-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၄၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၄၁

ဖာရောမင်း အိပ်မက်ကိုမြင်မက်

ထိုနောက် နှစ်နှစ်လွန်သောအခါ၊ ဖာရောမင်းသည် အိပ်မက်ကို မြင်မက်သည်ကား၊ မိမိသည် မြစ်နား၌ ရပ်နေ၏။ အဆင်းလှသော၊ ဝသောနွား ခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာ ပေါက်သောမြက်ပင်ကို စားလျက်နေကြ၏။ ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သောနွား ခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ အရင်နွားတို့အနား၌ ကမ်းပေါ်မှာ ရပ်နေကြ၏။ အဆင်းမလှ၊ ပိန်သောနွားတို့သည်၊ အဆင်းလှ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ဖာရောမင်းလည်း နိုးလေ၏။ တဖန် အိပ်ပြန်၍ အိပ်မက်ကိုမြင်မက်ပြန်သည်ကား၊ အလုံးကြီး၍ ကောင်းသောစပါး ခုနစ်နှံတို့သည်၊ စပါးတစ်ပင်တည်း၌ ဖြစ်ကြ၏။ ထိုနောက်မှ အလုံးသေး၍ အရှေ့လေဖြင့် ပျက်သောစပါး ခုနစ်နှံတို့သည် ပေါက်ကြ၏။ အလုံးသေးသော စပါးခုနစ်နှံတို့သည် အလုံးကြီး၍ ကောင်းသောစပါး ခုနစ်နှံတို့ကို စားကြ၏။ ဖာရောမင်းလည်း နိုး၍အိပ်မက်ဖြစ်သည်ကို သိလေ၏။

နံနက်အချိန်ရောက်သောအခါ၊ ဖာရောမင်းသည် စိတ်ပူပန်၍၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်းတို့ကိုခေါ်၍၊ အိပ်မက်တော်ကို ပြန်ကြားတော်မူ၏။ သို့သော်လည်း ရှေ့တော်၌ အနက်ကို ဖတ်နိုင်သောသူ တစ်ယောက်မျှမရှိ။


ဖလားတော်ဝန်က ယောသပ်အကြောင်းပြော

ထိုအခါ ဖလားတော်ဝန်က၊ ​ကျွန်တော်သည် ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏။ ၁၀ ဖာရောဘုရင်သည် ကျွန်တော်နှင့် စားတော်ဝန်ကို အမျက်ထွက်၍၊ ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော်မူသောအခါ၊ ၁၁ ​ကျွန်တော်တို့ နှစ်ယောက်သည်၊ အသီးအသီး မိမိတို့ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို၊ တစ်ညခြင်းတွင် မြင်မက်ကြပါ၏။ ၁၂ ​ကျွန် တော်တို့၌ ကိုယ်ရံတော်မှူး၏ကျွန် ဟေဗြဲလုလင် တစ်ယောက်ရှိ၏။ ထိုသူအား ကျွန်တော်တို့သည် ကြားပြော၍၊ သူသည် အိပ်မက်၏အနက်ကို ဖတ်ပါ၏။ တစ်ယောက်စီ မြင်မက်သည်အတိုင်း ဖတ်ပါ၏။ ၁၃ ဖတ်သည်အတိုင်းလည်း မှန်ပါ၏။ ​ကျွန်တော်သည် အရင်အရာကိုရပြန်၍၊ စားတော်ဝန်မူကား၊ ဆွဲထားခြင်းကို ခံရပါသည်၊ ဟုလျှောက်လေ၏။


အိပ်မက်အနက်ပြန်ဖို့ ယောသပ်ကိုခေါ်

၁၄ ထိုအခါ ဖာရောမင်းသည် လူကိုစေလွှတ်၍၊ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲက အလျင်အမြန် ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးမှ အထံတော်သို့ဝင်ရ၏။ ၁၅ ဖာရောမင်းကလည်း၊ ငါသည်အိပ်မက်ကို မြင်မက်ပြီ။ အနက်ကိုအဘယ်သူမျှ မဖတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သောဥာဏ်နှင့် အနက်ဖတ်နိုင်သည်ကို ငါကြားရပြီဟုဆို၏။ ၁၆ ယောသပ်ကလည်း၊ ​ကျွန်တော်သည် အလိုအလျောက် မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာအ​ဖြေစကားကို၊ ဖာရောဘုရင်အား ပေးတော်မူစေသော၊ ဟုလျှောက်လေ၏။ ၁၇ ဖာရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ ငါရပ်နေ၏။ ၁၈ အဆင်းလှ၍ ဝသောနွား ခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကိုစားလျက်နေကြ၏။ ၁၉ ထိုနွားတို့နောက်မှ၊ အဆင်းမလှပိန်ကြုံသောနွားခုနစ်ကောင်တို့သည်ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသောနွားတို့ကို၊ အဲဂုတ္တုပြည် တလျောက်လုံးတွင် တစ်ခါမျှမမြင်ရစဖူး။ ၂၀ အဆင်းမလှ၊ ပိန်သောနွားတို့သည်၊ ဝသော အရင်နွား ခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ၂၁ စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှမသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်းနိုး၏။ ၂၂ တဖန် ငါမြင်မက်ပြန်သည်ကား၊ အလုံးကြီး၍ ကောင်းသောစပါး ခုနစ်နှံတို့သည်၊ စပါးတစ်ပင်တည်း၌ ဖြစ်ကြ၏။ ၂၃ ထိုနောက်မှ ညှိုးနွမ်းလျက် အလုံးသေး၍၊ အရှေ့လေဖြင့် ပျက်သောစပါး ခုနစ်နှံတို့သည် ပေါက်ကြ၏။၂၄ အလုံးသေးသော စပါးနှံတို့သည် ကောင်းသောစပါး ခုနစ်နှံတို့ကို စားကြ၏။ ထိုအိပ်မက်ကို ဗေဒင်တတ်တို့အား ငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဖတ်နိုင်၊ ဟုယောသပ်အားပြောဆိုတော်မူ၏။


