-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၁


ဣသရေလအမျိုး၌ လူတစ်ထောင်စီအုပ်များခန့်

ဣသရေလ အမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှ ထွက်၍၊ ဒုတိယနှစ်၊ ဒုတိယလ၊ ပဌမနေ့၌ သိနာတောတွင် ပရိသတ် စည်းဝေးရာ တဲတော်မှာ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ သင်နှင့်အာရုန်သည်၊ ဣသရေလ အမျိုးသား ပရိသတ်တို့တွင်၊ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျား အပေါင်းတို့ကို၊ သူတို့ အဆွေအမျိုး အသီးအသီးအလိုက် စာရင်းယူလျက်၊ တပ်ခင်းကျင်း၍ ရေတွက်လော့။ အမျိုးအနွယ် အသီးအသီး၊ တမျိုးတစ်ယောက်စီ၊ မိမိတို့အဆွေအမျိုး၌ သူကြီးဖြစ်သော လူတို့သည် သင်တို့နှင့်အတူ ကူညီ၍၊ ထိုအမှုကို ဆောင်ရကြမည်။ သင်တို့နှင့်အတူ ကူညီ၍ အမှုကို ဆောင်ရသောသူ ဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသား ဧလိဇုရ၊ ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသား ရှေလုမျေလ။ ယုဒအမျိုး၊ အမိဒပ်သား နာရှုန်။ ဣသခါအမျိုး၊ ဇုအာသား နာသနေလ။ ဇာဗုလုန်အမျိုး၊ ဟေလုန်သား ဧလျာဘ။ ၁၀ ယောသပ်သား တွင်၊ ဧဖရိမ်အမျိုး၊ အမိဟုဒ်သား ဧလိရှမာ။ မနာရှေ အမျိုး၊ ပေဒါဇုရသား ဂါမလျေလ။ ၁၁ ဗင်္ယာမိန်အမျိုး၊ ဂိဒေါနိသား အဘိဒန်။ ၁၂ ဒန်အမျိုး၊ အမိရှဒ္ဒဲသား အဟဇော။ ၁၃ အာရှာအမျိုး၊ ဩကရန်သား ပါဂျေလ။ ၁၄ ဂဒ်အမျိုး၊ ဒွေလသား ဧလျာသပ်၊ ၁၅ နဿလိအမျိုး၊ ဧနန်သား အဟိရတည်း။ ၁၆ ဤသူတို့သည် ပရိသတ်တွင် ကျော်စောသောသူ၊ အဆွေအမျိုး သူကြီးမင်းဖြစ်၍၊ ဣသရေလ အမျိုး၌ လူတစ်ထောင်စီ အုပ်ရသောသူ ဖြစ်ကြသတည်း။


