-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၃၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၃၉


ယောသပ် ပေါတိဖါအိမ်၌ ကျွန်ဖြစ်

ဣရှမေလ(Ishmaelites) လူတို့သည် ယောသပ်ကိုဆောင်သွား၍ အဲဂုတ္တုပြည်သို့ ရောက်သောအခါ၊ အဲဂုတ္တုအမျိုးသား ဖာရောဘုရင်၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ပေါတိဖာ(Potiphar) ထံမှာရောင်းကြ၏။ ထာဝရဘုရားသည် ယောသပ်ဘက်၌ ရှိတော်မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုးသား မိမိသခင်၏အိမ်၌ နေရလေ၏။ သူ့ဘက်၌ ထာဝရဘုရားသည် ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင်လည်းသိမြင်၏။ ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌ မျက်နှာရ၍ ခစားလျက်နေရ၏။ သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာ၌ ခန့်ထား၍ ဥစ္စာရှိသမျှကို အပ်လေ၏။ ထိုသို့ အိမ်နှင့်ဥစ္စာရှိသမျှကို အုပ်စိုးစေသည်ကာလမှစ၍၊ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် အတွင်း၊ အပြင်၊ ဥစ္စာရှိရှိသမျှ အပေါ်မှာလည်း သက်ရောက်လေ၏။ သခင်သည် မိမိ၌ရှိသမျှကို ယောသပ်လက်သို့ အပ်၍၊ မိမိစားသော အစာမှတပါး အခြားသောဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှသောသူဖြစ်၏။

ယောသပ် ဖြောင့်မတ်သောကြောင့် ထောင်ကျ

ထိုနောက်မှ သခင်၏မယားသည်၊ ယောသပ်ကို တပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါ ဟုဆို၏။ ယောသပ်ကလည်း၊ ​ကျွန်တော်သခင်သည် အိမ်တော်၌ ရှိသမျှသောဥစ္စာတို့ကို၊ ကျွန်တော်လက်သို့အပ်ပါပြီ။ ​ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ပါ။ ဤအိမ်တွင်လည်း​ ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မ မှတပါး၊ အဘယ်အရာကိုမျှ​ ကျွန်တော်အား မမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသော ဤအမှုကို ​ကျွန်တော်ပြု၍၊ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း ၊ ဟုသခင်၏မယားကို ငြင်း၍ပြန်ဆို၏။ ၁၀ ထိုသို့ သခင်မသည် နေ့တိုင်းသွေးဆောင်သော်လည်း၊ ယောသပ်သည် သူ၏စကားကို နားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကိုရှောင်လေ၏။ ၁၁ တစ်နေ့သ၌ ယောသပ်သည် အမှုဆောင်ခြင်းငှာ အိမ်ထဲသို့ဝင်၍၊ အိမ်သားယောက်ျား တစ်ယောက်မျှ မရှိသောအခါ၊ ၁၂ သခင်မက ငါနှင့်အတူအိပ်ပါ ဟုဆိုလျက်၊ ယောသပ်အဝတ်ကို ကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိအဝတ်ကို စွန့်၍ ပြင်သို့ ထွက်ပြေးလေ၏။ ၁၃ ထိုသို့ သခင်မလက်၌ မိမိအဝတ်ကိုစွန့်၍၊ ပြင်သို့ထွက်ပြေးသည်ကို သခင်မ သိမြင်သောအခါ၊ ၁၄ အိမ်သားယောက်ျားတို့ကိုခေါ်၍၊ သင်တို့ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှာ၊ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူအိပ်ခြင်းငှာ ဝင်လာ၍၊ ငါသည် ကျယ်သောအသံနှင့် အော်ဟစ်ရ၏။ ၁၅ ကျယ်ကျယ်အော်ဟစ်သံကို ကြားလျှင်၊ သူသည် မိမိအဝတ်ကိုစွန့်၍၊ ပြင်သို့ထွက်ပြေးသည်၊ ဟုဆိုပြီးလျှင်၊ ၁၆ သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကိုမိမိ၌ ထားလေ၏။ ၁၇ သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်းထားသော ဟေဗြဲ​ကျွန်သည်၊ ကျွန်ုပ်ကို မရိုမသေပြုခြင်းငှာ ဝင်လာပါ၏။ ၁၈ ​ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ်သောအခါ၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးပါသည်၊ ဟူသောစကားဖြင့် ကြားပြောလေ၏။ ၁၉ ကိုယ်တော်၏ကျွန်သည် ကျွန်ုပ်၌ ဤသို့ပြုခဲ့ပြီ ၊ ဟုမယားပြောသောစကားကို သခင်ကြားလျှင်၊ ယောသပ်ကို အမျက်ထွက်၍၊ ၂၀ ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသောသူတို့နေရာ၊ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင်ထဲမှာနေရ၏။ ၂၁ သို့သော်လည်း ထာဝရဘုရားသည် သူ့ဘက်၌ရှိ၍၊ ကယ်မ သနားတော်မူသဖြင့်၊ ထောင်မှူးထံ မျက်နှာရစေတော်မူ၏။ ၂၂ သို့ဖြစ်၍ ထောင်မှူးသည် ထောင်၌ ချုပ်ထားသောသူ အပေါင်းတို့ကို၊ ယောသပ်လက်သို့အပ်၍၊ ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။၂၃ ထိုနောက် ထောင်မှူးသည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.