-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၄၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၄၂

ယာကုပ်သားများ အဲဂုတ္တုပြည်သို့သွား

အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ယာကုပ်ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု၍ နေကြသနည်း။ အဲဂုတ္တုပြည်စပါးရှိကြောင်းကို ငါကြားသိရပြီ။ ငါတို့သည် မသေ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့ သွား၍ ငါတို့အဖို့ကို ဝယ်ကြလော့၊ ဟုမိမိသားတို့အား ဆိုသည်အတိုင်း၊ ယောသပ်၏အစ်ကို တစ်ကျိပ်တို့သည် စပါးကိုဝယ်ခြင်းငှာ အဲဂုတ္တုပြည်သို့ သွားကြ၏။ ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့်အတူ ယာကုပ်သည် မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ ဘေးရောက်ကောင်းရောက်လိမ့်မည်၊ ဟုစိုးရိမ်သတည်း။


ယောသပ်ကို အစ်ကိုများက ဦးညွတ်ချကြ

ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသောကြောင့်၊ အဲဂုတ္တုပြည်သို့ ရောက်လာသောသူတို့တွင်၊ ဣသရေလသားတို့သည် စပါးကို ဝယ်ခြင်းငှာ လာကြ၏။ ယောသပ်သည် နိုင်ငံအုပ်ဖြစ်၍ ပြည်သားအပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယောသပ်အစ်ကိုတို့သည် လာ၍ သူ့ရှေ့မှာ ဦးညွတ်ချကြ၏။ ယောသပ်သည် အစ်ကိုတို့ကို မြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာပြောဆိုလျက်၊ သင်တို့သည် အဘယ်ကလာကြသနည်း ဟုမေး၏။ သူတို့ကလည်း၊ အစာကို ဝယ်ခြင်းငှာ ခါနာန်ပြည်က လာကြပါသည်၊ ဟုလျှောက်ကြ၏။ ယောသပ်သည် အစ်ကိုတို့ကို သိသော်လည်း၊ သူတို့သည် ယောသပ်ကိုမသိကြ။


ယောသပ် အစ်ကိုတို့ကို သူလျှို ဟုစွပ်စွဲ

ယောသပ်သည် သူတို့အကြောင်းနှင့် မြင်ရသောအိမ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည် သူလျှိုဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုလျှင်၊ ၁၀ သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့သည် အစာကိုဝယ်ခြင်းငှာသာ လာကြပါ၏။ ၁၁ ​ကျွန်တော်တို့သည် တစ်ယောက်တည်းသောသူ၏သား ဖြစ်ကြပါ၏။ ​ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါ ဟုလျှောက်ကြ၏။ ၁၂ ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုပြန်၏။ ၁၃ သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန်ပြည်၌ တစ်ယောက်တည်းသောသူ၏သား၊ ညီအစ်ကို တစ်ကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ၏။ တစ်ယောက်ကား မရှိပါ၊ ဟုလျှောက်ပြန်လျှင်၊


ယောသပ်က ဗင်္ယာမိန်ကို ခေါ်ခိုင်း
CROSS REFERENCES






၁၄ ယောသပ်က၊ သင်တို့သည် သူလျှိုဖြစ်ကြ၏ ၊ ဟုငါဆိုသည်အရာမှာ၊ ၁၅ သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည်၊ ဤအရပ်မှ မထွက်မသွားရ။ ၁၆ သင်တို့စကား၊ မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှာ၊ သင်တို့တွင် တစ်ယောက်သောသူကို စေလွှတ်၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာချထားမည်။ သို့မဟုတ် ဖာရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှိုဖြစ်ကြ၏ ဟုဆိုပြီးလျှင်၊ ၁၇ အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။ ၁၈ သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူ ဖြစ်၏။ [A] သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေခြင်းငှာ ပြုရသောအမှုဟူမူကား၊ ၁၉ သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက် နေစေပြီးလျှင်၊ ကြွင်းသောသူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍ သွားကြလော့။ ၂၀ အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့စကား မှန်လိမ့်မည်။ သင်တို့အသက်လည်း ချမ်းသာရလိမ့်မည်၊ ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။


