-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၄၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၄၉


ယာကုပ်သားများ၏ အနာဂတ်အကြောင်းပြော

ထိုရောအခါ၊ ယာကုပ်သည် မိမိသားတို့ကိုခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလအခါ၊ သင်တို့၌ ဖြစ်လတံ့သော အမှုအရာများကို ငါဟောပြောမည်။ ယာကုပ်၏သားတို့၊ စည်းဝေး၍ကြားကြလော့။ အဘ ဣသရေလ၏စကားကို နားထောင်ကြလော့။

သားဦးရုဗင်နှင့် ပတ်သက်၍

အိုရုဗင်၊ သင်သည်ငါ့သားဦး၊ ငါ့အစွမ်းသတ္တိ၊ ငါ့ခွန်အားအစအဦး၊ ဘုန်းအထွဋ်၊ တန်ခိုးအထွဋ်ဖြစ်၏။ သို့သော်လည်း ရေကဲ့သို့ပွက်ထသော သဘောရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်းမူကား၊ သင်သည် အဘ၏အိပ်ယာကို တက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား။

ရှိမောင်နှင့်လေဝိနှင့် ပတ်သက်၍

ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။ ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်းအမှုထဲသို့ မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ။ သူတို့သည် အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍ မြို့ကိုဖြိုဖျက်ကြပြီ။ သူတို့ ပြင်းစွာထွက်သောအမျက်၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကိုခံပါစေသော်။ ယာကုပ်အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြားပျံ့လွင့်စေမည်။

ယုဒနှင့်ပတ်သက်၍

အိုယုဒ၊ သင်သည် ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူ လည်ပင်းပေါ်မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာဦးညွတ်ချကြလိမ့်မည်။ ယုဒသည် ခြင်္သေ့ဖြစ်၏။ ငါ့သား၊ သင်သည် ဖမ်းယူကိုက်စားရာမှ တက်လာခဲ့၏။ ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မ ကဲ့သို့၎င်း၊ ဝပ်တွားတတ်၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။၁၀ ရှိလောမရောက်မှီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှ၎င်း၊ မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။ ၁၁ မိမိမြည်းကို စပျစ်နွယ်ပင်၌၎င်း၊ မြည်းကလေးကို အမြတ်ဆုံးသော စပျစ်နွယ်ပင်၌၎င်း၊ ချည်နှောင်၍၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေးတည်းဟူသော စပျစ်ရည်ဖြင့်လျှော်လိမ့်မည်။ ၁၂ သူ၏မျက်စိသည် စပျစ်ရည်နှင့်နီလိမ့်မည်။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်။

ဇာဗုလုန်နှင့်ပတ်သက်၍

၁၃ ဇာဗုလုန်သည် ပင်လယ်ကမ်းနားမှာနေ၍၊ သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏လယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။

ဣသခါနှင့်ပတ်သက်၍

၁၄ ဣသခါသည် တောင်ကြားမှာဝပ်လျက် အားကြီးသောမြည်းဖြစ်၏။ ၁၅ ငြိမ်ဝပ်ရာ အရပ်ကောင်း၍၊ မြေသာယာသည်ကို မြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကိုတင်ထမ်း၍ အခွန်ပေးသောကျွန်ဖြစ်လေ၏။

ဒန်နှင့်ပတ်သက်၍

၁၆ ဒန်သည် ဣသရေလအနွယ် တစ်စုံတစ်ပါးကဲ့သို့၊ မိမိလူတို့ကို စီရင်လိမ့်မည်။ ၁၇ ဒန်သည် လမ်း၌နေသောမြွေ ဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့လဲစေခြင်းငှာ လမ်းကြားမှာနေ၍၊ မြင်း​ခြေကို ကိုက်တတ်သောမြွေဆိုး ဖြစ်လိမ့်မည်။ ၁၈ အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အ​ကျွန်ုပ် မျှော်လင့်လျက်နေပါပြီ။

