-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၂

သတ္တမနေ့၌ ဘုရားသခင်အနားယူ

ထိုသို့ ကောင်းကင် မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။ သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ် တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍၊ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ [A]


မြေပေါ်မှာမိုးမရွာ၊ စိုက်ပျိုးမှု မလုပ်သေး

ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည်၊ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောနေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။ မြေ၌လယ်ပျိုးပင်မပေါက်မှီ၊ လယ်ယာ၌ စပါးပင်မကြီးပွားမှီ၊ အပင်ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည်၊ မြေပေါ်၌ မိုးကိုရွာစေတော်မမူသေး။ မြေ၌လုပ်သောလူလည်း မရှိသေးသည်ဖြစ်၍၊ မြေမှအခိုးအငွေ့ထွက်သဖြင့်၊ မြေတပြင်လုံးကိုစိုစေလေ၏။


လူကိုဖန်ဆင်း၍ ဧဒင်ဥယျာဉ်၌ထား
CROSS REFERENCES






ထိုနောက် ထာဝရအရှင် ဘုရားသခင်သည်၊ မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ [B] သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ [C] ထာဝရအရှင် ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို၊ ထိုဥယျာဉ်၌ နေရာချတော်မူ၏။ ထိုမြေထဲကအဆင်းလှ၍၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို၊ ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ [D] ကောင်းမကောင်းကို သိကျွမ်းရာအပင်လည်းရှိ၏။


ဧဒင်ဥယျာဉ်နှင့် မြစ်လေးသွယ်

၁၀ ထိုဥယျာဉ်ကို စိုစေလိုသောငှါ၊ မြစ်တစ်မြစ်သည် ဧဒင်အရပ်ထဲက စီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍၊ မြစ်မ လေးသွယ်ဖြစ်လေ၏။ ၁၁ ပဌမမြစ်ကား ဖိရုန်အမည်ရှိ၏။ ထိုမြစ်သည်ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွားလေ၏။ ၁၂ ထိုပြည်မှဖြစ်သော ရွှေသည် ကောင်းလှ၏။ ၁၃ ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။ ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြစ်သည် ကုရှပြည်နား တရှောက်လုံးကို စီးသွားလေ၏။ ၁၄ တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။


ကောင်းမကောင်း သိကျွမ်းရာအသီး မစားဖို့ တားမြစ်

၁၅ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည်၊ လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ၊ ထားတော်မူ၏။၁၆ ထာဝရအရှင် ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို၊ သင်သည် စားရသောအခွင့်ရှိ၏။ ၁၇ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု [E] လူကို ပညတ်ထားတော်မူ၏။


တိရစ္ဆာန်များကို ဖန်ဆင်း၍ လူကနာမည်ပေး‌

၁၈ ထာဝရအရှင် ဘုရားသခင်ကလည်း၊ ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဖို့ငါလုပ်ဦးမည်၊ ဟုအကြံရှိတော်မူ၏။ ၁၉ ထာဝရရှင်ဘုရားသခင်သည်၊ မြေတိရစ္ဆာန်တို့နှင့်၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကို၊ မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည်အဘယ်သို့ ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှါ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို၊ ခေါ်ဝေါ်သမုတ်သည့်အတိုင်း၊ နာမည် အသီးအသီးရှိကြ၏။ ၂၀ ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍ မှည့်လေ၏။ သို့သော်လည်း လူနှင့်တော်သော အထောက်အမ မပေါ်မရှိသေး။


ယောက်ျားနံရိုးမှ လူမိန်းမဖန်ဆင်း
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၂၁ ထိုအခါ ထာဝရအရှင် ဘုရားသခင်သည်၊ လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည်အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင် ထုတ်ပြီးလျှင်၊ ထိုအရိုးအစား အသားကို စေ့စပ်စေတော်မူ၏။ ၂၂ ထာဝရအရှင် ဘုရားသခင်သည်၊ လူထဲက ထုတ်သောနံရိုးဖြင့်၊ လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ ၂၃ လူကလည်း၊ ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ [F] လူထဲက ထုတ်သောကြောင့် သူ့ကိုလူမိန်းမ၊ ဟုခေါ်ဝေါ်အပ်သည်၊ ဟုဆိုလေ၏။ ၂၄ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ့်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ [G]၂၅ ထိုသူလင်မယား နှစ်ဦးတို့သည်၊ အဝတ်မဝတ်ဘဲနေ၍၊ [H] ရှက် [I]ကြောက်ခြင်းနှင့် (a) ကင်းလွတ်ကြ၏။

_________________________
Footnotes


၂၅ (a) ရှက်ခြင်းနှင့်ကြောက်ခြင်းသည် အပြစ်တည်းဟူသော ဘုရား၏စကား နားမထောင်ခြင်း၏ အသီးအပွင့်ဖြစ် သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.