ဖါရောဘုရင်အိပ်မက် အနက်ပြန်

၂၅ ယောသပ်ကလည်း၊ ဖါရောဘုရင် မြင်မက်တော်မူသော အိပ်မက်ကား၊ တစ်ပါးတည်းဖြစ်ပါ၏။ ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ။ ၂၆ ကောင်းသောနွား ခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ ကောင်းသောစပါး ခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ၏။ အိပ်မက်တော်ကား တစ်ပါးတည်းဖြစ်ပါ၏။ ၂၇ ထိုနွားတို့နောက် ထွက်လာသောနွား၊ ပိန်၍ အရုပ်ဆိုးသောနွား ခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ အရှေ့လေဖြင့် ပျက်သောစပါးဖျင်း ခုနစ်နှံတို့သည်လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။ ၂၈ ဖါရောဘုရင်အား​ ကျွန်တော်လျှောက်လိုသော အရာဟူမူကား၊ ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူ၏။ ၂၉ အဲဂုတ္တုပြည် တလျောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည်။ ၃၀ ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ပေါ်လာ၍၊ အဲဂုတ္တုပြည်၌ အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက်စီးလိမ့်မည်။ ၃၁ အစာခေါင်းပါးခြင်းသည်အလွန်အားကြီးသောကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ။ ၃၂ ဖါရောဘုရင်သည် ထပ်၍ အိပ်မက်မြင်ရသည်အရာမှာ၊ ထိုအမှုကိုဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင်အမြန် စီရင်တော်မူလိမ့်မည်။


ယောသပ်အကြံပေး

၃၃ သို့ဖြစ်၍ ဖာရောဘုရင်သည် ဉာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ်၍၊ အဲဂုတ္တုပြည်ကို အုပ်စိုးစေတော်မူပါ။ ၃၄ ခန့်ထားတော်မူသောသူသည်လည်း၊ တပြည်လုံး၌ အကြီးအကြပ်တို့ကို ခန့်ထား၍၊ ဝပြောသောနှစ် ခုနစ်နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဖို့တစ်ဖို့ ကောက်ယူကြပါစေ။ ၃၅ ထိုသူတို့သည် ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး၍၊ ဖာရောဘုရင်ထံတော်၌ စပါးများကိုဆည်းဖူးကြပါစေ။ မြို့များ၌လည်း ရိက္ခာရှိသမျှကို သိုထားကြပါစေ။ ၃၆ သို့ဖြစ်၍ အဲဂုတ္တုပြည်၌ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သား စားစရာဖို့ သိုထားလျက်ရှိနှင့်၍၊ အစာခေါင်းပါးသောကာလတွင် ပြည်တော်မပျက်ရ၊ ဟုဖာရောမင်းအားလျှောက်လေ၏။


