-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၁၇


ဘုရားက အာဗြံနှင့် ပဋိညာဉ်ပြုပြီး နာမည်ထပ်ဖြည့်
CROSS REFERENCES





CROSS REFERENCES






ထို့နောက်၊ အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ် ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအား ထင်ရှားတော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ [A] ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။ [B] ငါ၏ ပဋိညာဉ်ကို သင်နှင့်ငါပြုမည်။ သင့်ကို ငါအလွန်များပြားစေမည်၊ ဟုမိန့်တော်မူ၏။ အာဗြံသည်လည်း ပြပ်ဝပ်လျှင်၊ ဘုရားသခင်က၊ ငါပြုသောပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏အဘ ဖြစ်လိမ့်မည်။ နောက်တဖန် သင်၏အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြံဟံ ဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသောလူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။ ငါသည် သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည် ၊ ဟုသင်နှင့် သင်၏အမျိုးအနွယ် အစဉ်အဆက်တို့၌ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည်။ သင်သည် ယခုဧည့်သည်ဖြစ်၍ နေသောပြည်တည်းဟူသော၊ ခါနာန်ပြည်တလျှောက်လုံးကို သင့်အား၎င်း၊ သင့်နောက်၌ သင်၏အမျိုးအနွယ်အား၎င်း၊ အစဉ်အမြဲအပိုင်ပေးမည်။ သူတို့၏ဘုရားလည်း ငါဖြစ်မည်၊ ဟုမိန့်မြွက်တော်မူ၏။


အာဗြဟံအား အရေဖျားလှီး မင်္ဂလာခံစေ
CROSS REFERENCES






တဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ်ကို စောင့်ရှောက်ရကြမည်။ ၁၀ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် ယောကျ်ားတိုင်း အရေဖျားလှီးမင်္ဂလာ [C]ကို ခံရမည်။ ၁၁ အရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာသက်သေ ဖြစ်ရလိမ့်မည်။ ၁၂ သင်တို့အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ ဖွားသောသူဖြစ်စေ၊ ကိုယ်အမျိုးမဟုတ်၊ တပါးအမျိုးသား၌ ငွေနှင့်ဝယ်သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီးမင်္ဂလာကိုခံရမည်။ ၁၃ ကိုယ်အိမ်၌ ဖွားသောသူ၊ ကိုယ်ငွေနှင့်ဝယ်သောသူသည်၊ အရေဖျားလှီးမင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။ ၁၄ အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကို မခံသောသားယောကျ်ားကို သူ၏အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကိုဖျက်လေပြီဟု အာဗြဟံအားမိန့်တော်မူ၏။


စာရာသည် သားဣဇာက်ကို မွေး၍ပဋိညာဉ်ကို တည်စေမည်

၁၅ တဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကိုမူကား၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ။ စာရာ ဟူသောအမည်ဖြင့် ခေါ်ရ၏။ ၁၆ သူ့ကိုငါကောင်းကြီးပေး၍၊ သူ့အားဖြင့်လည်း သင်အားသားကိုပေးမည်။ အကယ်စင်စစ် သူ့ကိုကောင်းကြီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း၊ အပြည်ပြည်သောရှင်ဘုရင် ဖြစ်ရကြလိမ့်မည်၊ ဟုအာဗြဟံအား မိန့်တော်မူ၏။ ၁၇ ထိုအခါ အာဗြဟံသည်ပြပ်ဝပ်လျက်၊ အသက်တစ်ရာ ရှိသောသူသည် သားကိုရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည်သားကို ဖွားလိမ့်မည်လော ဟုရယ်လျက်၊ စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်၊ ၁၈ ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေသော်၊ ဟုဘုရားသခင်ကို လျှောက်သောအခါ၊ ၁၉ ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကို ဖွားလိမ့်မည်။ ထိုသားကိုလည်း ဣဇက်အမည်ဖြင့် မှည့်ရမည်။ သူ၌၎င်း၊ သူ့နောက်မှ သူ၏အမျိုးအနွယ်၌၎င်း၊ ငါ၏ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။ ၂၀ ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကိုငါကောင်းကြီးပေး၏။ သူ့အနွယ်ကို တိုးပွါးစေ၍ သူ့ကိုအလွန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှါလည်း ငါပြုမည်။ ၂၁ သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဖွားလတံ့သော သားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်၊ ဟုမိန့်တော်မူပြီးလျှင်၊ ၂၂ မိန့်မြွက်တော်မူသံငြိမ်း၍၊ ဘုရားသခင်သည် အာဗြဟံထံမှ တက်ကြွတော်မူ၏။


အာဗြဟံနှင့် သားဣရှမေလ အရေဖျားလှီး
CROSS REFERENCES






၂၃ အာဗြဟံသည်လည်း၊ သားဣရှမေလမှစ၍၊ ကိုယ်အိမ်၌ ဖွားသောသူအပေါင်း၊ ကိုယ်ငွေနှင့်ဝယ်သောသူ အပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောကျ်ား အပေါင်းတို့ကိုယူ၍၊ ဘုရားသခင် မိန့်တော်မူသည်အတိုင်း၊ တစ်နေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို [B]ပေးလေ၏။ ၂၄ အာဗြဟံသည် ကိုယ်တိုင် အရေဖျားလှီးမင်္ဂလာကို ခံသောအခါ၊ အသက်ကိုးဆယ့်ကိုးနှစ်ရှိ၏။ ၂၅ သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကို ခံသောအခါ၊ အသက်တစ်ဆယ့်သုံးနှစ်ရှိ၏။ ၂၆ တစ်နေ့ခြင်းတွင် အာဗြဟံနှင့် သားဣရှမေလသည် အရေဖျားလှီးမင်္ဂလာကို ခံလေ၏။ ၂၇ သူ၏အိမ်၌ ဖွားသောသူ၊ တပါးအမျိုးသား၌ သူ၏ ငွေနှင့်ဝယ်သောသူ၊ သူ၏အိမ်နှင့်ဆိုင်သော ယောကျ်ားအပေါင်းတို့သည်၊ သူနှင့်အတူ အရေဖျားလှီးမင်္ဂလာကို ခံကြလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.