-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၃


မြွေကမိန်းမကိုလိမ်၍ တားမြစ်သောအသီးစား
CROSS REFERENCES






မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော၊ မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား သင်တို့သည်၊ ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရ၊ ဟုဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလော၊ ဟုမေး၏။ မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသော၊ အပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့၊ သို့မဟုတ် သေမည်၊ ဟုဘုရားသခင် အမိန့်တော်ရှိသည်၊ဟုမြွေအားဆို၏။ [A] မြွေကလည်းသင်တို့သည်၊ ဧကန်အမှန်သေရမည်မဟုတ်၊ အကြောင်းမူကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက်၊ ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို ဘုရားသခင် သိတော်မူသည်၊ ဟုမိန်းမအားဆို၏။ ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွား စေလိုသောငှါ၊ နှစ်သက်ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်းပေး၍၊ သူသည်လည်းစား၏။ ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌အဝတ်အချည်းစည်း ရှိသည်ကိုသိမြင်လျှင်၊ [B]မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင် အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။


လူလင်မယားထံဘုရားရှင်လာ
CROSS REFERENCES






နေအေးသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင် ဘုရားသခင် ကြွတော်မူသောအသံကို၊ လူလင်မယား တို့သည်ကြားလျှင်၊ အထံတော်မှလွတ်ခြင်းငှါ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက် နေကြ၏။ ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်း၊ ဟုလူကိုခေါ်တော်မူ၏။ ၁၀ လူကလည်းဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်း ရှိသောကြောင့်၊ ကြောက်၍ [C] ပုန်းလျက်နေပါသည်၊ ဟုလျှောက်လေ၏။ ၁၁ ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်း ရှိသည်ကို၊ သင်အား အဘယ်သူပြောသနည်း။ မစားရ၊ ဟုငါပညတ်‌သော အပင်၏အသီးကို၊ စားပြီလော၊ ဟုမေးတော်မူ၏။ ၁၂ လူကလည်း ကျွန်တော်၌ အပ်ပေးတော်မူသော မိန်းမသည်၊ ထိုအပင်၏ အသီးကိုပေး၍ ကျွန်တော် စားမိပါသည်၊ ဟုလျှောက်လေ၏။ ၁၃ ထာဝရအရှင် ဘုရားသခင် ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်း၊ ဟုမိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည် စားမိပါပြီ၊ ဟုလျှောက်လေ၏။


ထာ၀ရဘုရားက မြွေကို ကျိန်

၁၄ ထာဝရအရှင် ဘုရားသခင်သည် မြွေကိုခေါ်၍၊ သင်သည် ဤအမှုကို ပြုသောကြောင့်၊ သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍၊ မြေမှုန့်ကို တသက်လုံးစားရမည်။ ၁၅ သင်နှင့် မိန်းမကို၎င်း၊ သင်၏ အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။


လူလင်မယားတို့ကို တရားစီရင်
CROSS REFERENCES






၁၆ မိန်းမကိုလည်း၊ သင်၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကိုခံ၍ သားဖွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍၊ သူ၏အုပ်စိုးခြင်းကို လည်းခံရမည်၊ ဟုမိန့်တော်မူ၏။ ၁၇ ယောက်ျားကိုလည်း၊ ထိုအပင်၏ အသီးကိုမစားရ၊ ဟုငါပညတ်သော်လည်း၊ သင်သည် မယား၏စကားကို နားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းခံလျက်ရှိ၏။ [D]မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။ ၁၈ ဆူးပင် အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ ၁၉ သင်ထွက်ရာမြေသို့ မပြန်မှီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်၊ ဟုမိန့်တော်မူ၏။ [E]


လူလင်မယားကို အဝတ်ပေး၍ ဥယျာဉ်မှနှင်ထုတ်

၂၀ ထိုအခါ လူသည် မိမိမယားကို ဧဝ အမည် ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ သူသည် အသက်ရှင်သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။ ၂၁ ထာဝရအရှင် ဘုရားသခင်သည်လည်း၊ လူလင်မယားဖို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍၊ ဝတ်ခြုံစေတော်မူ၏။ ၂၂ ထာဝရအရှင် ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းသိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင် [F] ၏ အသီးကိုယူ၍ မစားသင့် ၊ ဟုမိန့်တော်မူ၏။ ၂၃ လူသည် မိမိထွက်သောမြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင် ဘုရားသခင်သည်၊ ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။ ၂၄ ထိုသို့ လူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစက် လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.