-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၄


ကာဣန နှင့် အာဗေလ ယဇ်ပူဇော်
CROSS REFERENCES





CROSS REFERENCES






ထိုနောက်၊ လူအာဒံသည် မယားဧဝနှင့် ဆက်ဆံသဖြင့်၊ ဧဝသည် ပဋိသန္ဓေ [A] စွဲယူ၍၊ ကာဣန ကိုဖွားမြင်လျှင်၊ ထာဝရဘုရား၏ လူကိုငါရပြီ၊ ဟုဆိုလေ၏။ တဖန်သူ့ညီ အာဗေလ ကိုဖွားမြင်လေ၏။ အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကား လယ်လုပ်သောသူ ဖြစ်၏။ အချိန်စေ့သောအခါ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဖို့ မြေအသီးကိုဆောင်ခဲ့၏။ အာဗေလသည်လည်း၊ မိမိသိုးစုတွင် အဦးဖွားသောသား အချို့နှင့်၊ သိုးဆီဥကို ဆောင်ခဲ့၏။ ထာဝရဘုရားသည် အာဗေလနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။ ကာဣနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏပြုတော်မမူ။ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍၊ မျက်နှာပျက်လေ၏။ ထာဝရဘုရား ကလည်း၊ သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း။ သင်သည် ကောင်းမွန်စွာပြုလျှင် အခွင့်မရသလော။ ကောင်းမွန်စွာမပြုလျှင်၊ အပြစ်ဖြေသော ယဇ်ကောင်သည်၊ (a) [B] တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည်သင်၏ အလိုသို့လိုက်၍၊ သင်သည် သူ့ကိုအုပ်စိုးရ၏ [C]၊ ဟုကာဣနကို မိန့်တော်မူ၏။


ကာဣန က ညီအာဗေလကိုသတ်

ကာဣနကလည်း လယ်သို့သွားကြကုန်အံ့၊ ဟုညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကို ရန်ဘက်ပြု၍ သတ်လေ၏။ ထာဝရဘုရားကလည်း၊ သင့်ညီ အာဗေလသည် အဘယ်မှာရှိသနည်း၊ ဟုကာဣနကိုမေးတော်မူလျှင် အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုစောင့်ရသောသူ ဖြစ်ပါသလော၊ ဟုလျှောက်ဆို၏။ ၁၀ ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည်၊ မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား။ ၁၁ သို့ဖြစ်၍ သင့်ညီ၏အသွေးကို ခံယူခြင်းငှါ၊ မိမိပါးစပ်ကို ဖွင့်သောမြေကြီး၏ ကျိန်ခြင်းကို သင်သည်ခံရသောကြောင့်၊ ၁၂ ယခုမှစ၍ မြေ၌ လုပ်သောအခါ၊ ပကတိအတိုင်း အသီးအနှံကို မရရ။ မြေကြီးပေါ်မှ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၃ ကာဣနကလည်း အကျွန်ုပ်အပြစ်သည်၊ မဖြေနိုင်အောင် ကြီးပါသလော။ ၁၄ အကျွန်ုပ်ကိုမြေ ကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည် ရသောသူ ဖြစ်ပါရမည်။ တွေ့သမျှသောသူတို့သည်၊ အကျွန်ုပ်ကို သတ်ပါလိမ့်မည်၊ ဟုထာဝရဘုရားကို လျှောက်ဆို၏။ ၁၅ ထာဝရဘုရား ကလည်းသို့ဖြစ်၍၊ ကာဣနကို သတ်သောသူမည်သည်ကား၊ ခုနစ်ဆသော အပြစ်ဒဏ်ကိုခံရလိမ့်မည်၊ ဟု [D] မိန့်တော်မူပြီးလျှင်၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှ မသတ်စေခြင်းငှါ၊ ထာဝရဘုရားသည်သူ၌ အမှတ်ပေးတော်မူ၏။


ကာဣန ဘုရားထံမှထွက်၍ ဧနောက်မြို့တည်

၁၆ ကာဣနသည် ထာဝရဘုရား ထံတော်မှ ထွက်သွား၍၊ ဧဒင်ပြည်အရှေ့၊ နောဒပြည်တွင်နေလေ၏။ ၁၇ ထိုအခါ ကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍၊ သားဧနောက်ကို ဖွားမြင်လေ၏။ ကာဣနသည်လည်း မြို့ကိုတည်၍၊ မိမိသား၏ အမည်အလိုက်၊ ထိုမြို့ကို ဧနောက်မြို့၊ ဟုသမုတ်လေ၏။ ၁၈ ဧနောက်သားကား၊ ဣရဒ်၊ ဣရဒ်သားကား၊ မဟုယေလ၊ မဟုယေလသားကား၊ မသုရှလ၊ မသုရှလ သားကား၊ လာမက်တည်း။


