-
AA
+
🡀
|
🡂
ယာကုပ်ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ယာကုပ်ဩဝါဒစာ
အခန်းကြီး ၁


စုံစမ်းနှောင့်ယှက်ခြင်းသည်စေ့စပ်စုံလင်ဘို့ဖြစ်သည်
CROSS REFERENCES






ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျွန်ငါယာကုပ်(James)သည် [A]၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။ ငါ့ညီအစ်ကိုတို့၊ သင်တို့၏ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွါးစေတတ်သည်၊ ဟုသိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာ အကြောင်း သက်သက်ဖြစ်သည်၊ ဟုမှတ်ကြလော့။ [B] သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပြင်ပါစေ။


ပညာလိုလျှင် စိတ်နှစ်ခွမရှိဘဲ ယုံကြည်ခြင်းနှင့်တောင်းရမည်

သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ။ တောင်းလျှင် ရလိမ့်မည်။ သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်း ရှိသောသူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ ထာဝရဘုရား၏ လက်တော်မှတစုံတခုကို ရမည်၊ ဟုမထင်မမှတ်စေနှင့်။


ငွေရတတ်သောသူသည် မြက်ပင်နှင့်မြက်ပွင့်ကဲ့သို့ ပျောက်ပျက်တတ်

အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည်၊ မိမိချီးမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ ၁၀ ငွေရတတ်သော ညီအစ်ကိုသည်၊ မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူကား၊ သူသည်မြက်ပွင့်ကဲ့သို့ ဖေါက်ပြန်ခြင်းသဘော ရှိ၏။ ၁၁ နေသည် ပူသောအရှိန်နှင့် ထွက်သောအခါ၊ မြက်ပင်သည်သွေ့​ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်း ကြွေတတ်၏။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သောသူသည် မိမိအမှုအရာတို့၌ ညှိုးနွမ်းပျောက် ပျက်ခြင်းသို့ရောက်တတ်၏။


စစ်ကြောစုံစမ်းခြင်းသည် မင်္ဂလာဖြစ်စေသည်

၁၂ စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ဂတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။ ၁၃ အပြစ်သွေးဆောင်ခြင်းကို ခံရသောသူမည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်၊ ဟုမပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။ ၁၄ မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ ၁၅ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကို ဖွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဖွားတတ်၏။ ၁၆ ငါချစ်သော ညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ၁၇ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။


သမ္မာတရားအားဖြင့် ငါတို့ကိုမွေးဖွားစေ
CROSS REFERENCES






၁၈ ဖန်ဆင်းသောသတ္တဝါ(a) တို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ [C]ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း၊ ငါတို့ကိုဖြစ်ဖွား(မွေးဖွား) စေတော်မူ၏။ [D] ၁၉ သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျှင်မြန်ကြစေ။ စကားပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။ ၂၀ လူ၏ဒေါသအမျက်သည်၊ ဘုရားသခင်၏​ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။ ၂၁ ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသော စိတ်လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်သော နှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သော စိတ်နှင့်ခံယူကြလော့။ ၂၂ ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။ [E]၂၃ တရားကိုမကျင့်ဘဲ နာရုံမျှသာပြုသောသူ မည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့် တူ၏။ ၂၄ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဍာန်ကို ချက်ခြင်းမေ့လျော့တတ်၏။ ၂၅ လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌၊ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူ ဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူ ဖြစ်၏။


စင်ကြယ်သန့်ရှင်းသော သီလ

၂၆ သင်တို့တွင် အကြင်သူသည် သီလဆောက်တည်ဟန် ပြုသော်လည်း၊ မိမိနှုတ်ကိုမချုပ်တည်း၊ မိမိနှလုံးကိုလှည့်ဖြား၏။ ထိုသူ၏သီလသည် အချည်းနှီးသက်သက်ဖြစ်၏။ ၂၇ ခမည်းတော် ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အ​ကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း။

_________________________
Footnotes


၁၈ (a) မြန်မာကျမ်းစာအုပ်တွင် နိမ္မိတသတ္တဝါ ဟုရေးထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.