-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၃၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၃၆


ဧဒုံအမည်ရှိသော ဧသောအမျိုးအနွယ်

ဧဒုံအမည်ရှိသော ဧသောအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊ ဧသောသည် ဟိတ္တိအမျိုး ဧလုန်၏သမီး အာဒ တစ်ယောက်၊ ဟိဝိအမျိုး ဇိဘောင်သား အာန၏သမီး အဟောလိဗာမ တစ်ယောက်၊ ခါနာန်အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊ ဣရှမေလသမီး တည်းဟူသော နာဗာရုတ်နှမ ဗာရှမတ်တစ်ယောက်နှင့်၎င်း၊ အိမ်ထောင်ပြုလေ၏။ ဧသောမယား အာဒဖွားသောသားကား၊ ဧလိဖတ်၊ ဗာရှမတ်ဖွားသောသား ရွေလတည်း။ အဟောလိဗာမ ဖွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။ ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသော မြင်သောသားများတည်း။

ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သား အပေါင်းတို့ကို၎င်း၊ သိုးနွားစသည်တို့နှင့် တိရစ္ဆာန်ရှိသမျှတို့ကို၎င်း၊ ခါနာန်ပြည်၌ ရတတ်သော ဥစ္စာရှိသမျှတို့ကို၎င်း၊ ယူ၍ ညီယာကုပ်ထံမှ ပြောင်းသွားလေ၏။ အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာများလွန်သောကြောင့် တစ်ရပ်တည်းမနေနိုင်ကြ။ သူတို့နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။ သို့ဖြစ်၍ ဧဒုံအမည်ရှိသော ဧသောသည် စိရတောင်ပေါ်မှာ နေလေ၏။

စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏အဘ ဧသော၏သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။ ၁၀ ဧသော၏ သားတို့အမည်ကား၊ မယားအာဒ ဖွားသောသား ဧလိဖတ်၊ မယားဗာရှမတ် ဖွားသောသား ရွေလတည်း။ ၁၁ ဧလိဖတ်သားကား၊ တေမန်၊ ဩမရ၊ ဇေဖေါ၊ ဂါတံ၊ ကေနတ်တည်း။ ၁၂ ဧသောသား ဧလိဖတ်၏မယားငယ်၊ တိမန ဖွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယား အာဒ၏အနွယ် ဖြစ်သတည်း။ ၁၃ ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွယ် ဖြစ်သတည်း။ ၁၄ ဇိဘောင်သား အာန၏သမီး၊ ဧသောမယား အဟောလိဗာမ ဖွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။

၁၅ ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူကား၊ သားဦးဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖော၊ ဗိုလ်ကေနတ်၊ ၁၆ ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့သည် အာဒ၏အနွယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသော သားဖြစ်သတည်း။ ၁၇ ဧသောသား ရွေလ၏သားကား ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယား ဗာရှမတ်၏အနွယ်၊ ဧဒုံပြည်၌ ရွေလရသောသား ဖြစ်သတည်း။ ၁၈ ဧသောမယား အဟောလိဗာမ၏သားကား ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမ သားဖြစ်သတည်း။ ၁၉ ဧဒုံအမည်ရှိသော ဧသော၏သားမြေးများ၊ သူတို့တွင်ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။

၂၀ ထိုပြည်၌နေသော ဟောရိအမျိုး စိရ၏သားကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ၂၁ ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည်၌ ဟောရိအမျိုး၊ စိရ၏သားတို့တွင် ဗိုလ်လုပ်သောသူ ဖြစ်သတည်း။ ၂၂ လောတန်သားကား၊ ဟောရိနှင့်ဟေမံတည်း။ လောတံနှမကား၊ တိမနတည်း။ ၂၃ ရှောဗလသားကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖော၊ ဩနံတည်း။ ၂၄ ဇိဘောင်သားကား၊ အာယနှင့်အာနတည်း။ ထိုအာနကား၊ အဘ ဇိဘောင်၏မြည်းတို့ကို ထိန်းသောအခါ၊ တော၌ နွေးသောစမ်းရေတွင်းတို့ကို တွေ့သောသူပေတည်း။ ၂၅ အာနသားကား ဒိရှုန်နှင့် အဟောလိဗာမတည်း။ ၂၆ ဒိရှုန်သားကား၊ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ဟေရန်တည်း။ ၂၇ ဧဇာသားကား၊ ဗိလဟန်၊ ဇာဝန်၊ အာကန်တည်း။ ၂၈ ဒိရှန်သားကား၊ ဥဇနှင့်အာရန်တည်း။ ၂၉ ဟောရိအမျိုး ဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊ ၃၀ ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့သည် စိရပြည်၌ ဗိုလ်လုပ်သောသူတို့တွင် ဟောရိအမျိုး ဗိုလ်ဖြစ်သတည်း။

၃၁ ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ၊ ဧဒုံပြည်၌ အစိုးရသောမင်းကြီးဟူမူကား၊ ၃၂ ဗောရသား ဗေလာသည် ဧဒုံပြည်၌ မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။ ၃၃ ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ်သား၊ ဇေရ၏သား ယောဗပ်သည် မင်းပြုလေ၏။ ၃၄ ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိအရပ်သား ဟုရှံသည် မင်းပြုလေ၏။ ၃၅ ဟုရှံမင်းသေ၍၊ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည် ဟုရှံအရာ၌ မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။ ၃၆ ဟာဒဒ်မင်းသေ၍ သူ၏အရာ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။ ၃၇ စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာ နေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြုလေ၏။ ၃၈ ရှောလမင်းသေ၍ သူ၏အရာ၌၊ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ၏။ ၃၉ အာခဗော်သား ဗာလဟာနန်မင်းသေ၍ သူ၏အရာ၌ ဟာဒါသည် မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့တည်း။ မျောက်သားတော်ကား၊ မေဇဟပ်၊ မေဇဟပ်သမီး မာသရက်၏သမီး မဟေတဗေလတည်း။

၄၀ ဧသောမှဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာအရပ်၊ ခံရသော ဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သောသူ ဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊ ၄၁ ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊ ၄၂ ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊ ၄၃ ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည် မိမိနေရာအရပ်၊ မိမိပိုင်သောပြည်၌ ၊ ဧဒုံဗိုလ်များ ဖြစ်သတည်း။ ဧသောသည် ဧဒုံအမျိုးသားတို့၏ အဘဖြစ်သတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.