-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၁


နှုတ်ခွန်းဆက်ခြင်း

ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော၊ ငါပေါလုနှင့် ငါ့ညီ သုဿင် (Sosthenes) သည်၊ ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍၊ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူ တည်းဟူသော၊ ကောရိန္သုမြို့၌ ရှိသောဘုရားသခင်၏ အသင်းတော်မှစ၍၊ ခပ်သိမ်းသောအရပ်၌ ငါတို့သခင် ယေရှုခရစ်ကို၊ ပဌနာပြုသောသူ အပေါင်းတို့ကို ကြားလိုက်ပါ၏။ ထိုသခင်သည် ငါတို့၏ သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော၊ ဘုရားသခင့် အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော်။


သင်တို့ကြောင့် ကျေးဇူးတော် အစဉ်ချီးမွမ်း
CROSS REFERENCES






အထက်က ခရစ်တော်၏ သက်သေကို၊ သင်တို့တွင် တည်စေသည်ရှိသော်၊ သင်တို့သည် ထိုခရစ်တော်အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဥာဏ်သတ္တိ အပေါင်းနှင့် ကြွယ်ဝပြည့်စုံ ကြသည်ဖြစ်၍၊ ယေရှုခရစ်အားဖြင့် သင်တို့အား ပေးတော်မူသော၊ ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့အကြောင်းကြောင့်၊ ငါ့ဘုရားသခင်၏ ကျေးဇူးတော်ကို၊ အစဉ်မပြတ် ချီးမွမ်း၏။ [A] ထိုကြောင့် သင်တို့သည်၊ ငါတို့သခင် ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မျှော်လင့်၍ နေစဉ်၊ ဆုတော် တစ်စုံတခုမျှ မလျော့ဘဲ၊ စုံလင်လျက် ရှိကြ၏။ သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ နေ့ရက်၌၊ အပြစ်တင်စရာ အခွင့်နှင့် ကင်းလွတ်မည် အကြောင်း၊ သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခန့်မြဲမြံ စေတော်မူလိမ့်မည်။ ငါတို့သခင် တည်းဟူသော သားတော်မြတ် သခင်ယေရှုနှင့်၊ ဆက်ဆံခြင်း ကျေးဇူးတော်ကို၊ သင်တို့အား ပေးတော်မူသော ဘုရားသခင်သည်၊ သစ္စာနှင့် ပြည့်စုံတော်မူ၏။


မညီညွတ်ကြ

၁၀ ညီအစ်ကိုတို့၊ သင်တို့ ရှိသမျှသည် စကား တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်းမကွဲပြားဘဲ၊ စိတ်သဘော တသံတသမတ်တည်းရှိသည်နှင့်၊ စေ့စပ်စုံလင်ကြမည်အကြောင်း၊ ငါတို့သခင် ယေရှုခရစ်၏ နာမတော်ကိုအမှီပြု၍၊ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။ ၁၁ အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်း ရှိသည်ကို၊ ခလောဣအိမ်သား အချို့တို့သည်ပြောကြ၏။ ၁၂ သင်တို့က၊ ငါသည် ပေါလုတပည့်ဖြစ်၏၊ ငါသည် အာပေါလု တပည့်ဖြစ်၏၊ ငါသည် ကေဖ တပည့်ဖြစ်၏၊ ငါသည် ခရစ်တော် တပည့်ဖြစ်၏၊၊ ဟုအသီးသီး ပြောကြသောကြောင့် ငါဆိုရ၏။ ၁၃ ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံကို ခံကြပြီလော။ ၁၄ ကရိပ္ပုနှင့်ဂါယု မှတပါး၊ သင်တို့တွင် အဘယ်သူအားမျှ ဗတ္တိဇံကို ငါမပေးသည် ဖြစ်၍၊ ဘုရားသခင်၏ ကျေးဇူးတော် ရှိပါ၏။ ၁၅ သို့ဖြစ်၍ ပေါလုသည် မိမိနာမ၌ ဗတ္တိဇံကို ပေးသည်၊ ဟုအဘယ်သူမျှ ဆိုစရာ အကြောင်းမရှိ။ ၁၆ သတေဖန်၏ အိမ်သူအိမ်သား တို့အားလည်း ဗတ္တိဇံကို ပေးပြီ။ ထိုမှတပါး အခြားသောသူအား ဗတ္တိဇံပေးသည်ကို ငါမမှတ်မိ။


