-
AA
+
🡀
|
🡂
၁ ပေတရု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ ပေတရု ဩဝါဒစာ
အခန်းကြီး ၁


နှုတ်ခွန်းဆက်စကား
CROSS REFERENCES






ယေရှုခရစ်၏ တမန်တော်ပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖြန်းခြင်းကျေးဇူးကိုခံရ မည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင်၏ အနာဂတံသဥာဏ်တော်အတိုင်း ရွေး ကောက်တော်မူသောသူ တည်းဟူသော ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တု [A]တို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ များပြားပါစေသော်။


ငါတို့ကိုတဖန်ဖြစ်ဖွား(born again)စေ
CROSS REFERENCES






အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း [B] အကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည့်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန်ဖြစ်ဖွား (born again) စေတော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ၊ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည်၊ စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသောအမွေတည်း။


စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်

အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းသောအရာသည် သာ၍မြတ်သည်နှင့်၊ [C](a) ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလိုငှါ ဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။ ထိုသခင်ကို သင်တို့သည် မမြင်ဘူးသော်လည် ချစ်ကြ၏။ ယခုမှာလည်း မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် [D] ဘုန်းအသရေနှင့်စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော၊ ယုံကြည်ခြင်း၏ အကျိုးကို ခံရကြ၏။


ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်

၁၀ ထိုကယ်တင်ခြင်း အကြောင်းအရာကို ပရောဖက်တို့သည်၊ စေ့စေ့စစ် ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။ ၁၁ ခရစ်တော် ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ [E] အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သော အချိန်ကာလကို၎င်း၊ ဆိုလိုတော်မူသည်၊ ဟုမေးမြန်းရှာဖွေကြ၏။ ၁၂ ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့အဘို့ဖြစ်သည်၊ ဟုထိုသူတို့အားဖွင့် ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည်၊ စေ့စေ့ ကြည့်ရှုစဉ်းစားချင်သော စေတနာစိတ်ရှိကြ၏။


ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့
CROSS REFERENCES






၁၃ သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ ရောက်လတံ့သော ဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။ ၁၄ အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ဖြစ်၍၊ ၁၅ သင်တို့ကို ခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ ၁၆ အကြောင်းမူ ကား၊ ငါသည်သန့်ရှင်း တော်မူသောကြောင့် သင်တို့သည်လည်း၊ သန့်ရှင်းခြင်းရှိကြလော့၊ ဟုကျမ်းစာလာသတည်း။ [F]


ခရစ်တော်၏ အသွေးတော်မြတ်နှင့်ရွေး
CROSS REFERENCES





CROSS REFERENCES






၁၇ လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသော ခမည်းတော်ကို၊ သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ် [A] ကာလပတ်လုံး ကြောက်ရွံ့သော စိတ်နှင့်ကျင့်နေကြလော့။ [F] ၁၈ မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သော ဥစ္စာနှင့်သင်တို့ကို ရွေးတော်မူသည်မဟုတ်။၁၉ အဘယ်အပြစ်မျှမရှိ၊ အညစ်အ​ကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော၊ ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။ ၂၀ ထိုခရစ်တော်ကား ဤကမ္ဘာမတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သောသင်တို့အဘို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။ ၂၁ သင်တို့သည် ဘုရားသခင်ကို ထောက်လျက်ယုံကြည်ခြင်း၊ မြော်လင့်ခြင်းရှိစေခြင်းငှါ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။


ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့်ဖြစ်ပွား
CROSS REFERENCES






၂၂ သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့်ဖြစ်ပွား(born again)သည်မဟုတ် [G]၂၃ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော၊ အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရား သခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွား(မွေးဖွား) သောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှါ၊ စိတ်ထဲမှာသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊ စင်ကြယ်သော စိတ်နှင့်အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာရှိကြလော့။ ၂၄ လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့​ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ [H] ထိုနှုတ်ကပတ်တော်သည် သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။ ၂၅ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလအစဉ်အမြဲတည်၏။

_________________________
Footnotes


(a) ပျက်စီးတတ်သောရွှေကို စစ်မစစ်မီးဖြင့်စစ်ရသည်။ ရွှေထက်တန်ဘိုးကြီးသော ယုံကြည်ခြင်းကို အမျိုးမျိုး သော စုံစမ်းနှောင့်ရှက်ခြင်းဖြင့် စုံစမ်းရသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.