-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၁၀


နောဧ၏ သားစဉ်မြေးဆက်များ

ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက် တို့ကိုဆိုပေအံ့။


ယာဖက်၏ သားစဉ်မြေးဆက်များ

ယာဖက်၏ သားကား၊ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ်တည်း။ ဂေါမာသားကား၊ အာရှကေနတ်၊ ရိဖတ်၊ တော်ဂမတည်း။ ယာဝန်သားကား၊ ဧလိရှာ၊ တာရှု၊ ကိလ္လိမ်၊ ဒေါဒနိမ်တည်း။ ဤသူတို့သည် လူအမျိုးမျိုး တ​ကျွန်းတနိုင်ငံ မြေနယ်တို့ကို၊ ဘာသာအသီးအသီး၊ အနွယ် အသီးအသီးရှိသည်အတိုင်း၊ အချင်းချင်းခွဲဝေကြ၏။


ဟာမ၏ သားစဉ်မြေးဆက်များ

ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန်တည်း။ ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။ ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သူဖြစ်၏။ ထာဝရဘုရားရှေ့မှာ အားကြီးသောမုဆိုး ဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့ နိမ်ရောဒ၊ အားကြီးမုဆိုးပြုလုပ်သည်လို ဟုစပ်ဆိုသတည်း။ ၁၀ သူ၏နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကဒ်မြို့၊ ကာလနေမြို့တည်း။ ၁၁ ထိုပြည်မှ အာရှုရိပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်မြို့၊ ကာလမြို့ကို၎င်း၊ ၁၂ နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသော မြို့တည်းဟူသော ရေသင်မြို့ကို၎င်း၊ တည်ဆောက်လေ၏။ ၁၃ မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊ ၁၄ ပါသရုသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ်လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ်သတည်း။ ၁၅ ခါနာန်သားအကြီးကား ဇိဒုန်။ ထိုနောက်ဟေသ။ ၁၆ ထိုနောက် ယေဗုသိလူ၊ အာမောရိလူ၊ ဂိရဂါရှိလူ၊ ၁၇ ဟိဝိလူ၊ အာကိလူ၊ သိနိလူ၊ ၁၈ အာဝဒိလူ၊ ဇေမရိလူ၊ ဟာမသိလူတည်း။ ထိုနောက် ခါနာန်အမျိုးသား အသီးအသီးတို့သည် နှံ့ပြားကြလေ၏။ ၁၉ ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှ ဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း၊ တဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ကိုလွန်၍ လာရှမြို့တိုင်အောင်၎င်း၊ ရှိသတည်း။၂၀ ဤသူတို့သည် သီးခြားသောအမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်ပြည် အတိုင်းတိုင်း၌ နေသော ဟာမသားများဖြစ်သတည်း။


ဟေဗြဲလူအပေါင်းတို့၏ အဘရှေမသားစဉ်မြေးဆက်များ

၂၁ ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏အဘ၊ ရှေမသည်လည်းသားများကိုမြင်လေ၏။ ၂၂ ရှေမသားကား၊ ဧလံ၊ အာရှုရ၊ အာဖါဇဒ်၊ လုဒ၊ အာရံတည်း။ ၂၃ အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။ ၂၄ အာဖာဇဒ်သားရှာလ၊ ရှာလသားဟေဗာတည်း။ ၂၅ ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတစ်ယောက်ကား၊ ဖာလက် အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကိုခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန် အမည်ရှိ၏။ ၂၆ ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊ ၂၇ ဟဒေါရံ၊ ဥဇလ၊ ဒိကလ၊ ၂၈ ဩဗလအဘိမေလ၊ ရှေဘ၊ ၂၉ ဩဖိရ၊ ဟဝိလ၊ ယောဗိပ်၊ ဤသူအပေါင်းတို့သည် ယုတ္တန်သားဖြစ်သတည်း။ ၃၀ သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့မျက်နှာ၌ သေဖာတောင် တိုင်အောင်ရှိသတည်း။ ၃၁ ဤသူတို့သည် သီးခြားသောအမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်ပြည် အတိုင်းတိုင်းတို့၌ နေသော ရှေမသားများ ဖြစ်သတည်း။ ၃၂ ဤရွေ့ကား မိမိတို့အမျိုးအနွယ် အသီးအသီးအလိုက်၊ မှတ်သားသော နောဧသား ဆွေစဉ်မျိုးဆက်စာရင်း ပေတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည်တို့ကို တည်ထောင်ကြလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.