-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၁၁


လူများ ဗာဗုလုန်ရဲတိုက် ဆောက်ကြ

မြေကြီးသား အပေါင်းတို့သည် ဘာသာတမျိုးတည်း၊ စကားတမျိုးတည်း ရှိကြသည်ဖြစ်၍၊ အရှေ့မျက်နှာမှ ခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ်ကို တွေ့၍ နေရာချကြ၏။ သူတို့ကလည်း လာကြ၊ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့၊ ဟုတစ်ယောက်ကို တစ်ယောက်ပြောကြ၏။ ထိုသို့ ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်း ရပြီးလျှင်၊ လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍ မြို့ကို၎င်း၊ မိုးကောင်းကင်သို့ မှီရသောရဲတိုက်ကို၎င်း၊ တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ၊ ပြုကြကုန်အံ့၊ ဟုပြောဆိုကြ၏။ ထိုသို့ လူသားတို့တည်လုပ်သော မြို့နှင့်ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော်မူ၏။ ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ လာကြ၊ ဆင်းသက်ကြကုန်အံ့၊ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့၊ ဟုမိန့်တော်မူ၏။ ထိုသို့ ထာဝရဘုရားသည်၊ သူတို့ကို မြေကြီးတပြင်လုံး၌ ၊ အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ဘဲနေကြ၏။ သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည်၊ မြေကြီးသား အပေါင်းတို့၏ စကားကို ရှုတ်ထွေး၍၊ သူတို့ကို မြေကြီးတပြင်လုံး၌ ၊ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ ဟူ၍တွင်သတည်း။


အာဗြဟံသည် နောဧသား ရှေမမှ မွေးဖွား

၁၀ ရှေမ၏သားစဉ် မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တစ်ရာရှိ၍၊ ရေလွှမ်းမိုးသောနောက် နှစ်နှစ်ကြာသော်၊ သား အာဖာဇဒ် ကိုမြင်လေ၏။ ၁၁ အာဖာဇဒ်ဖွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာ အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၂ အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကို မြင်လေ၏။ ၁၃ ရှာလဖွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာ့သုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၄ ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။ ၁၅ ဟေဗာဖွားမြင်သောနောက်၊ ရှာလသည်အနှစ် လေးရာ့သုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၆ ဟေဗာသည် အသက်သုံးဆယ်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။ ၁၇ ဖာလက်ဖွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာ့သုံးဆယ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၈ ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကို မြင်လေ၏။ ၁၉ ရာဂေါဖွားမြင်သောနောက်၊ ဖာလက်သည်အနှစ် နှစ်ရာ့ကိုးနှစ် အသက်ရှင်၍၊ သားသမီးများကို ဖွားမြင်လေ၏။ ၂၀ ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက်ကို မြင်လေ၏။၂၁ စေရောက်ဖွားမြင်သောနောက်၊ ရာဂေါသည် အနှစ် နှစ်ရာ့ခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၂ စေရောက်သည် အသက်သုံးဆယ်ရှိသော်၊ သားနာခေါ်ကို မြင်လေ၏။ ၂၃ နာခေါ်ဖွားမြင်သောနောက်၊ စေရောက်သည် အနှစ်နှစ်ရာ အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၄ နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော်၊ သားတေရကို မြင်လေ၏။ ၂၅ တေရဖွားမြင်သောနောက်၊ နာခေါ်သည် အနှစ် တစ်ရာ့တစ်ဆယ်ကိုးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၆ တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကို မြင်လေ၏။


အာဗြဟံ၏အဘ တေရ၏ သားစဉ်မြေးဆက်များ

၂၇ တေရ၏ သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။ ၂၈ ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘ တေရ မသေမှီ၊ မိမိဖွားရာအရပ်၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့၌ သေလေ၏။ ၂၉ အာဗြံနှင့်နာခေါ်သည် မယားကိုယူ၍၊ အာဗြံ၏မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏ မယားကား၊ ခါရန်၏သမီး မိလခါအမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘ ဖြစ်သတည်း။ ၃၀ စာရဲမူကား၊ မြုံသောမိန်းမဖြစ်၍၊ သားသမီးမရှိ။ ၃၁ တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏သားဖြစ်သော မြေးလောတကို၎င်း၊ သားအာဗြံ၏ မယားဖြစ်သော မိမိချွေးမစာရဲကို၎င်း ခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ၊ ခါလဒဲပြည်သား တို့နေသော ဥရမြို့မှထွက်သဖြင့်၊ ခါရန်မြို့သို့ ရောက်၍နေကြ၏။ ၃၂ တေရသည် အသက်နှစ်ပေါင်း နှစ်ရာ့ငါးနှစ် ရှိသော်၊ ခါရန်မြို့၌ သေလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.