-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၃၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၃၅


ယာကုပ်ဗေသလအရပ်၌ ယဇ်ပလ္လင်တည်

ထိုနောက် ဘုရားသခင်က၊ သင်ထ၍ ဗေသလ(Bethel) အရပ်သို့ သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှ ပြေးသောအခါ၊ သင့်အား ထင်ရှားသော ဘုရားသခင်အဖို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့၊ ဟုယာကုပ်အား မိန့်တော်မူ၏။ ထိုအခါ ယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင်ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်း ရှိစေကြလော့။ ယခုထ၍ ဗေသလအရပ်သို့ သွားကြစို့။ ငါသည် ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ ကြွတော်မူသော ဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်၊ ဟုဆိုလေ၏။ သူတို့သည်လည်း၊ မိမိတို့၌ပါသော တပါးအမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သော နားပန်းတန်ဆာ ရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင် ရှိသော သပိတ်ပင်အောက်၌ မြှုပ်ထားလေ၏။ သူတို့ ပြောင်းသွားကြသောအခါ၊ ပတ်ဝန်းကျင်မြို့သားတို့သည် ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယာကုပ်သားတို့ကို မလိုက်ဝံ့ဘဲ နေကြ၏။ ယာကုပ်သည် မိမိ၌ ပါသောသူ အပေါင်းတို့နှင့်တကွ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော၊ ဗေသလအရပ်သို့ ရောက်ကြသော်၊ ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလအမည်ဖြင့် တဖန် သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှ ပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင် ထင်ရှားတော်မူသတည်း။


ဘုရားသခင်က ယာကုပ်အား ကတိပေးပြန်
CROSS REFERENCES






ရေဗက္က(Rebekah) ၏ အထိန်း ဒေဗောရ (Deborah) သေ၍၊ ဗေသလအရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုလ်ခြင်းကို ခံရလေ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍ တွင်သတည်း။ ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသောနောက်၊ တဖန် ဘုရားသခင်ထင်ရှား၍ ကောင်းကြီးပေးတော်မူပြီးလျှင်၊ ၁၀ သင်သည် ယခု ယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ။ ဣသရေလ ဟူ၍ခေါ်ရမည်၊ ဟုမိန့်တော်မူလျက်၊ ဣသရေလ အမည်ဖြင့် သမုတ်တော်မူ၏။ ၁၁ တဖန် ဘုရားသခင်က၊ ငါသည် အနန္တတန်ခိုးရှင် [A] ဘုရားသခင် ဖြစ်၏။ တိုးပွားများပြားလော့။ လူတမျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။ ၁၂ အာဗြဟံနှင့်ဣဇာက်အား ငါပေးသောမြေကို၊ သင်နှင့် သင်၏အမျိုးအနွယ်အား ငါပေးမည်၊ ဟုမိန့်တော်မူ၏။ ၁၃ ထိုသို့ ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်မှ၊ ဘုရားသခင်တက်ကြွတော်မူ၏။၁၄ ဘုရားသခင်နှုတ်ဆက်၍ မိန့်တော်မူရာအရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကို စိုက်၍၊ ကျောက်ဖျာပေါ်၌ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ဆီကို၎င်း၊ လောင်းလေ၏။ ၁၅ ဗျာဒိတ်တော်ကို ခံရသော ထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တဖန်သမုတ်ပြန်လေ၏။


ဧဖရတ်မြို့၌ ရာခေလသေ
CROSS REFERENCES






၁၆ ထိုနောက် တဖန် ဗေသလအရပ်မှ ခရီးသွားပြန်၍၊ ဧဖရတ်မြို့(Ephrath)နှင့် နီးသောအခါ၊ ရာခေလ(Rachel)သည် သားဖွားအံ့သော အချိန်ရောက်၍၊ ပြင်းစွာသောဝေဒနာကို ခံရ၏။ ၁၇ ထိုသို့ ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ်နှင့်၊ [B] သား ယောက်ျားကိုရပြီ၊ ဟုဆိုလေ၏။ ၁၈ ရာခေလလည်း သေအံ့ဆဲဆဲရှိ၍၊ ဝိညာဉ်ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိ (Benoni) အမည်ဖြင့် မှည့်လေ၏။ အဘမူကား၊ ဗင်္ယာမိန်(Benjamin) အမည်ဖြင့် မှည့်သတည်း။ ၁၉ ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွားသောလမ်းခရီးတွင်၊ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ ၂၀ ယာကုပ်လည်း၊ သင်္ချိုင်းပေါ်မှာ မှတ်တိုင်စိုက်လေ၏။ ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏ သင်္ချိုင်းမှတ်တိုင် ဖြစ်သတည်း။


ယာကုပ်၏သားများ

၂၁ ဣသရေလသည် တဖန်ခရီးသွားပြန်၍၊ ဧဒလင့်စင်ကို လွန်ပြီးမှ တဲကိုဆောက်လေ၏။ ၂၂ ထိုအရပ်၌ နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့် အိပ်လေ၏။ ထိုသတင်းကို ဣသရေလကြား၏။ ၂၃ ယာကုပ်သား တကျိပ်နှစ်ပါးရှိ၏။ လေအာ(Leah)တွင်မြင်သောသားကား၊ ယာကုပ်၏သားဦးရုဗင်(Reuben)၊ အစရှိသောရှိမောင်(Simeon)၊ လေဝိ(Levi)၊ ယုဒ(Judah)၊ ဣသခါ(Issachar)၊ ဇာဗုလုန်(Zebulun)တည်း။ ၂၄ ရာခေလ(Rachel)သားကား၊ ယောသပ်နှင့်ဗင်္ယာမိန်(Joseph and Benjamin)တည်း။ ၂၅ ရာခေလ၏ကျွန်မ ဗိလဟာ(Bilhah)သားကား၊ ဒန်နှင့်နာဿလိ(Dan and Naphtali)တည်း။ ၂၆ လေအာ၏ကျွန်မ ဇိလပ(Zilpah)သားကား၊ ဂဒ်နှင့်အာရှာ(Gad and Asher)တည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ ဖွားမြင်သော ယာကုပ်၏ သားများတည်း။


ယာကုပ်အဘ ဣဇာက်ထံသို့ရောက်၍ ဣဇာက်သေ

၂၇ ထိုနောက် ယာကုပ်သည် အာဗြဟံနှင့် ဣဇာက်တည်းခိုရာ မံရေ(Mamre)အရပ်၊ ဟေဗြုန်မြို့(Hebron) တည်းဟူသော ကိရယသာဘမြို့(Kiriath-arba)၌ နေသော၊ အဘဣဇာက်ထံသို့ရောက်လေ၏။ ၂၈ ဣဇာက်အသက်သည် အနှစ်တစ်ရာ့ရှစ်ဆယ်နှင့် ပြည့်စုံသည်ရှိသော်၊ ၂၉ အသက်ကြီးရင့်ကာ၊ ကာလပြည့်စုံရာ၌ အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ သားဧသောနှင့် ယာကုပ်တို့သည် သင်္ဂြိုလ်ကြ၏။ [C]



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.