-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၁


ဟန္နမိသားစု
CROSS REFERENCES






ဧဖရတ်မြို့သား ဇုဖ၊ တောဟူ၊ ဧလိဟူ၊ ယေရောဟံမှ ဆင်းသက်၍ ဧဖရိမ်တောင်ပေါ်မှာ ရာမသိမ်ဇုဖိမ်မြို့၌ နေသော ဧလကာန (Elkanah) အမည်ရှိသောသူ တစ်ယောက်ရှိ၏။ ထိုသူသည် မယားနှစ်ယောက်ရှိ၏။ တစ်ယောက်ကား ဟန္န (Hannah)၊ တစ်ယောက်ကား ပေနိန္န (Peninnah) အမည်ရှိ၏။ ပေနိန္န၌ သားသမီးရှိ၏၊ ဟန္န၌ မရှိ။ ဧလကာနသည် ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား (Jehovah Sabaoth) ကို ကိုးကွယ်၍ ယဇ်ပူဇော်ခြင်းငှာ၊ မိမိနေရာမြို့မှ ရှိလော (Shiloh) သို့ နှစ်တိုင်း သွားမြဲရှိ၏။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ် (Hophni and Phinehas) သည် ရှိလော၌ နေသတည်း။ ဧလကာနသည် ယဇ်ပူဇော်အချိန် ရောက်သောအခါ၊ မယား ပေနိန္နနှင့် သူ၏ သားသမီး အပေါင်းတို့အား ဝေမျှ၏။ ဟန္နကို ချစ်သောကြောင့် နှစ်ဆသော အဘို့ကို ပေး၏။ သို့ရာတွင် ထာဝရဘုရားသည် ဟန္နအား သားဖွားသော အခွင့်ကို ပေးတော်မမူ။ [A] ထိုသို့ ထာဝရဘုရားသည် အခွင့်ကို ပေးတော်မမူသောကြောင့်၊ ဟန္န စိတ်ဆိုးညစ်အောင် ရန်သူသည် အလွန် နှောင့်ယှက်တတ်၏။ နှစ်စဉ်မပြတ် ထာဝရဘုရား၏ အိမ်တော်သို့ သွားသောအခါ၊ ရန်သူ နှောင့်ယှက်သဖြင့် ဟန္နသည် အစာမစားနိုင်၊ ငိုလျက် နေတတ်၏။ သူ၏ခင်ပွန်း ဧလကာနက၊ ဟန္န အဘယ်ကြောင့် ငိုသနည်း။ အဘယ်ကြောင့် မစားဘဲနေသနည်း။ အဘယ်ကြောင့် စိတ်ညိုးငယ်သနည်း။ သားတစ်ကျိပ်ထက် သင်၌ ငါသာ၍ ကောင်းသည် မဟုတ်လော၊ ဟုဆို၏။


ဟန္နသားရဖို့ ဆုတောင်း

ရှိလော၌ စားသောက်ကြသောနောက်၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား၏ အိမ်တော် ၁၀ တိုင်နားမှာ ထိုင်စဉ်၊ ဟန္နသည် ညိုးငယ်သော စိတ်နှင့် ထ၍ မျက်ရည်များစွာ ကျလျက် ထာဝရဘုရားကို ၁၁ ဆုတောင်းသည်ကား၊ အိုကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော်ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှု၍ အောက်မေ့သဖြင့်၊ သားယောကျ်ားကို ပေးသနား တော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံး ထာဝရဘုရား၏ ကျွန်ဖြစ်စေခြင်းငှာ ကျွန်မ အပ်ပါမည်၊ ဟုသစ္စာဂတိပြုလေ၏။ ၁၂ ဟန္နသည် ထာဝရဘုရား ရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်းစဉ်၊ ဧလိသည် သူ၏နှုတ်ကို ကြည့်မှတ်လေ၏။


