-
AA
+
🡀
|
🡂
ရောမ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရောမ ဩဝါဒစာ
အခန်းကြီး ၁


ပေါလု၏နှုတ်ဆက်စကား
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






လူဇာတိအားဖြင့် ဒါဝိဒ်အမျိုး ဖြစ်တော်မူထသော၊ [A] သေခြင်းမှ ထမြောက်တော်မူ၍၊ သန့်ရှင်းသော ဝိညာဉ်အားဖြင့်၊ တန်ခိုးနှင့်တကွ ဘုရားသခင်၏ သားတော် ထင်ရှားဖြစ်တော်မူသော၊ ငါတို့သခင် ယေရှုခရစ်တည်းဟူသော၊ မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးက မိမိပရောဖက်များအားဖြင့်၊ [B]သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော၊ [C] ဧဝံဂေလိတရားကို [D] ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ [E] တမန်တော်အရာ၌ ခန့်ထားသော၊ ယေရှုခရစ်၏ကျွန်ငါပေါလုသည်၊ [F] ဘုရားသခင်ချစ်တော်မူ၍၊ သန့်ရှင်းသူအရာ၌ ခန့်ထားသော၊ [G] ရောမမြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် [H] သင်တို့၌ ရှိပါစေသော်။ သခင်ယေရှုခရစ်၏ နာမတော်ကိုအမှီပြု၍၊ လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်စေခြင်းငှါ၊ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည်ခံရကြပြီ။ ထိုသခင် ခေါ်ထားတော်မူသော သင်တို့သည်လည်း၊ ထိုလူမျိုးတို့၌ အပါအဝင်ဖြစ်ကြ၏။


ပေါလု ရောမယုံကြည်သူများထံသွားလို
CROSS REFERENCES






သင်တို့၏ ယုံကြည်ခြင်းအရာသည်၊ မြေတပြင်လုံး၌ အနှံ့အပြားကျော်စောသည်ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်တော်အားဖြင့်၊ ငါ၏ဘုရားသခင် ကျေးဇူးတော်ကို ရှေ့ဦးစွာငါချီးမွမ်း၏။ [I] ငါသည်သင်တို့ကို မခြားမလပ်အောက် မေ့၍ အစဉ်မပြတ် ဆုတောင်းပဌနာပြုသည်၊ [J] ဟုသားတော်၏ ဧဝံဂေလိတရားကိုဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍၊ [K]ငါကိုးကွယ်သော ဘုရားသခင်သည်၊ ငါ၏ သက်သေခံဖြစ်တော်မူ၏။ [L] ၁၀ မကြာမမြင့်မှီ ဘုရားသခင် အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသောအခွင့် တစုံတခုရှိပါမည်အကြောင်း၊ ဆုတောင်းပဌနာပြု၏။ ၁၁ သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည်သင်တို့၌ ဝိညာဉ်ဆုကျေးဇူး တစုံတခုကိုအပ်ပေးခြင်းငှါ၊ သင်တို့ကိုအလွန်တွေ့မြင်ချင်ပါ၏။ ၁၂ ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့်၊ အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြမည်အကြောင်း ကိုဆိုလိုသတည်း။


ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၃ ညီအစ်ကိုတို့၊ ငါသည်အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့၊ [M]သင်တို့တွင်လည်း အကျိုးတစုံတခုကို ရခြင်းငှါ၊ သင်တို့ရှိရာသို့သွားမည်၊ [N] ဟုအဖန်ဖန်အကြံရှိကြောင်းကို၊ သင်တို့မသိဘဲ နေစေခြင်းငှါ ငါအလိုမရှိ။ [O]ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသောအကြောင်းရှိ၏။ ၁၄ ဟေလသ(ဂရိတ်)လူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ အကြွေးသည် ငါတို့၌ တင်လျက်ရှိ၏။ [P]၁၅ သို့ဖြစ်လျှင် ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား၊ ဧဝံဂေလိတရားကို ဟောခြင်းငှါ [Q]စေတနာစိတ်ရှိ၏။ ၁၆ ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ [R] အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှ သောသူအပေါင်းတို့ကို ကယ်တင်စေသော၊ ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။ [S]) ၁၇ အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ​ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားဖြင့်၊ အသက်ရှင်လိမ့်မည် [T] ဟုကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ​ဖြောင့်မတ်ခြင်းတရားသည်၊ [U] ယုံကြည်ခြင်း အဘို့အလိုငှါ ဧဝံဂေလိတရားဖြင့် ထင်ရှားလျက်ရှိ၏။


ဘုရားမဲ့များအပေါ်ဘုရား၏ အမျက်တော်ထင်ရှား
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၈ သမ္မာတရား [V]ကို အဓမ္မဖြင့်ဆီးတား နှိပ်စက်သောသူတို့ [W]ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ [X] တရားကို လွန်ကျူးခြင်းအမှု အမျိုးမျိုးတို့တဘက်၌၊ ဘုရားသခင်၏ အမျက်တော်သည် [Y] ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။ ၁၉ အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည်၊ သူတို့တွင် ထင်ရှားလျက်ရှိ၏။ [Z] ဘုရားသခင်သည် သူတို့အားပြတော်မူပြီ။ ၂၀ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ [AA]ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည်၊ ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုန်းနိုင်ရာ။ ၂၁ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ [AB] သတိမရှိသော စိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။ ၂၂ ပညာရှိယောင်ဆောင်လျက်နှင့် [AC] လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊ ၂၃ မဖောက်ပြန်မပျက် စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကို ပယ်လျက်၊ ဖောက်ပြန် ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက် အစရှိသော တွားတတ်သော တိရစ္ဆာန်၏ ရုပ်တုတို့ကို၊ ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ [AD]


ဖန်ဆင်းရှင်ကိုပယ်၍ ဖန်ဆင်းထားသောအရာ ကိုးကွယ်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၂၄ ထိုကြောင့်သူတို့သည်၊ မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကိုသူတို့၏ ကိလေသာ စိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။ [AE] ၂၅ သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ [AF] ဖန်ဆင်းတတ်သော သခင်ကိုပယ်၍၊ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာရှိတော်မူ၏၊ အာမင်။ ၂၆ ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို၊ ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက်ထုံးစံကို လိုက်ကြ၏။ ၂၇ ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍၊ အချင်းချင်း ကိလေသာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားခြင်းပြုလျက်၊ မိမိတို့မှားယွင်းခြင်းနှင့်အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။ ၂၈ ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သောအမှုကို ပြုစေမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကိုမောဟ(အကျင့်ပျက်ခြင်း) လက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊ ၂၉ သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ [AG] ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကိုမြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊ ၃၀ ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ်ကောင်းသောအ တတ်ကိုစီရင်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊ ၃၁ မိဘသားမယား စသည်တို့ကိုမချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်းကရုဏာစိတ် မရှိသောသူဖြစ်ကြ၏။ ၃၂ ထိုသို့ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်၊၊ ဟုဘုရားသခင် စီရင်တော်မူကြောင်းကို ထိုသူတို့သည် သိလျက်ပင်၊ ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.