-
AA
+
🡀
|
🡂
၁ တိမောသေ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ တိမောသေ ဩဝါဒစာ
အခန်းကြီး ၁


နှုတ်ခွန်းဆက်စကား

ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့်၊ ငါတို့မျှော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှုခရစ်၏ ပညတ်တော်အားဖြင့်၊ ထိုသခင်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊ ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိမောသေကိုကြား လိုက်ပါ၏။ ငါတို့သခင်ယေရှုခရစ်နှင့်၊ ငါတို့အဘတည်းဟူသော၊ ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်း ရှိပါစေသော်။


ပေါလုကတိမောသေကို ဧဖက်မြို့၌ နေခိုင်း
CROSS REFERENCES






ခြားနားသော အယူဝါဒသစ်ကို [A] မသွန်သင်ကြနှင့် ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့် ဟူ၍၎င်း၊ ယုံကြည်ခြင်း၌ တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်း ငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍မကုန်နိုင်သော၊ ဆွေစဉ်မျိုးဆက် စာရင်းများကို ပမာဏမပြုကြနှင့် ဟူ၍၎င်း၊ သင်သည် အချို့သောသူတို့ကို ပညတ်ထား၍၊ ဧဖက်မြို့၌ နေရစ်စေခြင်းငှာ၊ ငါသည် မာကေဒေါနိပြည်သို့ သွားသောအခါ၊ တောင်းပန်သည်အတိုင်း နေရစ်လော့။ ထိုသို့ပညတ်ထားခြင်း၏ အချုပ်အခြာမူကား၊ စင်ကြယ်သော စိတ်နှလုံးနှင့်၎င်း၊ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်ခြင်းနှင့်၎င်း၊ မှန်သော ယုံကြည်ခြင်းနှင့်၎င်း၊ စပ်ဆိုင်သော ချစ်ခြင်းမေတ္တာ ဖြစ်သတည်း။ ထိုသို့သောအကျင့်ကို လူအချို့တို့သည် အမြဲမကျင့်၊ အချည်းနှီးသော စကားပြောခြင်းသို့ လွဲသွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြောသောအရာကို နားမလည်။ အဘယ်သို့သော တရားဘက်၌ မိမိတို့ခိုင်မာစွာ နေသည်ကို မသိဘဲလျက်၊ နိဿရည်းဆရာ လုပ်ချင်ကြသည်တကား။


ပညတ်တရားကို မတရားသဖြင့် ကျင့်သူအတွက်ပေး
CROSS REFERENCES






ပညတ်တရားကို တရားသဖြင့် ကျင့်သောသူအဖို့မထား၊၊ မတရားသဖြင့် ကျင့်သောသူ၊ နားမထောင်သောသူ၊ ၁၀ ဘုရားကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊ ဘုရားတရားကို မရိုမသေပြုသောသူ၊ မိဘကို ညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ [B] မှီဝဲသောသူ၊ ယောကျ်ားချင်း မေထုန်ကိုပြုသောသူ၊ လူကိုခိုးသွားသောသူ၊ မုသာစကားကို သုံးသောသူ၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက် ဖြစ်သမျှတို့အဖို့၊ ပညတ်တရားကို ထားသည်၊ ဟုသိမှတ်၍၊ ထိုတရားကို တရားသဖြင့် သုံးသောသူ၌ ပညတ်တရားသည် အကျိုးကို ပေးတတ်သည်၊ ဟုငါတို့သိကြ၏။ ၁၁ ထိုသို့ဆိုသော်၊ မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ ဘုန်းကြီးသော၊ ဧဝံဂေလိတရားနှင့် ညီသတည်း။


ပေါလုသည် မယုံကြည်ခဲ့စဉ် ကြမ်းကြုတ်ညှဉ်းဆဲသောသူဖြစ်ခဲ့

၁၂ ထိုတရားကိုငါ၌ အပ်ပေးတော်မူသည်ဖြစ်၍၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်ကို ငါချီးမွမ်း၏။ ၁၃ ငါသည်ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ဘူးသော်လည်း၊ သစ္စာရှိသောသူ၊ ဟုထိုသခင်သည် မှတ်၍၊ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ ငါပြုသောအခါယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်၊ ကရုဏာတော်ကို ငါခံရပြီ။ ၁၄ ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည်လည်း၊ ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ အတိုင်းထက် အလွန်ကြွယ်ဝပြီ။


ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာကြွလာ
CROSS REFERENCES






၁၅ ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ [C] ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည်၊ သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သော စကားလည်းဖြစ်၏။ အပြစ်ရှိသောသူတို့တွင်၊ ငါသည် အကြီးဆုံးဖြစ်၏။ ၁၆ သို့သော်လည်း၊ ထာဝရအသက်အလိုငှာ ယုံကြည်လတံ့သောသူတို့ လိုက်စရာ ပုံသက်သေဖြစ်စေခြင်းငှာ၊ အကြီးဆုံးသော အပြစ်ရှိသောငါ၌ ၊ ယေရှုခရစ်သည် ခပ်သိမ်းသော ခန္တီတော်ကို ပြတော်မူမည်အကြောင်း၊ ငါ့ကိုသနားတော်မူပြီ။ ၁၇ လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တစ်ဆူတည်းသော ဘုရားသခင်သည်၊ ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော် ရှိတော်မူစေသတည်း။ အာမင်။


တိမောသေကို ကောင်းသောစစ်တိုက်ဖို့ထား

၁၈ ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော၊ အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်း ကို၎င်း၊ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်ခြင်းကို၎င်း၊ စွဲလမ်း၍၊ ကောင်းသောစစ်ကို တိုက်စေခြင်းငှာ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့် အညီ၊ အထက်ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကို သင်၌ ငါအပ်ပေး၏။ ၁၉ ထိုယုံကြည်ခြင်းမှစသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်း သင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။ ၂၀ ထိုသူတို့တွင် ဟုမေနဲနှင့် အာလေဇန္ဒြု ပါသတည်း။ ထိုသူတို့သည် ကဲ့ရဲ့သောစကားကို ကြဉ်ရှောင်ခြင်းငှာ သင်ရမည်အကြောင်း၊ စာတန်၏လက်သို့ ငါအပ်လိုက်ခဲ့ပြီ။ [D] (a)

_________________________
Footnotes


၂၀ (a) စာတန်လက်သို့ အပ်၌ခြင်းဆိုသည်မှာ အသင်းတော်မှနှင်ထုတ်ခြင်း ဖြစ်မည်။ အကြောင်းမှာ စာတန်သည် ဤလောက၏ ဘုရားဖြစ်၍ အသင်းတော်အတွင်းတွင် သခင်ယေရှုက အုပ်ချုပ်သည်။ အသင်းတော်အပြင်ဖက်ရောက်သွားလျှင် စာတန်က မိမိကြိုက်သလို နှိပ်စက်နိုင်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.