ယောသပ်အစ်ကိုများ မိမိတို့အပြစ်ကို ပြန်သတိရကြ

၂၁ ထိုအခါ သူတို့အချင်းချင်း ဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကို တောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲခြင်းကို ငါတို့သည်မြင်လျက်နှင့် နားမထောင်ဘဲနေကြ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီ ၊ ဟုတစ်ယောက်ကိုတစ်ယောက် ပြောဆိုကြ၏။ ၂၂ ရုဗင်ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်၊ ဟု​ကျွန်ုပ်ဆိုသည် မဟုတ်လော။ သင်တို့သည် နားမထောင်ဘဲ နေကြသောကြောင့်၊ သူ၏အသွေးအတွက် ယခုအစစ်ခံရကြသည်၊ ဟုပြန်၍ဆို၏။ ၂၃ ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယောသပ်နားလည်သည်၊ ဟုသူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့် သူတို့ကို ပြောတတ်သောကြောင့်တည်း။ ၂၄ ထိုအခါ ယောသပ်သည် သူတို့ထံမှ ခဏခွာ၍ ငိုလေ၏။ တဖန်လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင်ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင်ချည်နှောင်လေ၏။ ၂၅ ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေခြင်းငှာ၎င်း၊ လမ်းခရီး၌ စားစရိတ်ကို ပေးစေခြင်းငှာ၎င်း၊ စီရင်၍ ထိုသို့လျှင် သူတို့၌ ပြုလေ၏။


ရှိမောင်ကိုချုပ်ထား၍ ကျန်သောအစ်ကိုများကိုပြန်စေ

၂၆ သူတို့သည်လည်း မြည်းများအပေါ်၌ စပါးကိုတင်၍ ထွက်သွားကြ၏။ ၂၇ စခန်းသို့ရောက်သောအခါ၊ တစ်ယောက်သောသူသည်မြည်းကို အစာ​ကျွေးခြင်းငှာ မိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသောငွေကို မြင်လေ၏။ ၂၈ ညီအစ်ကိုတို့အားလည်း ​ကျွန်ုပ်ငွေကို ပြန်ထားပြီ။ ကြည့်ပါ အိတ်ထဲမှာရှိသည်၊ ဟုဆိုသော်၊ သူတို့သည် စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ ဘုရားသခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ်ပါလိမ့်မည်နည်း၊ ဟုတစ်ယောက်ကိုတစ်ယောက် ဆိုကြ၏။


ယာကုပ်သားများ အဘထံ အဖြစ်အပျက်များပြော

၂၉ ခါနာန်ပြည် အဘယာကုပ်ထံသို့ ရောက်လျှင်၊ မိမိတို့၌ ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊ ၃၀ ထိုပြည်ကို အုပ်စိုးသောသူသည် ကြမ်းတမ်းစွာပြောလျက် ​ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူ ဟူ၍မှတ်လေ၏။ ၃၁ ​ကျွန်ုပ်တို့ကလည်း၊ ​ကျွန်တော်တို့သည် ဖြောင့်မတ်သောသူဖြစ်ကြပါ၏၊ သူလျှိုမဟုတ်ပါ။ ၃၂ တစ်ဘတည်းသား၊ ညီအစ်ကိုချင်း တစ်ကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ တစ်ယောက်ကား မရှိပါ။ အငယ်ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ရှိရစ်ပါ၏၊ ဟုလျှောက်သောအခါ။ ၃၃ ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူ မှန်သည်ကို အဘယ်သို့ ငါသိနိုင်မည်နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ငါ့ထံ၌ ထားရစ်ကြလော့။ သင်တို့ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကို ယူ၍သွားကြလော့။ ၃၄ အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ်၊ ​ဖြောင့်မတ်သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ ညီအစ်ကိုကိုလည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖောက်ကားရောင်းဝယ်ရမည်၊ ဟုဆိုကြောင်းကို ကြားပြောကြပြီးမှ၊ ၃၅ မိမိတို့အိတ်များထဲက စပါးကိုထုတ်သောအခါ၊ အသီးအသီး ဆိုင်သောငွေထုတ်တို့သည် မိမိတို့အိတ်၌ ရှိကြ၏။ ငွေထုတ်များကို သူတို့နှင့်အဘသည် မြင်သောအခါ ကြောက်လန့်ကြ၏။


ယာကုပ်က ဗင်္ယာမိန်ကို မလွှတ်

၃၆ အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သားတို့ကို လုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန်ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့သည် ငါနှင့်ဆန့်ကျင်ဘက် ဖြစ်သည်တကား၊ ဟုသူတို့အားဆို၏။ ၃၇ ရုဗင်ကလည်း၊ ​ကျွန်ုပ်သည် ဗင်္ယာမိန်ကိုအဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ ​ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။ သူ့ကို​ကျွန်ုပ်လက်၌ အပ်ပါ။ ​ကျွန်ုပ် တဖန်အဘထံသို့ ပြန်၍ဆောင်ခဲ့ပါမည်၊ ဟုအဘအားဆို၏။ ၃၈ အဘကလည်း၊ သင်တို့နှင့်အတူ ငါ့သားမသွားရ။ သူ၏အစ်ကိုသေပြီ။ သူသည် တစ်ယောက်တည်းကျန်ရစ်၏။ သင်တို့သွားရာ လမ်းခရီးတွင် သူ၌ ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်၊ ဟုဆိုလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.