ဟန္န ဆုတောင်းခြင်းကို ဧလိက ထောက်ခံ

၁၃ စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း၊ စကားသံ မထွက်သောကြောင့်၊ ယစ်မူးသည်၊ ဟုဧလိထင်လျက်၊ ၁၄ သင်သည် အဘယ်မျှ ကာလ ပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏ စပျစ်ရည်ကို ပယ်ရှောင်လော့၊ ဟုဆို၏။ ၁၅ ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် စိတ်ညိုးငယ်သော မိန်းမဖြစ်၏။ စပျစ်ရည်ကို မသောက်ပါ။ သေရည် သေရက်ကို မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက်နေပါ၏။ ၁၆ ကိုယ်တော်၏ ကျွန်မကို အဓမ္မမိန်းမ ဟူ၍ မမှတ်ပါနှင့်။ မြည်တမ်းစရာအကြောင်း၊ ဝမ်းနည်းစရာ အကြောင်းများ သည်ဖြစ်၍၊ ယခုတိုင်အောင် လျှောက်နေပါသည်၊ ဟုပြန်ပြောသော်၊ ဧလိက ငြိမ်ဝပ်စွာသွားလော့။ ၁၇ ယခု ဆုတောင်း သည်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ပေးသနားတော် မူပါစေသော်၊ ဟုမြွက်ဆို၏။ ၁၈ ဟန္နကလည်း၊ ကိုယ်တော်၏ ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေသော်၊ ဟုလျှောက်ပြီးမှ၊ ခြားနားသော မျက်နှာနှင့် သွား၍ အစာစားလေ၏။


ဟန္နသည် သားရှမွေလမွေးဖွား

၁၉ ထိုသူတို့သည် နံနက်စောစောထ၍ ထာဝရဘုရား ရှေ့တော်၌ ကိုးကွယ်ပြီးလျှင်၊ ရာမမြို့မှာရှိသော မိမိတို့အိမ်သို့ ပြန်သွားကြ၏။ ထိုအခါ ဧလကာနသည် မယားဟန္နနှင့် ဆက်ဆံ၍ ထာဝရဘုရား အောက်မေ့ တော်မူသဖြင့်၊ ၂၀ ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန် စေ့သောအခါ၊ သားယောကျ်ားကို ဖွားမြင်ပြီးလျှင်၊ ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။ ၂၁ ဧလကာနသည် အိမ်သူ အိမ်သားအပေါင်းတို့နှင့် အတူ နှစ်စဉ် ပြုရသောယဇ်ကို၎င်း၊ သစ္စာဂတိနှင့် ဆိုင်သော ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအား ပူဇော်ခြင်းငှာ တက်သွားသောအခါ၊ ၂၂ ဟန္နက၊ နို့နှင့်ကွာပြီးမှ သူငယ်ကို ဆောင်သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရား ရှေ့တော်သို့ ရောက်၍ အမြဲနေရလိမ့်မည်၊ ဟုဆိုလျှင်၊ ၂၃ ခင်ပွန်း ဧလကာနက စိတ်ရှိသည်အတိုင်း ပြုလော့။ နို့နှင့် မကွာမှီတိုင်အောင် နေလော့။ ထာဝရဘုရား၏ ကတိတော်သာ တည်ပါစေသော်၊ ဟုဝန်ခံ၍၊ မယားသည် သူငယ်ကို နို့တိုက်လျက် နို့မကွာမှီတိုင်အောင် မသွားဘဲနေ၏။


ဟန္နသည် သားရှမွေလကို ဘုရားထံဆက်ကပ်

၂၄ နို့ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတစ်ကောင်၊ မုန့်ညက်တစ်ဧဖာ၊ စပျစ်ရည် တစ်ဘူးနှင့်တကွ၊ သူငယ်ကို ဆောင်သွား၍၊ ရှိလော၌ ထာဝရဘုရား၏ အိမ်တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ်သည် အသက်နုသေး၏။ ၂၅ နွားကိုသတ်၍ သူငယ်ကို ဧလိထံသို့ သွင်းလျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊ ၂၆ ကိုယ်တော် အသက်ရှင်သည် အတိုင်း၊ ကျွန်မသည် ယမန်တခါ ဤအရပ်၌ ကိုယ်တော်အနားမှာ ရပ်လျက် ဆုတောင်းသော မိန်းမဖြစ်ပါ၏။ ၂၇ ထိုအခါ ဤသူငယ်ကို ရမည်အကြောင်း ဆုတောင်းပါ၏။ တောင်းသည့်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူပြီ။ ၂၈ ထို့ကြောင့် ကျွန်မသည် သူ့ကို ထာဝရဘုရားအား ငှားပါပြီ။ သူသည် တစ်သက်လုံး ထာဝရဘုရား ထံတော်၌၊ အငှားခံ၍ နေရပါမည်သခင်၊ ဟုလျှောက်ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားကို ကိုးကွယ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.