-
AA
+
🡀
|
🡂
ဖိလိပ္ပိ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဖိလိပ္ပိ ဩဝါဒစာ
အခန်းကြီး ၁


ပေါလု၏နှုတ်ခွန်းဆက်စကား
CROSS REFERENCES






ယေရှုခရစ်၏ကျွန် [A] ဖြစ်သော ပေါလုနှင့် တိမောသေသည်၊ ဖိလိပ္ပိမြို့၌ ရှိသောသင်းအုပ်တို့နှင့် သင်းထောက်တို့မှစ၍၊ ယေရှုခရစ်၏ သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော်။


ပေါလုဖိလိပ္ပိအသင်းသားများအတွက် ဆုတောင်း
CROSS REFERENCES






ငါသည် ဆုတောင်းပဌနာ ပြုသောအခါခါ၊ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကို၊ အစဉ်ဆုတောင်း ပဌနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊ သင်တို့သည် ရှေ့ဦးစွာသော နေ့ရက်မှစ၍၊ ယခုတိုင်အောင် ဧဝံဂေလိတရားကို ဆက်ဆံ၍၊ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ [B] သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မှုသောသူသည်၊ ယေရှုခရစ်၏ နေ့ရက်တိုင်အောင် ပြီးစီးလျက်၊ ပြုတော်မူမည်၊ ဟုငါသဘောကျ၏။ ရှိသမျှသောသင်တို့၏ အမှုအရာ၌၊ ဤသို့ငါယူအပ်၏။ အကြောင်းမူကား၊ ငါခံရသော ကျေးဇူးတော်ကို၊ သင်တို့အပေါင်းသည် ဆက်ဆံကြသည်ဖြစ်၍၊ ငါသည် အကျဉ်းခံရသော်၎င်း၊ ဧဝံဂေလိတရားဘက်၌ သက်သေခံ၍၊ ထိုတရားကို တည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။ ငါသည် သင်တို့အပေါင်းကို၊ ယေရှုခရစ်၏ မေတ္တာကရုဏာနှင့် အဘယ်မျှလောက် လွမ်းသည်၊၊ ဟုဘုရားသခင်သည် ငါ့သက်သေဖြစ်တော်မူ၏။


ပေါလုဆုတောင်းပေးသော အချက်များ

ငါသည် အဘယ်သို့ဆုတောင်းသနည်း ဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို၊ ပိုင်ခြားစေခြင်းငှါ ဥာဏ်ပညာ အမျိုးမျိုးရှိလျက်၊ ၁၀ မေတ္တာပါရမီတိုးပွါး၍ ပြည့်စုံမည်အကြောင်းကို ၎င်း၊ ၁၁ ယေရှုခရစ်အားဖြင့် ဘုရားသခင် ၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော၊ ဖြောင့်မတ်ခြင်းအကျင့်နှင့် သင်တို့သည်ပြည့်စုံ၍၊ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက် ရှိမည်အကြောင်းကို၎င်း၊ ငါဆုတောင်းပဌနာပြု၏။


ပေါလုအကျဉ်းခံသောကြောင့် ဧဝံဂေလိမမြစ်တား

၁၂ ညီအစ်ကိုတို့၊ ငါ၌ ရောက်သောအမှုအရာတို့သည်၊ ဧဝံဂေလိတရားကို မမြစ်တားသည် သာမက၊ ပြုစုရာဖြစ်သည်၊ ဟုသင်တို့သိစေခြင်းငှါ ငါအလိုရှိ၏။ ၁၃ ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့်၊ ငါခံရသော ချည်နှောင်ခြင်းအမှုအရာသည်၊ နန်းတော်၌ အနှံ့အပြားထင်ရှားသည်သာမက၊ ခပ်သိမ်းသောအရပ်၌ ထင်ရှား၏။ ၁၄ သခင်ဘုရား၌ ညီအစ်ကိုအများတို့သည်၊ ငါခံရသော ချည်နှောင်ခြင်းကြောင့်၊ ယုံမှားသောစိတ်နှင့် ကင်းလွတ်၍၊ ကြောက်ရွံ့ခြင်း မရှိဘဲ၊ နှုတ်ကပတ် တရားတော်ကို၊ သာ၍ ဟောပြောဝံ့ကြ၏။