လက်ဝါးကပ်တိုင်တော်တရား

၁၇ ဗတ္တိဇံ ပေးစေခြင်းငှာ၊ ခရစ်တော်သည် ငါ့ကို စေလွှတ်တော်မူသည် မဟုတ်။ ဧဝံဂေလိတရားကို ဟောစေခြင်းငှာ စေလွှတ်တော်မူ၏။ သို့သော်လည်း၊ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို အချည်းအနှီး မဖြစ်စေခြင်းငှာ၊ နှုတ်ပညာကို အခွင့်မပေးဘဲ နေတော်မူ၏။ ၁၈ အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ ရောက်သော သူတို့၌ လက်ဝါးကပ်တိုင်တော် တရားသည်၊ မိုက်သောတရား ဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သော ငါတို့၌၊ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။


လောကီပညာကို မိုက်စေ

၁၉ ကျမ်းစာလာသည်ကား၊ [B] ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဥာဏ်ကောင်းသော သူတို့၏ ဥာဏ်ကိုလည်း ငါပယ်မည်၊ ဟုလာသတည်း။၂၀ ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာ ရှိသနည်း။ ပြဿနာ၌ လေ့ကျက်သော ဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။ ၂၁ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်၏ ပညာတော် စီရင်သည် နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့်၊ ဘုရားသခင်ကို မသိဘဲ နေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သော သူတို့ကို၊ ဒေသနာတော် မိုက်မဲခြင်းအားဖြင့်၊ ကယ်တင်ခြင်းငှာ စေတနာရှိတော်မူ၏။


လူသုံးမျိုး
CROSS REFERENCES






၂၂ ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ [C] ဟေလသ လူတို့သည် ပညာကို ရှာတတ်ကြ၏။ ၂၃ ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော၊ ခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာ သည်ကား၊ ယုဒအမျိုးသား ထိမိ၍ လဲစရာအကြောင်းဖြစ်၏။ [D] တပါးအမျိုးသား၌ကား၊ မိုက်မဲခြင်းဖြစ်၏။ ၂၄ သို့သော်လည်း၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ခေါ်တော်မူသော သူတို့၌ ဘုရားသခင်၏ တန်ခိုးတော်နှင့်၊ ဘုရားသခင်၏ ပညာတော် တည်းဟူသော၊ ခရစ်တော်၏ တရားဖြစ်၏။


ဘုရား၏ ပညာတော်နှင့် ခေါ်တော်မူခြင်း
CROSS REFERENCES





CROSS REFERENCES






၂၅ ဘုရားသခင်၏ မိုက်မဲခြင်း အရာသည်၊ လူတို့၏ပညာထက် သာ၍ပညာရှိ၏။ ဘုရားသခင်၏ အားနည်းခြင်း အရာသည်၊ လူတို့၏ အစွမ်းထက် သာ၍ အစွမ်းရှိ၏။ ၂၆ ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသော သူတို့တွင်၊ လောကီပညာရှိ အများမပါ။ ထင်ရှားသော လူကြီးအများမပါ။ မင်းမျိုးမင်းနွယ် ဖြစ်သောသူ အများမပါ။ ၂၇ ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို၊ ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိ ရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသောသူတို့ကို၊ ရွေးကောက်တော်မူ၏။ ၂၈ မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။ ၂၉ ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ၊ ဝါကြွားစရာ အကြောင်းမရှိ။ ၃၀ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ ရှိနေကြ၏။(a) ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ [E] သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။ ၃၁ သို့ဖြစ်၍၊ ကျမ်းစာလာသည် နှင့်အညီ၊ ဝါကြွားသောသူ မည်သည်ကား၊ ထာဝရဘုရား၌သာ ဝါကြွားစေ။ [F]

_________________________
Footnotes


၃၀ (a) မြန်မာကျမ်းစာအုပ်၌ "တည်" နေကြ၏ ဟုရေးထားရာ၊ ထိုအရာသည် "ရှိ" နေကြ၏ ဟုပို၍မှန်ကန် သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.