-
AA
+
🡀
|
🡂
၂ ကောရိန္သု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၁


ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းရှိပါစေသော်

ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီ တိမောသေသည်၊ ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှစ၍၊ အခါယပြည် အရပ်ရပ်တို့၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော်။ သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏ အရှင်တည်းဟူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည်၊ မင်္ဂလာရှိတော်မူစေသတည်း။


ဆင်းရဲခြင်းနှင့် သက်သာခြင်းခံရခြင်း
CROSS REFERENCES






ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်၊ ကိုယ်တိုင်သက်သာခြင်း ရှိသကဲ့သို့၊ ဆင်းရဲခြင်းအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည်၊ ငါတို့အား သက်သာစေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည်နည်းတူ၊ ခရစ်တော်၏ ကျေးဇူးအားဖြင့်ငါတို့ခံရသော သက်သာခြင်းသည်၊ အလွန်များပြား၏။ သို့ဖြစ်၍ ငါတို့သည် ဆင်းရဲခြင်းကို ခံရသော်၎င်း၊ သက်သာခြင်းသို့ရောက်သော်၎င်း၊ သင်တို့၏သက်သာခြင်းနှင့် ကယ်တင်ခြင်းအကျိုး အလို့ငှါဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကို ခံရသကဲ့သို့၊ သင်တို့သည် သည်းခံသောစိတ်နှင့် ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည် ပြည့်စုံတတ်၏။ သင်တို့အတွက်ကြောင့် ငါတို့သည် မရွေ့နိုင်သော မျှော်လင့်ခြင်းရှိ၏။ [A] သင်တို့သည် ဆင်းရဲခြင်းကို ဆက်ဆံသကဲ့သို့၊ ထိုနည်းတူ သက်သာခြင်းကို ဆက်ဆံကြ၏၊ ဟုငါတို့သည်သိကြ၏။


မိမိကိုယ်ကိုအားမကိုးဘဲ ဘုရားအားကိုးဘို့ ခံစားစေ
CROSS REFERENCES





CROSS REFERENCES






ညီအစ်ကိုတို့၊ အာရှိပြည်၌ ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်၊ ဟုထင်ရ၍၊ မခံနိုင်အောင် အတိုင်းထက်အလွန် လေးသော ဆင်းရဲခံရကြောင်းကို၊ သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့အလိုမရှိ။ [B] ငါတို့သည် မိမိကိုယ်ကို အစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရားသခင်ကို ကိုးစားမည်အကြောင်း၊ သေစေဟု စီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ ဖြစ်၏။ ၁၀ ထိုဘုရားသခင်သည် ငါတို့ကို၊ ထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌လည်း ကယ်လွှတ်တော်မူသေး၏။ ၁၁ သင်တို့သည် ကူညီ၍ ငါတို့အဘို့ ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ ဟု ငါတို့သည် ယုံကြည် မျှော်လင့်ခြင်းရှိ၏။ [C] ထိုသို့ဖြစ်လျှင် အများသောသူတို့သည် ကူညီသောအားဖြင့်၊ ငါတို့၌ ရောက်သော ဆုကျေးဇူးကို၊ အများသောသူတို့သည် ထောက်၍၊ ငါတို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။


အပြန်အလှန် ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်ကြ

၁၂ ငါတို့ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဟူမူကား၊ လောကီပညာကို အမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍၊ လျစ်လျူသောစိတ်နှင့်၎င်း၊ ဘုရားသခင် အလိုတော်ရှိသော ကြည်ဖြူခြင်းနှင့်၎င်း၊ ငါတို့သည် ဤလောက၌ ကျင့်ကြံပြုမူ၍၊ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကိုကိုယ်သိသော စိတ်သည် သက်သေခံသတည်း။ ၁၃ သင်တို့သည် ဖတ်၍ဝန်ခံသော အရာမှတပါး၊ ၁၄ အခြားသောအရာကို ငါတို့သည်ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင်ယေရှုခရစ်၏ နေ့၌ ငါတို့၏ ဝါကြွားဝမ်းမြောက်ခြင်း အ​ကြောင်းဖြစ်သကဲ့သို့၊ ငါတို့သည် သင်တို့၏ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်ကြသည်၊ ဟုသင်တို့သည် ငါတို့ကိုအနည်းငယ်အားဖြင့် ဝန်ခံသည်အတိုင်း၊ အစဉ်ဝန်ခံကြလိမ့်မည်၊ ဟုငါတို့သည် မျှော်လင့်လျက်နေကြ၏။