ခရစ်တော်၏ တရားဟောသောကြောင့် ဝမ်းမြောက်

၁၅ လူအချို့တို့သည် ငြူစူရန်တွေ့ချင်သော သဘောနှင့်၊ ခရစ်တော်၏တရားကို ဟောပြောကြ၏။ အချို့တို့သည် စေတနာစိတ်နှင့် ဟောပြောကြ၏။ ၁၆ ငါသည် ဧဝံဂေလိတရားကို ထောက်မဘို့ရာ၊ ခန့်ထားသောသူ ဖြစ်ကြောင်းကို၊ ဤသူတို့သည်သိ၍၊ ခရစ်တော်၏တရားကို၊ မေတ္တာစိတ်နှင့် ဟောပြောကြ၏။ ၁၇ ထိုသူတို့သည် ကြည်ဖြူသော စိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင်၊ သာ၍ဆင်းရဲစေမည်၊ ဟုအကြံရှိ၍၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ၏။ ၁၈ သို့ဖြစ်၍အဘယ်သို့နည်း။ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။


ပေါလုအသက်ရှင်ဘို့နှင့် သေဘို့မရွေးတတ်
CROSS REFERENCES






၁၉ အဘယ်သို့နည်းဟူမူကား၊ ငါသည် အလျှင်းရှက်ကြောက်ခြင်း မရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်သည်၊ အစဉ်မပြတ်ဂုဏ်အသရေ ထင်ရှားတော်မူသကဲ့သို့၊ ၂၀ ယခုပင်ထင်ရှားတော်မူမည်၊၊ ဟုငါမြော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ၊ သင်တို့ဆုတောင်းသဖြင့်၎င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်၎င်း၊ ဤအကြောင်းအရာသည်၊ ငါ့ကိုကယ်တင်သော အကြောင်းအရာဖြစ်မည်၊ ဟုငါသိ၏။ ၂၁ ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။ [C] ၂၂ ဤကိုယ်ခန္ဓာ၌ ငါသည် အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား၊ ထိုသို့သောအကျိုးဖြစ်၏။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်၊ ဟုငါမသိ။ ၂၃ ထိုအကျိုးနှစ်ပါး၏ အကြား၊ ငါသည်ယခုကျဉ်းမြောင်း စွာနေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူ နေခြင်းငှါ၊ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန်ထူးမြတ်သော အကျိုးဖြစ်၏။ ၂၄ သို့သော်လည်း ကိုယ်ခန္ဓာ၌ နေရလျှင်၊ သင်တို့၌သာ၍ အကျိုးရှိလိမ့်မည်။ ၂၅ ထိုသို့ရှိလိမ့်မည်၊ ဟုယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့ ငါတဖန် ရောက်လာသောအားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု၍၊ ငါ့အတွက်ကြောင့်သာ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိ စေခြင်းငှါ၊ ၂၆ သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွါးဝမ်း မြောက်မည်အကြောင်း၊ ငါသည်ကိုယ်ခန္ဓာ၌နေ၍၊ သင်တို့ရှိသမျှနှင့် ပေါင်းဖေါ်ရမည်၊ ဟုငါသိ၏။


ဆင်းရဲခံခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့်ရကြ၏

၂၇ သင်တို့သည် ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့မတုန်လှုပ်ဘဲ၊ တပါးတည်းသော စိတ်ဝိညာဉ်၌ တည်၍၊ ဧဝံဂေလိတရားနှင့် ဆိုင်သော ယုံကြည်ခြင်းအဘို့ အလိုငှါ၊ တညီတညွတ်တည်း ကြိုးစားအားထုတ်ကြသည် အကြောင်းအရာကို၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည်ဖြစ်စေ၊ ကွာလျက်နေသည်ဖြစ်စေ၊ ငါကြားသိရပါမည်အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက်၊ ဝတ်ကြီးဝတ်ငယ်များကိုပြု၍ သာနေကြလော့။ ၂၈ ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့ မတုန်လှုပ်သော အကြောင်းအရာသည်၊ သူတို့၌ ပျက်စီးခြင်း၏ နိမိတ်လက္ခဏာဖြစ်၏။ ဘုရားသခင် စီရင်တော်မူသောအားဖြင့် သင်တို့၌ကား၊ ကယ်တင်ခြင်း၏ နိမိတ်လက္ခဏာဖြစ်၏။ ၂၉ အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်း၊ ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတပါး၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံခြင်းအခွင့်ကို၊ ကျေးဇူးတော်အားဖြင့် ရကြ၏။ [‌D]



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.