-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၁၂


ဘုရားသခင်က အာဗြံကို ခါနာန်ပြည်သို့သွားခိုင်း
CROSS REFERENCES






ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်း၊ ပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့။ ငါသည်သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။ သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာ [A]ကို ခံရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်း လိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှ ထွက်သွားသောအခါ၊ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။ အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့် ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ ရသောလူတို့ကို၎င်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ ရောက်ခြင်းငှါ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။


အာဗြံဘုရားသခင် ကတိပေးသောခါနာန်ပြည်သို့ရောက်

အာဗြံသည် ထိုပြည်ကို လျှောက်သွား၍ ရှိခင်အရပ်၊ မောရေသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ ရှိကြ၏။ ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ [B] ဤပြည်ကို သင်၏ အမျိုးအနွယ်အား ငါပေးမည်၊ ဟုမိန့်တော်မူ၏။ ထိုသို့ ထင်ရှားတော်မူသော ထာဝရဘုရားဖို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကို တည်လေ၏။ ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့အရှေ့၌ ရှိသောတောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့အနောက် စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။ အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ ရောက်လေ၏။


ခါနာန်ပြည်၌ အစာခေါင်းပါး၍ အာဗြံ အဲဂုတ္တုပြည်သွား

၁၀ ထိုနောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစာ ခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါသွားလေ၏။ ၁၁ အဲဂုတ္တုပြည်နှင့် နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသော မိန်းမဖြစ်သည်ကို ငါသိ၏။ ၁၂ အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကို အသက်ချမ်းသာ ပေးလိမ့်မည်။၁၃ သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကို ပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစားလိမ့်မည်။ သင်၏ ကျေးဇူးအားဖြင့်၊ ငါအသက်ချမ်းသာ ရလိမ့်မည် ဟုဆို၏။


ဖါရောဘုရင်က စာရဲကိုယူသော်လည်း ပြန်လွှတ်လိုက်

၁၄ အာဗြံသည် အဲဂုတ္တုပြည်သို့ ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ၏။ ၁၅ ဖါရောဘုရင်၏ မှူးတော်မတ်တော်တို့လည်းမြင်၍၊ ရှေ့တော်၌ ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။ ၁၆ ဖါရောဘုရင်သည် ထိုမိန်းမအတွက်အာဗြံ၌ ကျေးဇူးပြုသဖြင့်၊ သူသည်သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ​ကျွန်ယောကျ်ား၊ ​ကျွန်မိန်းမ၊ ကုလားအုပ်များနှင့် ကြွယ်ဝ၏။ ၁၇ ထာဝရဘုရားသည်၊ အာဗြံ၏ မယားစာရဲအတွက်ကြောင့်၊ ဖါရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသောဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။ ၁၈ ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ်၍၊ သင်သည်ငါ၌ ပြုသောအမှုကား အဘယ်သို့နည်း။ သူသည် သင်၏မယား ဖြစ်ကြောင်းကို၊ ငါအားအဘယ်ကြောင့် မပြောသနည်း။ ၁၉ ငါသည်သူ့ကို သိမ်းပိုက်စေခြင်းငှါ၊ သူသည်ငါ့နှမဖြစ်သည်၊ ဟုအဘယ်ကြောင့်ဆိုသနည်း။ သင်၏မယားကို ယခုယူ၍သွားလော့၊ ဟုအမိန့်ရှိ၏။ ၂၀ ထိုသို့ အာဗြံအမှုကို စီရင်၍၊ မိမိလူတို့အား မှာထားသဖြင့်၊ သူတို့သည်အာဗြံ၌ ရှိသမျှသောဥစ္စာနှင့်တကွ၊ ဇနီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.