ဣသရေလ အမျိုးဆယ့်နှစ်မျိုးလူဦးရေ ရေတွက်

၁၇ ထိုသို့နာမည်ဖြင့် ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့် အာရုန်သည် ခေါ်၍၊ ၁၈ ဒုတိယလ၊ ပဌမနေ့၌ ပရိသတ် အပေါင်းကို စည်းဝေးစေပြီးမှ၊ အဆွေအမျိုး စာရင်းကို ဖော်ပြ၍၊ အနှစ်နှစ်ဆယ် လွန်သောသူတို့၏ နာမည်ပေါင်းကို မှတ်သဖြင့်၊ ၁၉ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း၊ သိနာတော၌ ဣသရေလ အမျိုးသားတို့ကို ရေတွက်လေ၏။ ၂၀ ဣသရေလ၏ သားဦး၊ ရုဗင်၏ အမျိုးသားတို့တွင်၊ အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊ ၂၁ အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်း ​ခြောက်ထောင့် ငါးရာရှိကြ၏။ ၂၂ ရှိမောင် အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊ ၂၃ အသက်နှစ် ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်း ကိုးထောင့်သုံးရာ ရှိကြ၏။ ၂၄ ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊ ၂၅ အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါးထောင်​ ခြောက်ရာ့ ငါးဆယ်ရှိကြ၏။ ၂၆ ယုဒအမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီး လိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊ ၂၇ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ခုနစ်သောင်း လေးထောင့် ခြောက်ရာ ရှိကြ၏။ ၂၈ ဣသခါ အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊ ၂၉ အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းလေးထောင့် လေးရာ ရှိကြ၏။ ၃၀ ဇာဗုလုန် အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍၊ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊ ၃၁ အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်း နှစ်ထောင့် လေးရာ ရှိကြ၏။ ၃၂ ယောသပ်မှ ဆင်းသက်သော ဧဖရိမ်အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊ ၃၃ အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါးရာရှိကြ၏။ ၃၄ မနာရှေ အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊ ၃၅ အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်း နှစ်ထောင့် နှစ်ရာ ရှိကြ၏။ ၃၆ ဗင်္ယာမိန် အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊ ၃၇ အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်း ငါးထောင့် လေးရာရှိကြ၏။ ၃၈ ဒန်အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီး လိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊ ၃၉ အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း​ ခြောက်သောင်း နှစ်ထောင့် ခုနစ်ရာ ရှိကြ၏။ ၄၀ အာရှာ အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည် အတိုင်း၊ ၄၁ အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်း တစ်ထောင့် ငါးရာ ရှိကြ၏။ ၄၂ နဿလိ အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌ မှတ်သားသည်အတိုင်း၊ ၄၃ အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်း သုံးထောင့် လေးရာ ရှိကြ၏။ ၄၄ ထိုသို့မောရှေနှင့် အာရုန်အစရှိသော ဣသရေလ အမျိုး၌ အဆွေအမျိုး သူကြီးဖြစ်သောမင်း ဆယ့်နှစ်ပါးတို့သည်၊ ၄၅ ဣသရေလ အမျိုးသား အပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းယူသည်အတိုင်း၊ ၄၆ အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော လူပေါင်းကား ​ခြောက်သိန်း သုံးထောင်ငါးရာ့ ငါးဆယ်ရှိသတည်း။


လေဝိအမျိုးသည် တဲတော်အမှုဆောင်မည်

၄၇ လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်း မဝင်ရသည်အမှုမှာ၊ ၄၈ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၄၉ လေဝိသားတို့ကို၊ ဣသရေလ အမျိုးသားတို့နှင့် ရောနှော၍ မရေတွက်ရ။ စာရင်းထဲ၌ မသွင်းရ။ ၅၀ လေဝိသားတို့အား သက်သေခံချက် တဲတော်ကို၎င်း၊ တဲတော်တန်ဆာ ရှိသမျှကို၎င်း၊ တဲတော်နှင့် ဆိုင်သမျှတို့ကို၎င်း အပ်၍၊ သူတို့သည် တဲတော်နှင့် တဲတော်တန်ဆာ အလုံးစုံတို့ကို ဆောင်ရွက်ရကြမည်။ တဲတော်အမှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ၊ တဲတော်ပတ်လည်၌ မိမိတို့နေရာချ ရကြမည်။ ၅၁ တဲတော်ကို ယူသွားချိန် ရောက်သောအခါ၊ လေဝိသားတို့သည် ရုတ်သိမ်းရမည်။ နေရာချချိန် ရောက်သောအခါ၊ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသား မှတပါး အခြားသော အမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်။ ၅၂ ဣသရေလ အမျိုးသားတို့သည် တပ်ချသောအခါ၊ အလုံးအရင်း တလျှောက်လုံး၊ လူတိုင်း မိမိဆိုင်သော တပ်တွင် မိမိဆိုင်သော အလံနားမှာ မိမိတဲကို ဆောက်ရမည်။ ၅၃ ဣသရေလ အမျိုးသား စည်းဝေးရာ ပရိသတ် အပေါ်မှာ အမျက်တော် မသက်ရောက်စေခြင်းငှာ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌ နေရာချ၍၊ သက်သေခံချက် တဲတော်ကို စောင့်ရှောက်ရမည်၊ ဟု၅၄ မောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ဣသရေလ အမျိုးသားတို့သည် ပြုကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.