ပေါလုသည် ယုဒပြည်သွားရင်း ကောရိန္သုအသင်းတော်သို့ဝင်ချင်

၁၅ အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ၍၊ သင်တို့သည် တဖန် ဆုကျေးဇူးတော်ကို ခံရစေခြင်းငှါ၊ ငါသည် သင်တို့ဆီသို့ အရင်လာမည်ဟု အကြံရှိ၏။ ၁၆ သင်တို့အနားမှာ လျှောက်၍ မာကေဒေါနိ (Macedonia)ပြည်သို့ သွားပြီးလျှင်၊ တဖန် မာကေဒေါနိပြည်မှ သင်တို့နေရာသို့လာ၍၊ ယုဒပြည်တိုင်အောင် သင်တို့ပို့ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ၏။ ၁၇ ထိုသို့ အကြံရှိသောအခါ လျှပ်ပေါ်သောစိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာဟုတ်မှန်၏၊ ဟုတ်မှန်၏ဟူ၍၎င်း၊ မဟုတ်မမှန်၊ မဟုတ်မမှန်ဟူ၍၎င်း၊ ဖြစ်စေခြင်းငှါ ငါကြံစည်သောအရာကို ဇာတိပကတိအတိုင်း ကြံစည်သလော။ ၁၈ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသကဲ့သို့၊ သင်တို့ဆီသို့ ငါတို့ပေးလိုက်သော စကားသည် ဟုတ်မှန်၏ဟူ၍၎င်း၊ မဟုတ်မမှန်ဟူ၍၎င်း မဆိုလို။ ၁၉ ငါမှစ၍ သိလွှာနု (Silvanus)နှင့် တိမောသေတို့သည်၊ သင်တို့အား ဟောပြောသော ဘုရားသခင်၏ သားတော် ယေရှုခရစ်သည် ဟုတ်မှန်၏ဟူ၍၎င်း၊ မဟုတ်မမှန်ဟူ၍၎င်း မဆိုလိုဘဲ၊ ကိုယ်တော်မှာ ဟုတ်မှန်၏ဟူ၍သာ ဆိုလိုသတည်း။ ၂၀ ထိုသခင်မှာ ဘုရားသခင်၏ ဂတိတော်ရှိသမျှတို့သည်၊ ငါတို့အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှား စေခြင်းအလိုငှါ၊ ဟုတ်မှန်၏ဟူ၍၎င်း၊ အာမင်ဟူ၍၎င်း၊ ဖြစ်သတည်း။


ဘုရားကငါတို့ကို ဝိညာဉ်တော် စရန်သွင်းပေး

၂၁ သင်တို့နှင့် ငါတို့ကို ခရစ်တော်၌ တည်စေ၍၊ ဘိသိက်ပေးသောသူကား၊ ဘုရားသခင်ဖြစ်သတည်း။ ၂၂ ထိုဘုရားသခင်သည် ငါတို့ကို တံဆိပ်ခတ်၍၊ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော၊ စရန်ကို သွင်းပေးတော်မူ၏။ ၂၃ ငါသည် သင်တို့ကို သနားသောကြောင့်သာ၊ ယခုတိုင်အောင် ကောရိန္သုမြို့သို့မလာဟု ငါ့စိတ်ဝိညာဉ်ဘက်၌ ဘုရားသခင်ကို ငါတိုင်တည်၏။ ၂၄ ထိုသို့ဆိုသော်လည်း၊ ငါတို့သည် သင်တို့၏ ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ ဝမ်းမြောက်ခြင်းအကြောင်းကို ကူမ၍သာ ပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည် တည်နိုင်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.