ဂဒ်နှင့်ပတ်သက်၍

၁၉ ဂဒ်မူကား၊ စစ်သူရဲတို့သည် သူ့ကိုတိုက်ကြ၍၊ သူသည်ပြန်တိုက်လိမ့်မည်။

အာရှာနှင့်ပတ်သက်၍

၂၀ အာရှာ၌ ဖြစ်သောအစာသည် အရသာနှင့်ပြည့်စုံ၍၊ မင်း၏ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေးလိမ့်မည်။

နဿလိနှင့်ပတ်သက်၍

၂၁ နဿလိသည် လှသောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင် ဖြစ်၏။

ယောသပ်နှင့်ပတ်သက်၍
CROSS REFERENCES






၂၂ ယောသပ်သည် သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သောပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။ ၂၃ လေးသမားတို့သည် သူ့ကိုအငြိုးထား၏။ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။ ၂၄ သို့သော်လည်း သူ၏လေးသည် အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသော ဘုရား၏လက်ဖြင့်၎င်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ ကျောက်ဖြင့်၎င်း၊ ၂၅ သင့်ကို မစတော်မူသော သင့်အဘ၏ ဘုရားသခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင် [A]အားဖြင့်၎င်း၊ ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုးကောင်းကင်၏မင်္ဂလာ၊ အောက်နက်နဲသော အရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီးပေးတော်မူပါစေသော်။ ၂၆ သင်၏အဘပေးသော ကောင်းကြီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ ဖြစ်သောကောင်းကြီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဘွယ်သော အရာတို့ထက် သာ၍မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင်အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော်။

ဗင်္ယာမိန်နှင့်ပတ်သက်၍

၂၇ ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည်။ ဖမ်းရသောအရာကို နံနက်အချိန်၌ ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ ဝေဖန်လိမ့်မည်၊ ဟုမြွက်ဆို၏။

၂၈ ဤသူတို့ကား၊ ဣသရေလအမျိုး ဆယ့်နှစ်မျိုးဖြစ်၏။ ဤစကားသည်လည်း သူတို့အဘ မြွက်ဆို၍၊ သူတို့အသီးအသီး ခံရသော မင်္ဂလာရှိသည်အတိုင်း၊ ကောင်းကြီးပေးသော စကားပေတည်း။

ယာကုပ်သေသောအခါ ခါနာန်ပြည်၌ မြှုပ်ဖို့မှာထား
CROSS REFERENCES






၂၉ တဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရုန်၏ လယ်ပြင်တွင်ရှိသော မြေတွင်း၌ ငါ့အဘတို့နှင့်အတူ ငါ့ကိုသင်္ဂြိုလ်ကြပါ။ ၃၀ ခါနာန်ပြည် မံရေရှေ့မှာ မပ္ပေလလယ်ပြင် [B]၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သော သင်္ချိုင်းဖို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသား ဧဖရုန်၌ ဝယ်လေပြီ။ ၃၁ ထိုမြေတွင်း၌ အာဗြဟံ [C] နှင့်မယားစာရာကို သင်္ဂြိုလ်ကြပြီ။ [D] ဣဇာက်နှင့် [E] မယားရေဗက္ကကိုလည်း သင်္ဂြိုလ်ကြပြီ။ လေအာကိုလည်း ငါသင်္ဂြိုလ်ပြီ။(a) ၃၂ ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသအမျိုးသားရှေ့မှာ ဝယ်သတည်းဟုမှာထား၏။ ၃၃ ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင်မှာ ထားပြီးလျှင်၊ မိမိ​ခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်းသဖြင့်၊ အသက်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။

_________________________
Footnotes


၃၁ (a) ကျမ်းစာက ရေဘက္ကနှင့် ယာကုပ်မိန်းမလေအာ သေခြင်းအကြောင့်းကို မဖေါ်ပြပါ။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.