-
AA
+
🡀
|
🡂
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





မာလခိအနာဂတ္တိ
အခန်းကြီး ၁

ဘုရားက ဣသရေလအမျိုးကိုချစ်

ထာဝရဘုရားသည် မာလခိလက်တွင် ဣသရေလ အမျိုးသို့ ပေးလိုက်တော်မူသော ဗျာဒိတ် နှုတ်ကပတ်တော် တည်းဟူသော၊ ထာဝရဘုရား မိန့်တော်မူသော စကားဟူမူကား၊ သင်တို့ကို ငါချစ်လေပြီ။ အ​ကျွန်ုပ်တို့ကို အဘယ်သို့ ချစ်တော်မူသနည်း၊ ဟုသင်တို့မေးကြလျှင်၊ ဧသောသည် ယာကုပ်၏ အစ်ကိုဖြစ်သည် မဟုတ်လော။ သို့သော်လည်း ယာကုပ်ကိုငါချစ်၏။ ဧသောကိုငါမုန်း၍ သူနေသောတောင်တို့ကို လွင်ပြင်ဖြစ်စေပြီ။ သူ့အမွေခံရာမြေကို မြေခွေးတို့၌ အပ်လေပြီ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ဧဒုံအမျိုးသားတို့က ငါတို့သည် ပျက်စီးသော်လည်း၊ ပျက်စီးသောအရပ်တို့ကို တဖန် တည်ဆောက်ဦးမည်ဟု [A] ဆိုရာတွင်၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် တည်ဆောက်သော်လည်း၊ ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရားအစဉ် အမျက်ထွက်တော်မူသော လူမျိုးဟူ၍ သမုတ်ကြလိမ့်မည်။ ထိုအမှုကို သင်တို့သည် မြင်သောအခါ၊ ထာဝရဘုရားသည် ဣသရေလ ပြည်မှာ ဘုန်းတန်ခိုး ကြီးတော်မူသည်၊ ဟုဆိုကြလိမ့်မည်။


နာမတော်ကို မထိမဲ့မြင်ပြု
CROSS REFERENCES





CROSS REFERENCES






သားသည် အဘကို ရိုသေတတ်၏။ [B] ​ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင် ငါ့ကိုအဘယ်သူ ရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ်သူ ကြောက်ရွံ့သနည်း၊ [C]ဟုကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည်၊ နာမတော်ကို မထိမဲ့မြင်ပြုသော ယဇ်ပုရောဟိတ်တို့အား မေးတော်မူ၏။ အ​ကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်း၊ ဟုသင်တို့မေးရာတွင်၊ ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင်ခဲ့ကြသည်တကား။ အ​ကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်း၊ ဟုမေးရာတွင်၊ ထာဝရဘုရား၏ စားပွဲသည် ယုတ်မာ၏၊ ဟုဆိုသောကြောင့် ငါ့ကိုရှုတ်ချကြပြီ။ မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ ​ခြေဆွံ့သော အကောင်နှင့် နာသောအကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏စိတ်နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့်မည်လော၊ ဟုကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။


သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံ
CROSS REFERENCES






ယခုမှာ ဘုရားသခင်သည် ငါတို့ကို ကယ်မသနား တော်မူမည်အကြောင်း၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းကြပါလော့။ သင်တို့လက်ခံသောကြောင့်၊ ဤသို့ပြုတတ်ကြ၏။ သင်တို့မျက်နှာကို ထောက်ရမည်လော၊ ဟုကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၁၀ သင်တို့တွင် အဘယ်သူသည် ငါတံခါးတို့ကို ပိတ်လိမ့်မည်နည်း။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကိုအချည်းနှီးမညှိရကြ။ သင်တို့ကို ငါအလိုမရှိ။ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံ၊ ဟု [D] ကောင်းကင်ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ၁၁ နေထွက်ရာအရပ်မှ သည်နေဝင်ရာအရပ်တိုင်အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီးမြတ်ရလိမ့်မည်။ ခပ်သိမ်းသောအရပ်တို့၌ နံ့သာပေါင်းကို ငါ၏နာမတော်အားမီးရှို့၍ သန့်ရှင်းသော ပူဇော်သက္ကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။


အမှုတော်ဆောင်ခြင်း ပင်ပန်းစွတကား
CROSS REFERENCES






၁၂ သင်တို့က၊ ထာဝရဘုရား၏ စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသော ဘောဇဉ် ပူဇော်သက္ကာသည် ယုတ်မာ၏၊ ဟုဆိုသောကြောင့်၊ စားပွဲတော်ကို ရှုတ်ချကြပြီ။ ၁၃ တဖန် သင်တို့က အမှုတော်ကို ဆောင်ရွက်၍၊ ပင်ပန်းစွတကား၊ ဟုဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ [E] လုယူသော အကောင်၊ ​ခြေဆွံ့သော အကောင်၊ နာသော အကောင်ကို၊ ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော်သက္ကာကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရမည်လော၊ ဟုထာဝရဘုရား မေးတော်မူ၏။ ၁၄ သစ္စာဂတိထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက်ပင် လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာ ရှိစေသတည်း။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ်၏။ ငါ၏နာမတော်သည် လူအမျိုးမျိုးတို့တွင်၊ ကြောက်မက်ဘွယ် ဖြစ်ရမည် [F]၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.