မွေးမြူရေး၊ တူရိယာ၊ ပန်းတဉ်းများစတင်

၁၉ လာမက်သည်၊ အာဒနှင့်ဇိလ အမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဘက်ပြု၍၊ ၂၀ အာဒသည် သားယာဗလကို ဖွားမြင်လေ၏။ ထိုသားကား၊ တဲ၌နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသောသူတို့၏ အဘဆရာ၊ ဖြစ်လေသတည်း။ ၂၁ ယုဗလအမည်ရှိသော ညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူ အပေါင်းတို့၏ အဘဆရာ ဖြစ်လေသတည်း။ ၂၂ ဇိလသည်လည်း၊ သားတုဗလကာဣနကို ဖွားမြင်လေ၏။ သူသည် ပန်းတဉ်းသမား၊ ပန်းပဲသမားအပေါင်းတို့၏ ဆရာဖြစ်လေ၏။ တုဗလကာဣန၏ နှမကား၊ နေမအမည်ရှိ၏။


လာမက် လူသတ်

၂၃ လာမက်ကလည်း အာဒနှင့်ဇိလ၊ ငါပြောသံကို မှတ်ကြလော့။ လာမက်မယားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါ့ကိုထိခိုက်သောလူ တစ်ယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသော လူတစ်ယောက်ကို ငါသတ်ခဲ့ပြီ။ ၂၄ ကာဣနသည် ခုနစ်ဆသော တရားကိုရလျှင်၊ အကယ်၍ လာမက်သည်၊ အဆခုနစ်ဆယ် ခုနစ်ဆသော တရားကိုရလိမ့်မည် ၊ ဟု [E]မိမိမယားတို့ကိုပြောဆို၏။


အာဒံနှင့်ဧ၀၌ သားရှေသ မွေး

၂၅ အာဒံသည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင်၊ မယားသည် သားကိုဖွားမြင်၍၊ ရှေသဟူသော အမည်ဖြင့်မှည့်လေ၏။ [F] အကြောင်းမူကား၊ ကာဣနသတ်သော အာဗေလကိုယ်စား၊ တစ်ပါးသော အနွယ်ကိုအကျွန်ုပ်အဖို့ ဘုရားသခင်၌၊ ခန့်ထားတော်မူပြီ၊ ဟုဆိုသတည်း။ ၂၆ ရှေသသည်လည်း သားကိုရ၍ ဧနုတ်ဟူသောအမည်ဖြင့် မှည့်လေ၏။ ထိုကာလ၌ ထာဝရဘုရား၏ နာမတော်ကိုအမှီပြု၍၊ ကိုးကွယ်စပြုကြလေ၏၊

_________________________
Footnotes


(a) חַטָּ֣את ḥaṭ·ṭāṯ ဟူသော ဟေဗြဲစကားလုံးကို အင်္ဂလိပ် ကျမ်းစာအုပ်အားလုံးနီးပါးက၊ "အပြစ်" ၊ ဟုဘာသာပြန်ထားသည်။ မြန်မာကျမ်းစာအုပ်တွင်၊ "အပြစ်ဖြေသောယဇ်ကောင်" ဟုဘာသာပြန်ထားသည်။ အပြစ်သည် မဝပ်နိုင်ပါ။ အပြစ်ဖြေသော ယဇ်ကောင်သည် တိရစ္ဆာန်ဖြစ်သောကြောင့် ဝပ်နိုင်သည်။ ကာဣနသည် လယ်သမားဖြစ်၍ ယဇ်ကောင် ပူဇော်စရာမရှိသောကြောင့် မြေအသီးကို ပူဇော်သည်။ ထို့ကြောင့် ဘုရားသခင်က၊ ယဇ်ကောင်ကို တံခါးနားမှာ ထားပေးခြင်းဖြစ်မည်။ ထိုအရာကိုသုံးလျှင် သူ့ကိုဘုရားသခင်က လက်ခံမည်ဖြစ်သည်။ သို့သော်သူသည် ထိုယဇ်ကောင်ကိုမသုံးဘဲ၊ သူ့ညီကိုရန်ပြု၍ သတ်လိုက်သည်။ ယနေ့ကျွန်ုပ်တို့လည်း၊ ဘုရားသခင်က ယဇ်ကောင်အဖြစ် ယေရှုကို ပေးထားသည် (ဟေဗြဲ ၉း၁၂၊ ၁၀:၅-၇)။ ထိုယဇ်ကောင်ကို အားမကိုးဘဲ၊ ကိုယ်ကျင့်တရားနှင့် ကုသိုလ်ကောင်းမှုဖြင့် ဘုရားထံချဉ်းကပ်လျှင်၊ ကာဣနကဲ့သို့ ငြင်းပယ်ခြင်း ခံရမည်သာဖြစ်သည်။






S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.