-
AA
+
🡀
|
🡂
ဧဖက် ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဧဖက် ဩဝါဒစာ
အခန်းကြီး ၁


ပေါလု၏ ဧဖက်အသင်းတော်ထံ နှုတ်ခွန်းဆက်စကား
CROSS REFERENCES






ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော် ဖြစ်သော ငါပေါလုသည်၊ ဧဖက်မြို့၌ နေသော သန့်ရှင်းသူ တည်းဟူသော၊ ယေရှုခရစ်ကို ယုံကြည်သော သူတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင့်အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော်။ ငါတို့သည် ဘုရားသခင့် ရှေ့တော်၌၊ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊ [A] ဤကမ္ဘာ မတည်မရှိမှီ၊ ငါတို့ကို ခရစ်တော်၌၊ ရွေးကောက်တော်မူသည် နှင့်အညီ၊ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့၌၊ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့်၊ ငါတို့အား ပေးသနားတော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည်၊ မင်္ဂလာ ရှိတော်မူစေသတည်း။


သားတော်ကြောင့် ပေးသော ကျေးဇူးတော်များ
CROSS REFERENCES






ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို၊ ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှုခရစ်အားဖြင့်၊ သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။ ခပ်သိမ်းသော သတိ ပညာတော်နှင့် လျော်စွာ၊ ငါတို့၌ အတိုင်းထက် အလွန် များလှစွာသော ကျေးဇူးတော်သည်၊ ကြွယ်ဝ ပြည့်စုံသည် နှင့်အညီ၊ ထိုသားတော်၏ အသွေးအားဖြင့်၊ အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို၊ ငါတို့သည် ခံရကြ၏။ ဘုရားသခင်သည်၊ နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သော အလိုတော်၏ နက်နဲသောအရာကို၊ [B] ငါတို့အား ပြတော်မူ၏။


ကောင်းကင်နှင့် မြေကြီးပေါ်ရှိသမျှ ခရစ်တော်၌ ချုပ်ခြာစေမည်
CROSS REFERENCES






၁၀ ထိုနက်နဲသော အရာဟူမူကား၊ ကာလအချိန် စေ့စုံခြင်း၏ သာသနာတွင်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို ပေါင်း၍၊ ခရစ်တော်၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း။ ၁၁ မိမိစေတနာ၏ အလိုတော်သို့ လိုက်၍၊ အလုံးစုံတို့ကို စီရင် ပြုပြင်တော်မူတတ်သော သူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့် မှတ်သားတော်မူသည် နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။ [C] ၁၂ အကြောင်းမူကား၊ ခရစ်တော်ကို မျှော်လင့်နှင့်သော ငါတို့အားဖြင့်၊ ဘုန်းတော်ကို ချီးမွမ်းစေခြင်း အကြောင်း ဖြစ်သတည်း။


ဧဝံဂေလိတရား ယုံကြည်သောအခါ ဝိညာဉ်တော်တံဆိပ်ခတ်
CROSS REFERENCES






၁၃ သင်တို့သည်လည်း၊ ကယ်တင်တော်မူခြင်း အကြောင်းနှင့် ယှဉ်သော၊ ဧဝံဂေလိတရား တည်းဟူသော၊ သမ္မာတရား [D]ကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ကတိတော်နှင့် ယှဉ်သော၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြပြီ။ ၁၄ ပိုင်ထိုက်တော်မူသော သူတို့သည်၊ ဘုန်းတော်ကို ချီးမွမ်းခြင်း အကြောင်းနှင့်၊ ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီ ကာလပတ်လုံး၊ ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏ စရန် ဖြစ်တော်မူ၏။


ဧဖက် အသင်းတော်အတွက် ပေါလုဆုတောင်း
CROSS REFERENCES






၁၅ ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့်၊ သန့်ရှင်းသူ အပေါင်းတို့ကို ချစ်ခြင်း အကြောင်းကို၊ ငါသည် ကြားပြီးလျှင်၊ ၁၆ သင်တို့ကို အကြောင်းပြု၍၊ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းလျက်၊ [E] သင်တို့ အဖို့ အလိုငှာ ဆုတောင်း ပဌနာပြုလျက် နေ၏။ ၁၇ ဆုတောင်းသော အချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင် ဖြစ်တော်မူသော၊ ဘုန်းကြီးသော အဘ ခမည်းတော်သည်၊ ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကို၎င်း၊ ထိုးထွင်းသော ဥာဏ်ကို၎င်း၊ သင်တို့အား ပေးပါမည် အကြောင်း၊ ၁၈ ခေါ်တော်မူသောကြောင့် မျှော်လင့်ရသော အရာကား၊ အဘယ်အရာ ဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့သည် ခံရသော အမွေတော်၏ ဘုန်းစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို၎င်း၊ ၁၉ ယုံကြည်သော ငါတို့၌ ပြတော်မူသော၊ အလွန် ကြီးလှစွာသော တန်ခိုးတော်ကား၊ အဘယ်မျှလောက် ကြီးသည်ကို၎င်း၊ သင်တို့သည် သိစေခြင်းငှာ၊ သင်တို့၏ ဥာဏ်မျက်စိကို လင်းစေပါမည် အကြောင်း၊ ဆုတောင်း ပဌနာပြု၏။


အသင်းတော်၏ ဦးခေါင်းခရစ်တော်
CROSS REFERENCES






၂၀ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍၊ ခရစ်တော်၌ ပြုပြင်သော၊ မဟာတန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။ ၂၁ ခပ်သိမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍၊ ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ် သမုတ်သော ဘွဲ့နာမ အလုံးစုံတို့ အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ယာတော်ဖက်မှာ၊ အလွန်မြင့်မြတ်သော နေရာကို ခရစ်တော်အား ပေးတော်မူ၍၊ ၂၂ ခြေဖဝါးတော် အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော် အဖို့ အလိုငှာ၊ သူ့ကို အလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။ ၂၃ ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ၏၊ ပြည့်စုံခြင်း တည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။ [F]



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.