-
AA
+
🡀
|
🡂
၁ သက်သာလောနိတ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး



အခန်းငယ်
၁၀





၁ သက်သာလောနိတ်
အခန်းကြီး ၁


ပေါလုတို့က သက်သာလောနိတ် အသင်းသားများအတွက် ဆုတောင်း
CROSS REFERENCES






ပေါလု၊ သိလွာနု (Silvanus)၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့်၊ သခင်ယေရှုခရစ်၌ တည်ရှိသော၊ သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော််။ ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို၊ ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင် ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း၍၊ [A] သင်တို့အဖို့ အလိုငှာ ဆုတောင်းပဌနာ ပြုလျက်နေကြ၏။


သက်သာလောနိတ် အသင်းတော်သည် ပုံသက်သေကောင်းဖြစ်

ငါတို့သည် သင်တို့နှင့်အတူ နေသောအခါ၊ သင်တို့အတွက် အဘယ်သို့သောသူ ဖြစ်သည်ကို၊ သင်တို့သိကြသည်နှင့် အညီ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည်၊ သင်တို့၌ စကားသက်သက် ဖြစ်သည်မဟုတ်။ တန်ခိုးနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်း (full conviction) နှင့်၎င်း၊ ပြည့်စုံသောတရားဖြစ်၏။ သင်တို့သည် ကြီးစွာသော ဆင်းရဲကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ၊ နှုတ်ကပတ် တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရား ကဲ့သို့သောသူ ဖြစ်ကြ၏။ သို့ဖြစ်၍၊ မာကေဒေါနိပြည် (Macedonia)၊ အာခါယပြည် (Achaia)၌၊ ယုံကြည်သောသူအပေါင်းတို့အား သင်တို့သည်၊ ပုံသက်သေပေးသောသူ ဖြစ်ကြ၏။


ယုံကြည်ခြင်း သတင်းအရပ်ရပ်၌ ကျော်စောနှံ့ပြား
CROSS REFERENCES






အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ် တရားတော်အသံသည် မာကေဒေါနိပြည်၊ အာခါယပြည်၌ ကျော်စောသည် သာမက၊ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ သတင်းသည်၊ အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ။ ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ဝင်ကြသည် အကြောင်းအရာကို၊ သူတို့သည် ကိုယ်တိုင်ကြားပြောကြ၏။ အသက်နှင့်ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို၊ သင်တို့သည် ဆောင်ခြင်းငှာ၎င်း၊ ၁၀ ရောက်လတံ့သော ဘေးဒဏ်မှ၊ ငါတို့ကို ကယ်နှုတ်သော သခင်ယေရှုတည်းဟူသော၊ သေခြင်းမှ ဘုရားသခင် ထမြောက်စေတော်မူသော သားတော်သည်၊ ကောင်းကင်ဘုံမှ ကြွလာတော်မူမည်အရာကို ငံ့လင့်ခြင်းငှာ၎င်း၊ [B] ရုပ်တုဆင်းတုကို ပစ်ပယ်၍၊ ဘုရားသခင့် အထံတော်သို့၊ ပြောင်းလဲကြသည် အကြောင်းအရာကိုလည်း ကြားပြောကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.