ယောသပ်နန်းတော်အုပ်ဖြစ်လာ

၃၇ ထိုသို့ ယောသပ်လျှောက်သောစကားကို၊ ဖါရောမင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက်ကြ၍၊ ၃၈ ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကိုရ၍၊ ဤကဲ့သို့သောသူကို အဘယ်မှာရှာ၍ တွေ့မည်နည်း၊ ဟု​ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။ ၃၉ ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို၊ သင့်အား ပြတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဥာဏ်ပညာနှင့် ပြည့်စုံသောသူမရှိ။ ၄၀ သင်သည် နန်းတော်အုပ် ဖြစ်ရမည်။ သင်၏စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင်စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက်ကြီးမြတ်မည်၊ ဟုမိန့်တော်မူ၏။ ၄၁ တဖန်ကြည့်ပါ။ အဲဂုတ္တုပြည် တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှာ ငါခန့်ထားပြီ၊ ဟုယောသပ်အား မိန့်တော်မူလျက်၊ ၄၂ လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌ စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်း ဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကို ဆွဲပြီးလျှင်၊ ၄၃ ဒုတိယရထားတော်ကို စီးစေတော်မူ၏။ ပြပ်ဝပ်၍နေကြ၊ ဟုသူ့ရှေ့မှာ ဟစ်ကြ၏။ ထိုသို့လျှင် အဲဂုတ္တုပြည် တပြည်လုံးကို အုပ်စိုးစေတော်မူ၏။ ၄၄ ဖါရောမင်းကလည်း၊ ငါသည် ဖာရောဘုရင်မှန်၏။ သို့ဖြစ်၍ သင်၏အခွင့်မရှိလျှင်၊ အဲဂုတ္တုပြည် တလျှောက်လုံးတွင် အဘယ်သူမျှ မိမိလက်​ခြေကိုမကြွရ ဟုမိန့်တော်မူ၏။ ၄၅ ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏ(Zaphenath-paneah) တည်းဟူသော ဘွဲ့နာမနှင့် ယောသပ်ကို ချီးမြှောက်၍၊ ဩနမြို့(On) ၏ ယဇ်ပုရောဟိတ် ပေါတိဖေရ (Potiphera) ၏ သမီး အာသနတ်(Asenath)နှင့် စုံဖက်စေတော်မူ၏။ ထိုသို့ ယောသပ်သည် အဲဂုတ္တုနိုင်ငံအုပ်အရာနှင့် အထံတော်က ထွက်လေ၏။


ယောသပ်သည် အဲဂုတ္တုပြည် တလျှောက်လုံး အစာစုဆောင်း

၄၆ ယောသပ်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းထံ၌ အခွင့်ရသောအခါ၊ အသက် အနှစ်သုံးဆယ် ရှိသတည်း။ အထံတော်က ထွက်၍ အဲဂုတ္တုပြည် တလျှောက်လုံးသို့ သွားလေ၏။ ၄၇ ၀ပြောသောနှစ် ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့သည် အလွန်များပြားကြ၏။ ၄၈ ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင် ရှိသမျှသော ရိက္ခာကို စုရုံး၍ မြို့တို့၌ သိုထားလေ၏။ မြို့ပတ်ဝန်းကျင်လယ်တို့၌ ရသောရိက္ခာကို၊ မြို့အသီးအသီးတို့တွင် သိုထားလေ၏။ ၄၉ စပါးကိုကား သမုဒ္ဒ​ရာသဲလုံးနှင့်အမျှ အလွန်များစွာစုထား၍၊ မရေတွက်နိုင်အောင် များသောကြောင့် မရေတွက်ဘဲ နေသတည်း။


အစာမခေါင်းပါးမှီ သားနှစ်ယောက်ရ

၅၀ အစာခေါင်းပါးသောနှစ် မရောက်မှီ၊ ယောသပ်သည် ဩနမြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီး အာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ၏။ ၅၁ သားဦးကိုကား မနာရှေ (Manasseh) အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ငါခံရသမျှသော ပင်ပန်းခြင်းနှင့် ငါ့အဘ၏ အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှာ၊ ဘုရားသခင်ပြုတော်မူပြီ ဟုဆိုသတည်း။ ၅၂ နောက်ရသောသားကိုကား၊ ဧဖရိမ် (Ephraim) အမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါဆင်းရဲခံရသောပြည်၌ ၊ ငါ့ကိုပွားများစေတော်မူပြီ၊ ဟုဆိုသတည်း။


အစာခေါင်းပါးခြင်း ရောက်လာ

၅၃ ထိုနောက် အဲဂုတ္တုပြည်၌ ဝပြောသောနှစ် ခုနစ်နှစ်ကုန်လေ၏။ ၅၄ ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါးသော နှစ်တို့သည် ရောက်စရှိ၏။ ထိုအခါ ခပ်သိမ်းသောပြည်တို့၌ အစာခေါင်းပါးခြင်း ရှိသော်လည်း၊ အဲဂုတ္တုပြည်၌ ဆန်စပါးရှိသေး၏။ ၅၅ နောက်တဖန် အဲဂုတ္တုပြည်သူ၊ ပြည်သားအပေါင်းတို့သည်၊ မွတ်သိပ်သောအခါ စားစရာကို ရပါမည်အကြောင်း၊ ဖါရောမင်းထံ၌ ကြွေးကြော်ကြ၏။ ဖါရောမင်းကလည်း၊ ယောသပ်ထံသို့သွားကြ၊ သူစီရင်သည်အတိုင်း ပြုကြ၊ ဟုအဲဂုတ္တုပြည်သူ၊ ပြည်သားအပေါင်းတို့ကို မိန့်တော်မူ၏။ ၅၆ မြေပြင်တလျှောက်လုံး၌ အစာခေါင်းပါးသောအခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့်၍ အဲဂုတ္တုလူတို့အား ရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ်အတိုင်း အစာခေါင်းပါးသတည်း။ ၅၇ ခပ်သိမ်းသော ပြည်တို့၌လည်း၊ အလွန်အစာခေါင်းပါးသောကြောင့်၊ အသီးအသီးသော ပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှာ၊ အဲဂုတ္တုပြည် ယောသပ်ထံသို့ လာရောက်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.