-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၁


ဣသရေလမင်း အာခဇိသေမည်ဧလိယပြော

အာဟပ်မင်း သေသောနောက်၊ မောဘပြည်သည် ဣသရေလ ရှင်ဘုရင်ကို ပုန်ကန်လေ၏။ အာခဇိမင်းသည် ရှမာရိမြို့၌ အထက်ခန်း ပြတင်းပေါက်မှကျ၍ နာနေသောကြောင့်၊ ငါသည် ဤအနာမှ ထမြောက်မည်လော၊ ဟုဧကြုန်မြို့၏ ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းကြ၊ ဟုမှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိ ရှင်ဘုရင် စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှါ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင် မရှိသောကြောင့်၊ ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။ ထိုကြောင့် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယခုတက်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သင်သေမည်၊ ဟုသူတို့အား ဆင့်ဆိုရမည်အကြောင်း မိန့်တော်မူသည်အတိုင်း၊ ဧလိယသွားလေ၏။ သံတမန်တို့သည် ပြန်လာသောအခါ ရှင်ဘုရင်က အဘယ်ကြောင့် ယခုပြန်လာကြသနည်း၊ ဟုမေးလျှင်၊ သူတို့က၊ လူတယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှါ လာ၍ သင်တို့ကို စေလွှတ်သော ရှင်ဘုရင်ထံသို့ပြန်ကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလပြည်၌ ဘုရားသခင် မရှိသောကြောင့်၊ ဧကြုန်မြို့၏ ဘုရားဗာလဇေဗုပ်မြို့သို့ သွား၍ မေးမြန်းရသလော။ ထိုကြောင့် သင်သည် ယခုတက်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ။ စင်စစ်သေမည်၊ ဟုပြောရမည်အကြောင်း မှာထားပါသည်၊ ဟုလျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ သင်တို့ကို ကြိုဆိုခြင်းငှါလာ၍ ဤသို့ပြောသော သူကား အဘယ်သို့သောသူနည်း၊ ဟုမေးလျှင်၊ သူတို့က၊ ထိုသူသည်ကိုယ်၌ အမွေးများ၍ သားရေခါးပန်းကို စည်းသောသူ ဖြစ်ပါသည်၊ ဟုလျှောက်ကြသော်၊ ထိုသူသည် တိရှဘိမြို့သား ဧလိယဖြစ်လိမ့်မည်၊ ဟုရှင်ဘုရင်ဆိုလျက်၊


ဧလိယကို ခေါ်သော တပ်မှူးနှင့်စစ်သားများသေ
CROSS REFERENCES






လူငါးကျိပ်အပ်သော တပ်မှူးကို စေလွှတ်၍၊ တပ်မှူးသည် ထိုတောင်ပေါ်မှာ ထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ၊ [A] သင်သည် ဆင်းရမည်အကြောင်း၊ ရှင်ဘုရင် အမိန့်တော်ရှိသည်၊ ဟုဆို၏။ ၁၀ ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏ လူမှန်လျှင်၊ ကောင်းကင်က မီးကျ၍ သင်နှင့်သင်၏လူ ငါးကျိပ်တို့ကို လောင်ပါစေ၊ ဟုလူငါးကျိပ်အုပ်သော တပ်မှူးအားဆိုသည်အတိုင်း၊ ကောင်းကင်က မီးကျ၍ သူနှင့်သူ၌ပါသော လူငါးကျိပ်တို့ကို လောင်လေ၏။ ၁၁ တဖန် လူငါးကျိပ်အုပ်သော တပ်မှူးတယောက်ကို ရှင်ဘုရင် စေလွှတ်၍၊ ထိုတပ်မှူးက၊ အိုဘုရားသခင်၏လူ၊ အလျှင်အမြန် ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်၊ ဟုဆို၏။ ၁၂ ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏ လူမှန်လျှင် ကောင်းကင်က မီးကျ၍ သင်နှင့်သင်၏လူ ငါးကျိပ်တို့ကို လောင်ပါစေ၊ ဟုသူတို့အားဆို သည်အတိုင်း၊ ဘုရားသခင်၏ မီးသည် ကောင်းကင်ကကျ၍ သူနှင့်သူ၌ ပါသော လူငါးကျိပ်တို့ကို လောင်လေ၏။ ၁၃ တဖန် လူငါးကျိပ်အုပ်သော တတိယတပ်မှူးကို ရှင်ဘုရင် စေလွှတ်သဖြင့်၊ ထိုတပ်မှူးသည်တက်၍ ဧလိယရှေ့မှာ ဒူးထောက်လျက်၊ အိုဘုရားသခင်၏လူ၊ ​ကျွန်တော်အသက်နှင့် ကိုယ်တော်ကျွန် ဤလူငါးကျိပ်တို့၏ အသက်ကို နှမြောတော်မူပါ။ ၁၄ ကောင်းကင်က မီးကျ၍ အခြားသော တပ်မှူးနှစ်ယောက်သည် သူတို့၌ ပါသော လူတရာကို လောင်သော်လည်း၊ ​ကျွန်တော်အသက်ကို နှမြောတော်မူပါ၊ ဟုတောင်းပန်လေ၏။


ဧလိယရှင်ဘုရင်ထံသို့သွား

၁၅ ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သူနှင့်အတူ ဆင်းသွားလော့။ သူ့ကိုမကြောက်နှင့်၊ ဟုဧလိယအား ဆိုသည်အတိုင်း၊ ဧလိယသည်ထ၍ ရှင်ဘုရင်ထံသို့ ရောက်လျှင်၊ ၁၆ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဧကြုန်မြို့၏ ဘုရားဗာလဇေဗုပ်၌ မေးမြန်းခြင်းငှါ အဘယ်ကြောင့် သံတမန်တို့ကို စေလွှတ်သနည်း။ မေးမြန်းစရာဘို့ ဣသရေလပြည်၌ ဘုရားသခင် မရှိသောကြောင့် ထိုသို့ပြုရသလော။ သို့ဖြစ်၍ သင်သည် ယခုတက်သော သာလွန်ပေါ်က နောက်တဖန် မဆင်းရသေး။ စင်စစ်သေရမည်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။ ၁၇ ဧလိယဆင့်ဆိုသော ထာဝရဘုရား၏ စကားတော်အတိုင်း ရှင်ဘုရင်သေ၍၊ သားတော် မရှိသောကြောင့် ညီတော်ယောရံသည် ယုဒရှင်ဘုရင် ယောရှဖတ်သား ယဟောရံ နန်းစံနှစ်နှစ်တွင် နန်းထိုင်လေ၏။ ၁၈ အာခဇိ ပြုမူသောအမှုအရာ ကြွင်းလေသမျှတို့သည်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.