-
AA
+
🡀
|
🡂
ရုသ၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ရုသ၀တ္ထု
အခန်းကြီး ၁


နောမိနှင့် မိသားစု ဗက်လင်မြို့မှ မောဘပြည်သို့ ပြောင်းကြ

တရားသူကြီး အုပ်စိုးသော ကာလ၊ တရံရောအခါ ဣသရေလ ပြည်၌ အစာအဟာရ ခေါင်းပါး၍၊ ယုဒပြည်ဗက်လင်မြို့ (a) သားတစ်ယောက်သည် မယားနှင့် သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှာ သွား၏။ ထိုသူ၏ အမည်ကား ဧလိမလက်၊(b) မယားအမည်ကား နောမိ၊ သားနှစ်ယောက် အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း၊ သူတို့သည် ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ် အရပ်သားဖြစ်လျက်၊ မောဘပြည်သို့ သွား၍ နေကြ၏။ နောမိ၏ ခင်ပွန်း ဧလိမလက်သည် သေ၍ မယားနှင့် သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။ သားတို့သည် မောဘပြည်သူ ဩရပနှင့် ရုသအမည်ရှိသော မိန်းမနှစ်ယောက်တို့နှင့် စုံဘက်ခြင်းကို ပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှ နေပြီးမှ၊ ထိုသားနှစ်ယောက် မဟာလုန်နှင့် ခိလျုန်တို့သည် သေ၍ နောမိသည် သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။


နောမိနှင့် ချွေးမများ မောဘပြည်မှ ပြန်လာ

တဖန် ထာဝရဘုရားသည် မိမိတို့လူတို့ကို အကြည့်အရူ ကြွ၍၊ မုန့်ကို ပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ ကြားသောအခါ၊ မောဘပြည်မှ ပြန်သွားမည်၊ ဟုချွေးမ နှစ်ယောက် နှင့်အတူ ထ၍၊ တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ ရောက်လိုသောငှာ သွားကြ၏။ သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ ပြန်သွားကြလော့။ သေလွန်သောသူ၌၎င်း၊ ငါ၌၎င်း၊ ကျေးဇူးပြုသည် နှင့်အညီ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူး ပြုတော်မူပါစေသော်။ သင်တို့ နှစ်ယောက်သည် နောက်ရသော လင်အိမ်၌ ချမ်းသာစွာ နေရမည်အကြောင်း၊ ထာဝရဘုရား ကယ်မ သနားတော် မူပါစေသော်၊ ဟုဆိုလျက် သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလွှင့်၍ ငိုကြွေးလျက်၊ ၁၀ အကယ်စင်စစ် အ​ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်၊ ဟုဆိုကြ၏


နောမိက ချွေးမများကို ပြန်သွားခိုင်း

၁၁ နောမိကလည်း၊ ငါ့သမီးတို့ ပြန်သွားကြလော့။ ငါနှင့်အတူ အဘယ့်ကြောင့် လိုက်ရမည်နည်း၊ သင်တို့လင်ရှာဖို့ ငါ၏ဝမ်း၌ သားရှိသေးသလော။ ၁၂ ငါ့သမီးတို့ ပြန်သွားကြလော့။ ငါသည် အသက် အရွယ်လွန်၍ လင်နှင့်မနေသင့်။ သို့မဟုတ် မျှော်လင့်စရာ ရှိသေးသည်၊ ဟုငါဆိုလျှင်၎င်း၊ ယနေ့ညမှာ လင်နေလျှင်၎င်း၊ သားတို့ကိုလည်း ဖွားမြင်လျှင်၎င်း၊ ၁၃ ထိုသားတို့သည် ကြီးပွားသည်တိုင်အောင် ငံ့နေလိမ့်မည်လော။ လင်မနေဘဲ သူတို့ကို မျှော်လင့်လိမ့်မည်လော။ ငါ့သမီးတို့ ထိုသို့မဖြစ်ရ။ ထာဝရ ဘုရား လက်တော်သည် ငါ၌ ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန် ကြင်နာသော စိတ်ရှိသည်၊ ဟုဆိုလေသော်၊ ၁၄ သူတို့သည် တဖန်အသံကို လွှင့်၍ ငိုကြွေးကြ၏။ ထိုအခါ ဩရပသည် ယောက္ခမကို နမ်း၍ မိမိ အမျိုးသားတို့ထံသို့ ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌ မှီဝဲဆည်းကပ်လျက် နေသေး၏။ ၁၅ နောမိကလည်း၊ သင့်အစ်မသည် အမျိုးသားရင်း၊ ဘုရားရင်းတို့ ထံသို့ ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါ၊ ဟုဆိုသော်၊


