမြင်သော သူငယ်ယောက်ျား အပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ။ မိန်းမကိုမူကား အသက်ရှင်စေ၊ ဟုမိမိလူအပေါင်းတို့ကို မှာထားတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.