-
AA
+
🡀
|
🡂
ဖိလေမုန်ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး



အခန်းငယ်





ဖိလေမုန်ဩဝါဒစာ
အခန်းကြီး ၁


နှုတ်ခွန်းဆက်စကား
CROSS REFERENCES






ယေရှုခရစ်နှင့် စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ငါတို့ချစ်သော လုပ်ဖေါ်ဆောင်ဘက်ချင်း ဖိလေမုန် (Philemon)၊ ငါတို့ချစ်သော နှမအပ္ပိ(Apphia)၊ ငါတို့စစ်သူရဲချင်း အာခိပ္ပု( Archippus)မှစ၍ သင်၏အိမ်၌ ရှိသောအသင်းတော် [A] ကို ကြားလိုက်ပါ၏။ ငါတို့ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော်။


ပေါလု ဆုတောင်းပေးသောအချက်

သင်သည် သခင်ယေရှုခရစ်ကို ယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်၊ ဟုငါသည်ကြားလျှင်၊ ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဘို့အလိုငှါ ဆုတောင်းပဌနာပြုလျက် နေ၏။ ဆုတောင်းသော အချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသောအရှိန်ကြီး၍၊ သူတပါးတို့သည် ယေရှုခရစ်အဘို့အလိုငှါ၊ ငါတို့၌ ကောင်းသောအရာ ရှိသမျှတို့ကို၊ ဝန်ခံမည်အကြောင်း ဆုတောင်းပဌနာပြု၏။


ဖိလေမုန်ထံသူ၏ကျွန် ဩနေသိမ်ကိုပြန်လက်ခံဘို့

အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍၊ ငါတို့ သည် အလွန်ဝမ်းမြောက် ချမ်းသာခြင်းရှိ၏။ ထိုကြောင့်၊ သင်သည် ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှါ၊ ငါသည် ခရစ်တော်အားဖြင့် အလွန်ရဲရင့်စရာအခွင့် ရှိသော်လည်း၊ အသက်ကြီးသော ပေါလုတည်းဟူသော၊ ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။ ၁၀ ချည်နှောင်ခြင်းကို ခံရစဉ်တွင် ငါဖြစ်ဖွားစေ(မွေးဖွား) သောသားတည်းဟူသော၊ ၁၁ သင်သည် အထက်က အသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်(Onesimus)အဘို့ ငါတောင်းပန်ပါ၏။ ၁၂ ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ်၍၊ သူ့ကို ငါ့ရင်သွေး ကဲ့သို့မှတ်လျက် လက်ခံလော့။


ဩနေသိမ်သူ့သခင်ထံမှ ထွက်ပြေးခြင်းသည် ဝိညာဉ်၌ ကယ်တင်ခြင်းသို့ရောက်ဘို့

၁၃ ဧဝံဂေလိတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင်၊ သူသည် သင်၏ကိုယ်စား ငါ့ကိုပြုစုစေမည် အကြောင်း၊ သူ့ကို ငါထားချင်သော်လည်း၊ ၁၄ သင်သည် ငါ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ်၊ အလိုအလျောက် ပြုစေချင်သောစိတ် ရှိသည်ဖြစ်၍၊ သင်၏အခွင့်မရှိလျှင် အလျှင်းမပြုလို။ ၁၅ ထိုမှတပါး၊ သင်သည် သူ့ကိုအစဉ်ရစေခြင်းငှါ၊ သူသည် သင်နှင့် ခဏကွာသွားသည်၊ ဟုဆိုစရာရှိ၏။ ၁၆ ထိုသို့ဆိုသော်၊ အစေခံ​ကျွန် ကဲ့သို့ရမည်၊ ဟုမဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်၎င်း၊ သခင်ဘုရား အားဖြင့်၎င်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်၊ ဟုဆိုလိုသတည်း။ ၁၇ သို့ဖြစ်၍ သင်သည် ငါ့ကိုအပေါင်းအဖေါ်ကဲ့သို့ မှတ်လျှင်၊ သူ့ကို ငါကဲ့သို့ပင် လက်ခံလော့။ ၁၈ သူသည်သင်၌ ပြစ်မှားခြင်း၊ ကြွေးတင်ခြင်း တစုံတခုရှိလျှင်၊ ငါ့အတွက်အတာ မှတ်လော့။ ၁၉ ဆပ်ပေးမည်၊ ဟုငါပေါလုသည် ကိုယ်လက်နှင့် ရေးထား၏။ သို့ရာတွင် သင်၏ကိုယ်တည်းဟူသော ကြွေးကိုပင်၊ ငါ့အားဆပ်ပေးရသော အကြောင်းရှိသည်၊ ဟုငါမဆို။ ၂၀ အချင်းငါ့ညီ၊ သခင်ဘုရား၌ ငါ့ကိုကျေးဇူးပြုပါလော့။ ခရစ်တော်၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့။ ၂၁ သင်သည် နားထောင်မည်၊ ဟုယုံမှားခြင်းမရှိသည် သာမကာ၊ ငါပြောသည်ထက်သာ၍ ပြုမည်၊၊ ဟုအမှန်သိလျက် ငါရေးလိုက်ပါ၏။


နိဂုံးချုပ်မှာကြားသောစကား
CROSS REFERENCES






၂၂ ထိုမှတပါး၊ ငါတည်းခိုစရာအရပ်ကို လည်းပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသောအခွင့်ကို ပေးတော်မူမည်၊ ဟုမြော်လင့်ခြင်းရှိ၏။ [B] ၂၃ ယေရှုခရစ်ကြောင့် ငါနှင့်အတူ အကျဉ်းခံရသော ဧပဖြ(Epaphras)မှစ၍၊ ၂၄ ငါ၏လုပ်ဖေါ်ဆောင်ဘက် မာကု၊ အာရိတ္တာခု (Aristarchus)၊ ဒေမ (Demas)၊ လုကာ(Luke) တို့သည်သင့်ကို နှုတ်ဆက်ကြ၏။ ၂၅ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့် အတူရှိပါစေသတည်း။ အာမင်။



ဖိလေမုန်ဩဝါဒစာပြီး၏။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.