ရုသသည် ယောက္ခမကို လိုက်ဖို့ သန္ဓိဌာန်ချထား

၁၆ ရုသက၊ ​ကျွန်မသည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့ မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော် သွားလေရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော် အိပ်လေရာ၌ ​ကျွန်မ အိပ်ပါမည်။ ကိုယ်တော် အမျိုးသည် ​ကျွန်မအမျိုး၊ ကိုယ်တော် ဘုရားသည် ကျွန်မဘုရား ဖြစ်ပါစေ။ ၁၇ ကိုယ်တော် သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုလ်ခံပါမည်။ သေခြင်းမှတပါး၊ အခြားသော အမှုကြောင့် ကိုယ်တော်နှင့်​ ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ ထိုမျှမက ပြုတော်မူပါစေသော်၊ ဟုပြန်ဆို၏။ ၁၈ ရုသသည် လိုက်ခြင်းငှာ ခိုင်ခံ့သော စိတ်ရှိသည်ကို နောမိသည် သိမြင်သော် တိတ်ဆိတ်စွာ နေလေ၏။


နောမိနှင့် ရုသ ဗက်လင်မြို့သို့ရောက်
CROSS REFERENCES






၁၉ ထိုသူနှစ်ယောက်တို့သည် ခရီးသွား၍ ဗက်လင်မြို့သို့ ရောက်သောအခါ၊ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်၍၊ ဤသူကား နောမိဟုတ်သလော၊ ဟုမေးကြ၏။ ၂၀ သူကလည်း နောမိ(c) ဟူ၍ မခေါ်ပါနှင့်။ မာရ(d) ဟူ၍ ခေါ်ပါ။ အနန္တ တန်ခိုးရှင်သည် ငါ့အား အလွန်ခါးသော အရာကို ပေးတော်မူပြီ။ ၂၁ ငါသည် ကြွယ်ဝ ပြည့်စုံလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် တစ်ကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည် ငါ့ကို ပို့ပြန်တော်မူပြီ။ ထာဝရဘုရားလည်း ငါ့ကိုနှိမ့်ချ၍ အနန္တတန်ခိုးရှင်သည် [A] ငါ့ကို ဆင်းရဲ စေတော်မူသည်ဖြစ်၍၊ နောမိအမည်ဖြင့် အဘယ်ကြောင့် ငါကိုခေါ်ကြသနည်း၊ ဟုပြန်ပြော၏၊ ၂၂ ထိုသို့ မောဘပြည် လိုက်လာသော မောဘပြည်သူ ချွေးမရုသနှင့်အတူ နောမိသည် ပြန်လာ၍၊ မုယောစပါးကို ရိတ်စကာလ၌ ဗက်လင်မြို့သို့ ရောက်ကြ၏။

_________________________
Footnotes


(a) ဗက်လင်၏ အဓိပ္ပါယ်သည်-မုန့်တိုက် (စပါးကျီ) ဖြစ်သည်။

(b) ဧလိမလက်၏ အနက်သည်-ဘုရားသခင်သည် ဘုရင် ဖြစ်၏။

၂၀ (c) နောမိ၏ အဓိပ္ပါယ်သည်-သာယာသော၊ နှစ်လိုဘွယ်သောဟူ၍ဖြစ်သည်။

၂၀ (d) မာရ၏ အဓိပ္ပါယ်သည်-ခါးသီးသော၊ နာကြည်းသောဟူ၍ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.