-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၆


ဘုရားသားများနှင့် လူ့သမီးများ ပေါင်းဖော်ကြ
CROSS REFERENCES






မြေကြီးမျက်နှာပေါ်မှာ လူတို့သည် များပြား၍၊ သမီးများကိုလည်း ရကြသောအခါ၊ ဘုရားသခင်၏သားတို့သည်၊ [A] လူသမီးတို့ လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။ ထာဝရဘုရားကလည်း၊ ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ [B] အကြောင်းမူ ကား၊ လူတို့သည်အသားဖြစ်၏။ သူ၏အသက်တမ်းသည်လည်း အနှစ်တစ်ရာနှစ်ဆယ်ဖြစ်စေ၊ ဟုမိန့်တော်မူ၏။ ထိုကာလ၌ မြေကြီးပေါ်မှာ၊ ကိုယ်ကြီးမား သောသူ [C](a) အချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏သားတို့သည်၊ [D] လူသမီးတို့နှင့် ဆက်ဆံ၍ရသောသားတို့ သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူဖြစ်ကြ၏။


မြေကြီးပေါ်၌ လူအပြစ်ကြီး

မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံး အကြံအစည်ရှိသမျှတို့သည်၊ အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊ မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။ ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသောလူကို၎င်း၊ လူမှစ၍သားများ၊ တွားတတ်သောတိရစ္ဆာန်များ၊ မိုးကောင်းကင် ငှက်များတို့ကို၎င်း၊ မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကိုဖန်ဆင်းသောကြောင့် ငါနောင်တရသည်၊ ဟုမိန့်တော်မူ၏။ နောဧမူကား၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့သောသူ ဖြစ်သတည်း။

CROSS REFERENCES






နောဧ ဘုရားသခင်နှင့် သွားလာသောသူ [E]

နောဧ အတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ ‌စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူ သွားလာ၏။ ၁၀ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော၊ သားသုံးယောက်ကိုမြင်လေ၏။ ၁၁ ထိုအခါ မြေကြီးသည်၊ ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ၁၂ ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောအခါ၊ [F] ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ လူအပေါင်းတို့သည်၊ ဖောက်ပြန်ခြင်းသို့ ရောက်ကြပြီ။


ဘုရားကနောဧကိုသင်္ဘောဆောက်ခိုင်း

၁၃ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့်မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ၁၄ ဂေါဖရသစ်သားဖြင့်၊ သင်္ဘောကို ကိုယ်ဖို့တည်လုပ်လော့။ အထဲ၌လည်း အခန်းများကိုလုပ်လော့။ အတွင်း၊ အပြင်၊ ပတ်လည်ကို ထင်းရှုးစေးနှင့်သုတ်လော့။ ၁၅ လုပ်ရမည်ပုံဟူမူကား၊ သင်္ဘောအလျား အတောင်သုံးရာ၊ အနံအတောင် ငါးဆယ်၊ အမြင့်အတောင် သုံးဆယ်ရှိစေရမည်။ ၁၆ အပေါ်၌ လည်းအမိုးကိုလုပ်ရမည်။ ထိုအမိုးအပေါ်အလယ်ချက်၌ ၊ ထိပ်အုပ်အနံ တတောင်အကျယ်ရှိစေရမည်။ သင်္ဘောနံတဘက်၌ လည်းတံခါးကိုလုပ်ရမည်။ အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်ကိုလည်းရှိစေရမည်။ ၁၇ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို၊ ကောင်းကင်အောက်မှ ငါကိုယ်တိုင် ပယ်ရှင်းခြင်းငှါ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့် မြေပေါ်မှာရှိသမျှတို့သည် သေရကြမည်။ ၁၈ သင်၌ မူကား၊ ငါ့ပဋိညာဉ် [G] ကို ငါတည်စေမည်။ သင်သည်၊ သားမယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်ရမည်။ ၁၉ အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက်ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့သွင်းရမည်။ ၂၀ ငှက်လည်းအမျိုးအလိုက်၊ သားလည်းအမျိုးအလိုက်၊ တွားတတ်သော တိရစ္ဆာန် အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာစေခြင်းငှါ၊ သင့်ထံသို့လာကြလိမ့်မည်။ ၂၁ ကိုယ်စားစရာအဖို့၊ တိရစ္ဆာန် တို့စားစရာအဖို့၊ စားအပ်သော အစာအမျိုးမျိုးကိုယူ၍ သိုထားရမည်၊ ဟုဘုရားသခင်မှာ ထားတော်မူ၏။ ၂၂ မှာထားတော်မူသည် အတိုင်းလည်း နောဧပြုလေ၏။

_________________________
Footnotes


(a) הַנְּפִלִ֞ים Nephilim မြန်မာကျမ်းစာအုပ်၌ "ကိုယ်ကြီးမားသောသူ" ဟုရေးထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.