-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၁


သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဗတ္တိဇံခံမည်

အိုသော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို၊ ဝိညာဉ်တော်အားဖြင့် မှာထားပြီးမှ၊ အ ထက်သို့ဆောင်ယူခြင်းကို ခံတော်မူသော နေ့မရောက်မှီကာလတွင်၊ ပြုမူသွန်သင်တော်မူသမျှတို့ကို ထုတ်ဖော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေးထားပါပြီ။ အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည် အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။ ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှ မထွက်မသွားဘဲ၊ ခမည်းတော်၏ ဂတိကို ငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့်၊ သင်တို့သည် ကြားသိရကြပြီ။ ဂတိတော်အချက်ဟူမူကား၊ ယောဟန်သည် ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်းသော ဝိညာဉ်တော်၌၊ ဗတ္တိဇံကိုခံရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။


သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးဖြင့် သက်သေခံမည်
CROSS REFERENCES






ထိုတမန်တော် တို့သည်လည်း စုဝေး၍၊ သခင်ဘုရား၊ ယခုအခါ ကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား၊ နိုင်ငံကို ပြန်ပေးတော်မူမည်လော၊ ဟုမေးလျှောက်ကြလျှင်၊ သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့် စီရင်တော်မူသော အချိန်ကာလကို၊ သိရသောအခွင့်သည် သင်တို့၌ မရှိ။ ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ [A] သင်တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု(a) မိန့်တော်မူ၏။ [B] တမန်တော်တို့သည် ကြည့်ရှုလျက် နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင် ခံယူလေ၏။ ၁၀ ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက်၊ တမန်တော်တို့အနားမှာ ပေါ်လာ၍၊ ၁၁ အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူသော၊ ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ၊ တဖန် ကြွလာတော်မူလတံ့၊ ဟုပြောဆို၏။


