-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၄၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၄၃


ယာကုပ်က သားများကို အဲဂုတ္တုပြည်ပြန်သွားခိုင်း

ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည်ဖြစ်၍၊ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သောစပါးကို စားကုန်ပြီးမှ၊ အဘက၊ တဖန်သွား၍ ငါတို့စားစရာ အနည်းငယ်ကို ဝယ်ကြပါဦးဟုဆို၏။ ယုဒကလည်း၊ ထိုသူသည်​ ကျွန်ုပ်တို့ကို ကျပ်ကျပ်ခြိမ်းချောက်လျက် သင်တို့ညီ မပါလျှင် င့ါမျက်နှာကို မမြင်ရ၊ ဟုပြောထားပြီ။ ​ကျွန်ုပ်တို့ညီကို ထည့်လျှင်သွား၍ အဘစားဖို့ရာ ဝယ်ပါမည်။ ညီကိုမထည့်လျှင် မသွားပါ။ အကြောင်းမူကား၊ ထိုသူက သင်တို့ညီ မပါလျှင် ငါ့မျက်နှာကို မမြင်ရ၊ ဟုပြောထားပြီ၊ ဟုအဘအားပြန်ဆိုလေ၏။ ဣသရေလကလည်း၊ သင်တို့၌ညီရှိမှန်းကို ထိုသူအားပြော၍ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲကြသနည်း ဟုဆိုသော်၊ သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏ အကြောင်းအရာ၊ အမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘ အသက်ရှင်သေးသလော။ ညီရှိသေးသလော၊ ဟုမေးသောအခါ၊ ​ကျွန်ုပ်တို့သည် သူ၏စကားသဘောကို လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကို ဆောင်ခဲ့ကြ၊ ဟုသူပြောမည်ကို​ ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလော၊ ဟုဆိုကြ၏။

ယာကုပ်သားများကို အဲတ္တုပြည်သို့လွှတ်
CROSS REFERENCES






ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူ လွှတ်ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ​ကျွန်ုပ်တို့ထ၍ သွားကြပါမည်။ ​ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ​ကျွန်ုပ်တွင် သူ့ကိုတောင်းပါ။ သူ့ကိုပြန်၍ မဆောင်အဘရှေ့မှာ မထားလျှင်၊ အစဉ်မပြတ် အပြစ်ကိုခံပါစေ။ ၁၀ ဤမျှလောက် မဖင့်မနွဲ့လျှင်၊ အကယ်၍ ဒုတိယအကြိမ်ပင် ပြန်ရောက်ပါပြီ၊ ဟုအဘဣသရေလအားဆို၏။ ၁၁ အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ ထိုသူအား ဆက်စရာဖို့ သင်တို့အိတ်ဝတို့တွင်၊ ခါနာန်ပြည်၏ အသီးအမျိုး အကောင်းဆုံးတည်းဟူသော ဗလစံစေး အနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကို ယူကြလော့။ ၁၂ သင်တို့လက်၌ ငွေနှစ်ဆကိုလည်း ယူကြလော့။ အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန်လက်၌ ဆောင်သွားကြဦးလော့။ ထိုအမှုသည် သတိလစ်သောအမှု ဖြစ်ဟန်ရှိ၏။ ၁၃ သင်တို့ညီကိုလည်းယူ၍ တဖန်ထိုသူထံသို့ ထသွားကြလော့။ ၁၄ ထိုသူသည် သင်တို့အစ်ကိုတစ်ယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် [A] ဘုရားသခင် ပေးတော်မူပါစေသော်။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်၊ ဟုသားတို့အား ဆိုသည်အတိုင်း၊ ