-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၂၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၂၀


အာဗြဟံသည် ဒုတိယအကြိမ် မိန်းမကို နှမဟုဆို

တဖန် အာဗြဟံသည် တောင်ပြည်သို့ ခရီးသွားသဖြင့်၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ၍၊ ဂေရာမြို့၌ တည်းခို၏။ ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည် ၊ ဟုသူတပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာမင်းကြီး အဘိမလက်သည် မိမိလူကိုစေလွှတ်၍၊ စာရာကိုယူစေ၏။ ညအချိန်တွင် အိမ်မက်အားဖြင့် ဘုရားသခင်သည်၊ အဘိမလက်ဆီသို့ ကြွလာ၍၊ သင်သည် လူသေဖြစ်၏။ အကြောင်းမူကား၊ သင်ယူသောမိန်းမသည် သူ့မယားဖြစ်၏ ဟုမိန့်တော်မူ၏။ အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဖေါ်သေးသည်ဖြစ်၍၊ အိုဘုရားရှင်၊ ​ဖြောင့်မတ်သောလူမျိုးကို ကွက်မျက်တော်မူမည်လော။ သူသည် ငါ့နှမဖြစ်၏ ၊ ဟုအ​ကျွန်ုပ်အား ယောကျ်ားဆိုသည် မဟုတ်ပါလော။ သူသည်ငါ့မောင်ဖြစ်၏ ၊ ဟုမိန်းမလည်းဆိုသည် မဟုတ်ပါလော။ ​ဖြောင့်မတ်သော သဘောရှိ၍၊ သန့်ရှင်းသောလက်နှင့် ဤအမှုကို အ​ကျွန်ုပ်ပြုပါပြီ ဟုလျှောက်ဆို၏။ ထိုအိပ်မက်၌ ဘုရားသခင်ကလည်း၊ မှန်ပေ၏။ သင်သည်​ ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ၏။ သင်သည်ငါ့ကို မပြစ်မှားစေခြင်းငှါ၊ သင့်ကိုငါဆီးတားပြီ။ သို့ဖြစ်၍ ထိုမိန်းမနှင့် ပေါင်းဖော်ရသော အခွင့်ကိုငါမပေး။ ယခုမှာ၊ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဖို့ဆုတောင်းလျှင်၊ သင်သည်အသက်ချမ်းသာရလိမ့်မည်။ ပြန်၍ မပေးဘဲနေလျှင်၊ သင်မှစ၍၊ သင်နှင့်ဆိုင်သောသူ အပေါင်းတို့သည်၊ ဧကန်အမှန်သေမည် ဟုမိန့်တော်မူ၏။


အဘိမလက်သည် စာရာကို အာဗြဟံထံပြန်အပ်
CROSS REFERENCES






နံနက်စောစော အဘိမလက်သည် ထ၍၊ မိမိ​ကျွန်အပေါင်းတို့ကို ခေါ်ပြီးမှ၊ အမှုအရာအလုံးစုံကို ပြောသဖြင့်၊ ထိုသူတို့သည် အလွန်ကြောက်ကြ၏။ အာဗြဟံကိုလည်း အဘိမလက်ခေါ်၍၊ သင်သည်ငါတို့၌ အဘယ်သို့ပြုသနည်း။ သင့်ကိုငါတို့သည် အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည်ငါ၌၎င်း၊ ငါ့နိုင်ငံ၌၎င်း၊ ကြီးစွာသောအပြစ်ကို ရောက်စေသနည်း။ သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကား ဟုဆိုလေ၏။ ၁၀ တဖန် အဘိမလက်က၊ သင်သည် အဘယ်အမှုကို မြင်၍ဤသို့ပြုသနည်း ၊ ဟုအာဗြဟံကိုမေးလျှင်၊ ၁၁ အာဗြဟံက၊ ဤအရပ်သားတို့သည် ဘုရားသခင်ကိုမကြောက်၊ [A] အ​ကျွန်ုပ်၏ မယားအတွက် အ​ကျွန်ုပ်ကို သတ်ကြလိမ့်မည်၊ ဟုအ​ကျွန်ုပ်ထင်သောကြောင့်၊ ထိုသို့ပြုမိပါပြီ။ ၁၂ သို့သော်လည်း သူသည်အ​ကျွန်ုပ်နှမ မှန်ပါ၏။ အ​ကျွန်ုပ်အဘ၏သမီး ဖြစ်၏။ အမိ၏သမီး မဟုတ်။ အ​ကျွန်ုပ်မယားလည်း ဖြစ်ပါ၏။ ၁၃ ဘုရားသခင်သည် အ​ကျွန်ုပ်ကို အဘ၏အိမ်မှခေါ်၍ လည်စေတော်မူသောအခါ၊ အ​ကျွန်ုပ်က သင်သည်ငါ၌ ပြုရသောကျေးဇူးဟူမူကား၊ ငါသည် သင်၏မောင်ဖြစ်ကြောင်းကို၊ ရောက်လေရာရာ၌ ပြောရမည်၊ ဟုမယားကိုမှာထားပါသည် ဟုပြန်ပြောလေ၏။ ၁၄ ထိုအခါ အဘိမလက်သည်၊ သိုးနွား၊ ​ကျွန်ယောကျ်ား၊ ​ကျွန်မိန်းမတို့ကိုယူ၍၊ အာဗြဟံအားပေးလေ၏။ မယားစာရာကိုလည်း ပြန်ပေး၏။ ၁၅ အဘိမလက်ကလည်း၊ ငါ့မြေသည် သင့်ရှေ့မှာရှိ၏။ အလိုရှိသည်အတိုင်း နေပါဟုအမိန့်ရှိ၏။ ၁၆ စာရာကိုလည်း၊ သင်နှင့် သင့်အပေါင်းအဖေါ်တို့အဖို့၊ မျက်နှာဖုံးများကို ဝယ်စရာဖို့၊ သင်၏မောင်အား ငွေတစ်ထောင်ကို ငါပေးပြီ၊ ဟုအမိန့်ရှိသဖြင့်၊ သူသည်လည်း အရာရာ၌ အဆုံးအမ ခံရ၏။


အာဗြဟံက ဆုပြန်တောင်းပေး
CROSS REFERENCES






၁၇ အာဗြဟံသည်လည်း၊ ဘုရားသခင်ကို ဆုတောင်း၍၊ ဘုရားသခင်သည်၊ အဘိမလက်နှင့် သူ၏မယား၊ သူ၏ကျွန်မတို့ကို အနာပျောက် စေတော်မူသဖြင့်၊ သူတို့သည်သားကို ဖွားကြ၏။ ၁၈ အထက်က အာဗြဟံ၏ မယားစာရာကြောင့်၊ ထာဝရဘုရားသည်၊ အဘိမလက်၏အိမ်သူ၊ မိန်းမတစ်ယောက်မျှ ပဋိသန္ဓေ [B]မယူစေခြင်းငှါ၊ စီရင်တော်မူသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.