-
AA
+
🡀
|
🡂
ဟဗက္ကုတ် အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဟဗက္ကုတ် အနာဂတ္တိ
အခန်းကြီး ၁


CROSS REFERENCES






ပရောဖက် ဟဗက္ကုတ်ခံရသော ဗျာဒိတ်တော် အချက်ဟူမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှ ကာလပတ်လုံး အ​ကျွန်ုပ် အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အ​ကျွန်ုပ်သည် အဓမ္မအမှုကိုခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်း။ မတရားသောအမှုကို အ​ကျွန်ုပ်အား အဘယ်ကြောင့် ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက် ပြုခြင်းအမှုသည် အ​ကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း၊ အဘယ်ကြောင့် လူချင်းပြုရပါသနည်း။ သို့ဖြစ်၍ တရားလျော့ပါ၏။ တရား သဖြင့် စီရင်ဆုံးဖြတ်ခြင်း မရှိပါ။ မတရားသောသူတို့သည် ဖြောင့်မတ်သောသူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင်ဆုံးဖြတ်ကြပါ၏။ သစ္စာပျက်သောသူတို့ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတပါး ပြညွန်သော်လည်း သင်တို့မယုံသောအမှုကို သင်တို့ လက်ထက်ကာလ၌ ငါပြု၏။ ပြင်းထန်လျှင် မြန်သော ခါလဒဲအမျိုးကို ငါနှိုးဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူခြင်းငှါ၊ မြေတပြင်လုံး၌ ချီသွားကြလိမ့်မည်။ အလွန် ကြောက်မက်ဘွယ်သော သူဖြစ်၍ ကိုယ်အလိုအလျောက် တရားစီရင် ဆုံးဖြတ်ကြပြီ။ သူတို့၏မြင်းသည် ကျားသစ်ထက်လျှင် မြန်၏။ ည၌ လည်သော တောခွေးထက်ကြမ်းတမ်း၏။ မြင်းစီးသူရဲတို့သည် အဝေးကလာ၍ ခုန်ကြလိမ့်မည်။ အကောင်ကို ကိုက်စားခြင်းငှါ၊ လျှင်မြန်သော လင်းယုန်ကဲ့သို့ ပြန်လာကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှါ လာကြ၏။ ရှေ့သို့သာ မျက်နှာပြုသော အလုံး အရင်းဖြစ်၍၊ ဖမ်းမိသောသူတို့ကို သဲလုံးနှင့်အမျှ စုဝေးစေကြလိမ့်မည်။ ၁၀ ရှင်ဘုရင်တို့ကို အားမနာမင်းများတို့ကို ပြက်ယယ် ပြုကြလိမ့်မည်။ ရဲတိုက်ရှိသမျှတို့ကို ကဲ့ရဲ့လျက်၊ မြေမှုန့်ကို ပုံထား၍၊ တိုက်ယူကြလိမ့်မည်။ ၁၁ ထိုနောက်၊ သူတို့သည် သဘောပြောင်းလဲလျက်၊ လွန်ကျူး၍ အပြစ်ခံရကြလိမ့်မည်။ မိမိတို့တန်ခိုးသည် မိမိတို့ဘုရား ဖြစ်လေသည်တကား။ ၁၂ အိုထာဝရဘုရား၊ အ​ကျွန်ုပ်၏ ဘုရားသခင်၊ သန့်ရှင်းတော်မူသောဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည် မဟုတ်လော။ [A]သို့ဟုတ်လျှင် အ​ကျွန်ုပ်တို့သည် သေခြင်းနှင့် ကင်းလွတ်ကြပါမည်။ အိုထာဝရဘုရား၊ အ​ကျွန်ုပ်ကို စစ်ကြောစေခြင်းငှါ၊ သူတို့ကို ခန့်ထားတော်မူပြီ။ အိုကျောက်ထရံ၊ ဆုံးမစေခြင်းငှါ သူတို့ကို နေရာချတော်မူပြီ။ ၁၃ ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စိရှိတော်မူ၏။ အဓမ္မအမှုကို ကြည့်ရှု၍ နေတော်မမူတတ်ပါ။ သို့ဖြစ်၍၊ သစ္စာပျက်သော သူတို့ကို အဘယ် ကြောင့် ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မလူသည် မိမိထက် ဖြောင့်မတ်သောသူကို ကိုက်စားသောအခါ၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေတော်မူသနည်း။ ၁၄ လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့၎င်း၊ မင်းမရှိသော ပိုးကောင်ကဲ့သို့၎င်း၊ အဘယ်ကြောင့် ဖြစ်စေတော်မူသနည်း။ ၁၅ ရန်သူသည် ထိုသူအပေါင်းတို့ကို ငါးမျှားနှင့်မျှားလျက်၊ ကွန်နှင့်အုပ်လျက်၊ ပိုက်နှင့်လှောင်လျက် ဝမ်းမြောက် ရွှင်လန်းတတ်၏။ ၁၆ မိမိကွန်အား ယဇ်ပူဇော်၍၊ မိမိပိုက်အားနံ့သာ ပေါင်းကို မီးရှို့ တတ်၏။ အကြောင်းမူကား၊ ထိုတန်ဆာအားဖြင့် ဥစ္စာရတတ်၍ ဝစွာစားရ၏။ ၁၇ သို့ဖြစ်၍၊ သူသည် ပိုက်ကွန်ထဲက ငါးတို့ကို သွန်းလောင်းရပါမည်လော။ လူ အမျိုးမျိုးတို့ကို မနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.