-
AA
+
🡀
|
🡂
ကောလောသဲ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ကောလောသဲ ဩဝါဒစာ
အခန်းကြီး ၁


ပေါလုတို့က ကောလောသဲမြို့အသင်းတော်အတွက် ဆုတောင်း
CROSS REFERENCES






ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော၊ ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ကောလောသဲမြို့၌ နေသောသန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သော ညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့်၊ ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော်။ သင်တို့သည် ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်၊၊ ဟုငါတို့သည်ကြားသဖြင့်၎င်း၊ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို၊ သင်တို့သည် အထက်က ကြားသိကြသည်အတိုင်း၊ သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားသော၊ မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း၍၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် တည်းဟူသော၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ [A]


ထိုတရား လောကီနိုင်ငံတရှောက်လုံး၌ အသီးသီးတိုးပွါးပြီ
CROSS REFERENCES






ထိုတရားသည် လောကီနိုင်ငံ တရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွားခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ ပင်ပြုတတ်၏။ သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသောဆရာ တည်းဟူသော ငါတို့ချစ်သော ​ကျွန်ချင်း [B] ဧပဖြ (Epaphras)သည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်၊ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍၊ ထိုသို့သောအကျိုးရှိ၏။ သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ။


ဆုတောင်းသောအရာများ
CROSS REFERENCES






ထိုကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဘို့အလိုငှါ၊ အစဉ်မပြတ် ဆုတောင်းပဌနာပြုလျက် နေကြ၏။ ၁၀ ဆုတောင်းသော အချက်ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့် အမျိုးမျိုးတည်းဟူသော၊ အသီးကိုသီးခြင်း၊ ဘုရားသခင်ကို သိသောဥာဏ် တိုးပွားခြင်း ရှိသဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်း အလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း၊ ခွန်အားနှင့် ပြည့်စုံသဖြင့်၎င်း၊ ၁၁ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာကျင့်၍၊ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဥာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို [C]အကုန်အစင် နားလည်ပါမည် အကြောင်း၊ ဆုတောင်းပဌနာပြု၏။


မှောင်မိုက်တန်ခိုးမှ ငါတို့ကိုနှုတ်၍ သားတော်နိုင်ငံ၌ သွင်း

၁၂ အလင်း၌ နေသောသန့်ရှင်းသူတို့၏ အမွေကို၊ ငါတို့သည် ဆက်ဆံ ဝင်စားထိုက်မည်အကြောင်း၊ ကျေးဇူးပြုတော်မူ၏။ ၁၃ မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။ ၁၄ ထိုသားတော်၏ အသွေးအားဖြင့်၊ အပြစ်လွှတ်တော်မူခြင်း တည်းဟူသော၊ ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်ခံရကြ၏။


ခရစ်တော်သည် ဘုရားဖြစ်သည်
CROSS REFERENCES






၁၅ ထိုသားတော်သည် မျက်မြင်မရသော၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။ [D] ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း၊ သားဦးဖြစ်တော်မူ၏။ [E] ၁၆ အကြောင်း မူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ (မြင်နိုင်သောအရာ)၊ အရှုပအရာ (မမြင်နိုင်သောအရာ)၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်းတန်ခိုး ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာစက် ဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင် အဘို့အလိုငှါ၎င်း၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။ [F] ၁၇ သားတော်သည်လည်း ခပ်သိမ်းသော အရာမဖြစ်မှီ ဖြစ်တော်မူ၍၊ ခပ်သိမ်းသော အရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။


ခရစ်တော်အသင်းတော်၏ ဦးခေါင်းနှင့်သားဦး
CROSS REFERENCES






၁၈ အသင်းတော် တည်းဟူသော ကိုယ်၏ဦးခေါင်းတော် ဖြစ်တော်မူ၏။ [G] အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။ ၁၉ အကြောင်းမူကား၊ ခပ်သိမ်းသော ပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါ၎င်း၊


ခရစ်တော်ရန်ငြိမ်းခြင်း

၂၀ လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာ ဖြစ်စေ၊ မြေကြီးအရာ ဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကို၊ သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၎င်း၊ အလိုရှိတော်မူ၏။ ၂၁ အထက်က ဘုရားသခင်နှင့် ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌၊ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓာတော်၌ အသေခံတော်မူသော အားဖြင့်၊ ယခုမိဿဟာယ ဖွဲ့စေတော်မူ၏။


သင်တို့ကိုရှေ့တော်၌ ဆက်သဘို့
CROSS REFERENCES






၂၂ အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည်ကိုယ် တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်း [H]မှ မရွေ့လျော့ဘဲ ၂၃ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာ ယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။


ပေါလု၏ဆင်းရဲခံခြင်း
CROSS REFERENCES






၂၄ ငါပေါလုသည်၊ ထိုတရားကို ဟောသောဆရာ ဖြစ်သည်နှင့်၊ သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခုဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို၊ အသင်းတော် တည်းဟူသော ကိုယ်တော်အဘို့အလိုငှါ၊ ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏။ [I]


နက်နဲသောအရာ
CROSS REFERENCES





CROSS REFERENCES






၂၅ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အား ဖေါ်ပြသော နက်နဲရာတည်းဟူ သောဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင်ဟောပြောစေခြင်းငှါ၊ သင်တို့အကျိုးကိုထောက်၍၊ ၂၆ ငါ့အားအပ်ပေးတော်မူသော ဘုရားသခင်၏ သာသနာတော်နှင့်အညီ၊ ငါသည် အသင်းတော်၌ ဓမ္မဆရာ၏အဖြစ်သို့ ရောက်ရပြီ။ ၂၇ တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာ [J] နှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်း [K]အကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။ ၂၈ ခရစ်တော်အားဖြင့် လူတိုင်း စုံလင်ခြင်းသို့ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏ တရားကို ဟောာပြောကြ၏။ ၂၉ ထိုသို့အလိုငှါ ငါသည်အမှုဆောင်ရွက်၍၊ ငါ၌ တန်ခိုးတော် ပြုပြင် အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.