-
AA
+
🡀
|
🡂
ဇေဖနိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဇေဖနိ အနာဂတ္တိ
အခန်းကြီး ၁


တပြည်လုံးရှိလူနှင့်တိရစ္ဆာန်ပယ်ရှင်းမည်
CROSS REFERENCES






ယုဒရှင်ဘုရင် အာမုန်သား ယောရှိမင်းလက်ထက်၊ ဟိဇကိ၊ အာမရိ၊ ဂေဒလိတို့မှ ဆင်းသက်သော ကုရှိ၏သား ဇေဖနိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ပြည်တပြည်လုံး၌ ရှိလေသမျှတို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်းမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ရှင်းမည်။ မိုးကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့ကို၎င်း၊ အဓမ္မလူတို့နှင့်တကွ ပြစ်မှားစရာ အကြောင်းတို့ကို၎င်း၊ ငါပယ်ရှင်းမည်။ မြေတပြင်လုံး၌ရှိသော လူသတ္တဝါတို့ကိုလည်း ငါပယ်ရှင်းမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ကို ငါတိုက်၍၊ ဤအရပ်၌ကျန်ကြွင်းသော ဗာလဘုရား၏တပည့်တို့နှင့် ယဇ်ပုရောဟိတ် အမျိုးမျိုးတို့ကို၎င်း၊ ကောင်းကင် တန်ဆာများကို အိမ်မိုးပေါ်မှာ ကိုးကွယ်သောသူ၊ ထာဝရဘုရားနှင့် မာလခံဘုရားကို တိုင်တည်လျက် ကျိန်ဆိုကိုးကွယ်သော သူတို့ကို၎င်း၊ ထာဝရဘုရား၏ နောက်တော်သို့မလိုက်၊ ဆုတ်သွားသောသူ၊ ထာဝရဘုရားကိုမရှာဖွေ [A] မမေးမြန်းသော သူတို့ကို၎င်း၊ ငါပယ်ရှင်းမည်။


ထာဝရဘုရား၏နေ့

အရှင်ထာဝရဘုရား၏ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ ထာဝရဘုရား၏ နေ့နီးပြီ။ ထာဝရဘုရားသည် မိမိယဇ်ပွဲတော်ကို ပြင်ဆင်၍၊ ပွဲဝင်သောသူတို့ကို သန့်ရှင်းစေတော်မူပြီ။ ထာဝရဘုရားပွဲ ခံတော်မူသောနေ့၌ မင်းများ၊ ဆွေတော်မျိုးတော်များနှင့် ထူးခြားစွာ ဝတ်သောသူ များအပေါင်းတို့ကို ငါစစ်ကြောမည်။ သူတပါး၏ အိမ်တံခါးခုံကိုကျော်၍ အနိုင်အထက်ပြုခြင်း၊ လှည့်စားခြင်းအားဖြင့် ရသောဥစ္စာနှင့် မိမိသခင်၏အိမ်ကို ပြည့်စေသောသူ အပေါင်းတို့ကိုလည်း ထိုနေ့၌ ငါစစ်ကြောမည်။ ၁၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနေ့၌ ငါးတံခါးဝမှာ အော်ဟစ်သံကို၎င်း၊ ဒုတိယမြို့၌ ငိုကြွေး မြည်တမ်းသံကို၎င်း၊ တောင်ရိုး၌ ပြင်းစွာချိုးဖျက်သံကို၎င်း၊ ကြားရ၏။ ၁၁ မတ္တေရှအရပ်သားတို့၊ ငိုကြွေးမြည်တမ်းကြလော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကိုဆောင်သောသူ အပေါင်းတို့သည် ဆုံးကြပြီ။ ၁၂ ထိုကာလ၌ ငါသည် မီးခွက်ကိုကိုင်၍ ယေရုရှလင်မြို့ကို စစ်ကြောမည်။ ထာဝရဘုရားသည် ကျေးဇူးကိုလည်းမပြု၊ အပြစ်ကိုလည်းမပေး၊ ဟုအောက်မေ့လျက်၊ မိမိတို့အနည်အဖတ်ပေါ်၌ နေရာကျသောသူတို့ကို ငါစစ်ကြောမည်။ ၁၃ ထိုသူတို့၏ဥစ္စာကို သူတပါးလုယူ၍၊ သူတို့၏နေရာသည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ အိမ်ကိုဆောက်သော်လည်း မနေရကြ။ စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်ရည်ကို မသောက်ရကြ။ ၁၄ ထာဝရဘုရား၏ နေ့ကြီးနီးပြီ၊ နီးပြီ၊ အလျှင်အမြန်လာ၏။ ထာဝရဘုရား၏ နေ့သိတင်းသည် နား၌ခါး၏။ ထိုနေ့၌ သူရဲသည် အော်ဟစ်လိမ့်မည်။ ၁၅ ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုးအုံ၍ ထူထပ်သော မှောင်မိုက်ဖုံးလွှမ်းသောနေ့၊ ၁၆ ခိုင်ခံ့သောမြို့၊ မြင့်သော ရဲတိုက်တို့တဘက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။ ၁၇ သူတို့သည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ သူတို့ကိုငါ့ ညှဉ်းဆဲသဖြင့် မျက်စိမမြင်သောသူကဲ့သို့ သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။ ၁၈ ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့၌ သူတို့ရွှေငွေသည် သူတို့ကိုမကယ်နိုင်ရာ။ ဒေါသအမျက်တော်မီးသည် တပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သား အပေါင်းတို့ကို အလျှင်အမြန်စီရင်၍ အကုန်အစင် သုတ်သင် ပယ်ရှားတော်မူလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.