-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၂၃


အာဗြဟံဇနီးစာရာ အသက်တစ်ရာ့နှစ်ဆယ့်ခုနစ်နှစ်တွင်သေ
CROSS REFERENCES





CROSS REFERENCES






စာရာသည် အသက်တစ်ရာ့နှစ်ဆယ့်ခုနစ်နှစ်ရှိ၏။ ထိုမျှလောက်အသက်ကြီးသော်၊ ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယသာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာကြောင့် ညည်းတွားငိုကြွေးခြင်းငှာလာ၏။ အာဗြဟံသည် မိမိမယား အသေကောင်ရှေ့ကထ၍၊ ဟေသအမျိုးသားတို့အား၊ ငါသည် သင်တို့ထံမှာ ဧည့်သည်အာဂန္တု ဖြစ်ပါ၏။(a) [A] ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည်အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကိုငါ့အား အခွင့်ပေးပါလော့၊ ဟုဆို၏။ ဟေသအမျိုးသားတို့က၊ အ​ကျွန်ုပ်တို့သခင်၊ နားထောင်ပါ။ ကိုယ်တော်သည်၊ အ​ကျွန်ုပ်တို့တွင်၊ ဘုရားသခင်နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အ​ကျွန်ုပ်တို့၏ သင်္ချိုင်းများတွင် ရွေး၍၊ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုလ်ပါလော့။ ကိုယ်တော်၏ မယား အသေကောင်ကို မသင်္ဂြိုလ်စေခြင်းငှာ၊ အ​ကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိသင်္ချိုင်းကို မပေးဘဲမနေပါ၊ ဟုအာဗြဟံအား ပြန်ပြောကြ၏။ အာဗြဟံသည်ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွတ်ချလျက်၊ ငါသည် ငါ၏မယား အသေကောင်ကို မျက်ကွယ်မြှုပ်စေခြင်းငှာ သင်တို့အလိုရှိလျှင်၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်း ရှိစေခြင်းငှာ၊ ဇောဟာသားဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ ရှိသော မပ္ပေလာမြေတွင်းကို၊ [B]အဘိုးထိုက်သမျှငွေနှင့် ငါ့အားရောင်းစေခြင်းငှာ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့၊ ဟုနှုတ်ဆက်၍ပြောဆို၏။ ၁၀ ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ ဝင်သောသူအပေါင်းတည်းဟူသော၊ ဟေသအမျိုးသား ပရိသတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။ ၁၁ အ​ကျွန်ုပ်သခင်၊ အ​ကျွန်ုပ်စကားကို နားထောင်ပါ။ ထိုလယ်ပြင်ကို၎င်း၊ လယ်ပြင်၌ရှိသော မြေတွင်းကို၎င်း၊ ကိုယ်တော်အား အ​ကျွန်ုပ်ပေးပါ၏။ အ​ကျွန်ုပ်အမျိုးသားများရှေ့၌၊ ကိုယ်တော်အား အ​ကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏မယား အသေကောင်ကိုသင်္ဂြိုလ်ပါ၊ ဟုအာဗြဟံအား ပြန်ပြောလေ၏။


အာဗြဟံသည် ဧဖရုန်၏မြေကို သင်္ချိုင်းမြေဖြစ်ဖို့ဝယ်
CROSS REFERENCES





CROSS REFERENCES






၁၂ အာဗြဟံသည်လည်း၊ ထိုပြည်သားများရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကိုနားထောင်ပါ။ ၁၃ ထိုလယ်ပြင် အဖိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယား အသေကောင်ကို ငါသင်္ဂြိုလ်ပါမည်၊ ဟုပြည်သားပရိသတ်တို့ရှေ့မှာ၊ ဧဖရုန်အား ပြောဆို၏။ ၁၄ ဧဖရုန်ကလည်း၊ အ​ကျွန်ုပ်သခင်၊ နားထောင်ပါ။ ၁၅ ထိုမြေသည် ငွေလေးပိဿာ အဖိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အ​ကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုလ်ပါလော့၊ ဟုအာဗြဟံအားပြန်ပြော၏။ ၁၆ အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သောငွေမျိုး၊ ဟေသအမျိုးသားပရိသတ်ရှေ့၊ ဧဖရုန် တန်ဖိုးဖြတ်သည်အတိုင်း၊ ငွေလေးပိဿာကိုချိန်၍၊ သူ့အားပေးလေ၏။ ၁၇ ထိုသို့မံရေရှေ့မှာ၊ မပ္ပေလ [B]အရပ်၌ရှိသော ဧဖရုန်၏ လယ်ပြင်ကို၎င်း၊ လယ်ပြင်၌ရှိသော မြေတွင်းနှင့်သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကို၎င်း၊ ၁၈ ဟေသအမျိုးသားပရိသတ်၌၊ မြို့တံခါးသို့ဝင်သောသူအပေါင်းရှေ့မှာ၊ အာဗြဟံဥစ္စာဖို့ လုံခြုံစွာအပ်ပေးလေ၏။ ၁၉ ထိုနောက်မှ အာဗြဟံသည်၊ မံရေရှေ့မှာ၊ မပ္ပေလ [B]လယ်ပြင်မြေတွင်း၌၊ မယားစာရာကို သင်္ဂြိုလ်ရလေ၏။ [B] ထိုအရပ်ကား၊ ခါနာန်ပြည်ဟေဗြုန်အရပ် ဖြစ်သတည်း။ ၂၀ ထိုလယ်ပြင်နှင့် မြေတွင်းကို၊ အာဗြဟံပိုင်ထိုက်သော သင်္ချိုင်းဖြစ်စေခြင်းငှါ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာအပ်ပေးကြ၏။

_________________________
Footnotes

CROSS REFERENCES






(a) ဧည့်သည်အာဂန္တု [A]


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.