ယုဒရှကာရုတ်အစား မဿိကို တမန်တော်အရာ၌ ရွေး
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၂ ထိုအခါ ယေရုရှင်လင်မြို့နှင့် ဥပုသ်နေ့ [C]တနေ့ခရီးသာကွာ၍၊ သံလွင်အမည်ရှိသော တောင်မှ၊ ယေရုရှလင်မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။ ၁၃ ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏ သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည်၊ တည်းနေရာ အိမ်အထက်ခန်းသို့ တက်ကြ၏။ ၁၄ ထိုသူအပေါင်းတို့သည် ယေရှု၏ မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်၎င်း၊ ညီတော်တို့နှင့်၎င်း၊ တညီတညွတ်တည်း ကြိုးစား၍ ဆုတောင်းပဌနာပြုလျက် နေကြ၏။ ၁၅ ထိုအခါ အရေအတွက်အားဖြင့်၊ တရာနှစ်ဆယ်သော တပည့်တော်တို့၏ အလယ်၌၊ ပေတရုသည်ထ၍၊ ၁၆ ညီအစ်ကိုတို့၊ ယေရှုကို ဖမ်းဆီးသောသူတို့အား၊ လမ်းပြသော ယုဒရှကာရုတ်ကို ရည်မှတ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဒါဝိဒ်မင်း၏နှုတ်ဖြင့်၊ ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း၊ မပြည့်စုံဘဲမနေရ။ ၁၇ ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၍၊ ဓမ္မဆရာ၏ အရာကိုခံရပြီ။ ၁၈ ထိုသူသည် မတရားသောအမှုအတွက် ဖြင့်ရသောအခနှင့်၊ မြေတကွက်ကိုဝယ်ပြီးမှ၊ မှောက်လျက်ကျလဲ၍ ဝမ်းကွဲသဖြင့် အအူများပေါက်လေပြီ။ ၁၉ ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ နေသောသူအပေါင်းတို့သည် သိ၍၊ မိမိဘို့ဘာသာအားဖြင့် ထိုမြေကို အကေလဒမ၊ ဟုခေါ်တွင်ကြ၏။ အနက်ကား သွေးမြေ၊ ဟုဆိုလိုသတည်း။ ၂၀ ဆာလံကျမ်းစာ၌ လာသည်ကား၊ သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ နေသောသူ မရှိပါစေနှင့်။ [D]သူ၏အရာကိုလည်း အခြားသူရပါစေ၊ ဟုရေးမှတ်သတည်း။ [E] ၂၁ ထိုကြောင့်ယောဟန်သည်ဗတ္တိဇံကိုပေးသည်ကာလမှစ၍၊ ၂၂ သခင်ယေရှုသည် ငါတို့နှင့်ခွါ၍၊ အထက်သို့ဆောင် ယူခြင်းကို ခံတော်မူသည် နေ့ရက်တိုင်အောင်၊ တပည့်တော်တို့နှင့်အတူ ထွက်ဝင်သွားလာတော်မူသော ကာလပတ်လုံး၊ ငါတို့နှင့်ပေါင်းဖေါ်၍ နေသောသူ တစုံတယောက်သည်၊ ထိုသခင် ထမြောက်တော်မူသည် အကြောင်းကို၊ ဟောပြော၍ ငါတို့နှင့်အတူသက် သေခံဖြစ်ရမည်၊ ဟုပေတရုပြောဆို၏။ ၂၃ ဗာရှဗ၊ ဟုခေါ်ဝေါ်၍ ယုတ္တုအမည်သစ်ကိုရသော ယောသပ်နှင့် မဿိကိုခန့်ထား၍၊ ၂၄ ဤသို့ဆုတောင်းကြ၏။ ၂၅ လူအပေါင်းတို့၏ စိတ်နှလုံးကို သိတော်မူသော သခင်ဘုရား၊ [F] ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှါ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှ ရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံစေခြင်းငှါ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါ၊ ဟုဆုတောင်းပြီးမှ၊ ၂၆ စာရေးတံချကြသဖြင့် မဿိသည် စာရေးတံကိုရ၍၊ တကျိပ်တပါးသော တမန်တော်တို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်လေ၏။

_________________________
Footnotes


(a) သခင်ယေရှုက တမန်တော်များထံ သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟုဆိုသော်လည်း၊ တမန်တော်များနှင့် ယုံကြည်သူများသည် သခင့်စကားကို နားမထောင်ဘဲ ယေရုရှလင်မြို့ ၌ အသင်းတော်ကြီးကြီး တည်ထောင်ကြသည်။ ထို့ကြောင့် ယေရုရှလင်မြို့၌ ရှိသောအသင်းတော်သည်၊ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရသဖြင့်၊ တမန်တော်တို့မှတပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြား ကွဲပြားကြ၏ (တမန် ၈း၁)။ ၁း၈ နားမထောင်လျှင် ၈း၁ လာလိမ့်မည်။ ၁း၈ ကိုလိုချင်သလော ၈း၁ ကိုလိုချင်သလော။ သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုးဖြစ်သည်။ ထိုတန်ခိုးဖြင့် ခရစ်တော်၏အကြောင်းကို လူတိုင်းထံသို့ပြောရမှာဖြစ်သည်။ ယနေ့ခရစ်ယာန်များလည်း ဘုရားပေးထားသော တန်ခိုးကိုအသုံးမပြု သက်သေမခံ လောကသားများကဲ့သို့ မိမိတို့လိုချင်သောအရာများကိုသာ လုပ်နေကြသည်မဟုတ်လော။ ဘုရားခိုင်းသော အလုပ်ကိုမလုပ်ကြသောကြောင့် ပြင်းစွာသောညှဉ်းဆဲခြင်းတည်းဟူသော ဆင်းရဲခြင်း၊ ဒုက္ခမျိုးစုံ ခံရကြသော်လည်း ဝိညာဉ်မျက်စိကန်းသောကြောင့် မမြင်ကြ မသိကြချေ။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.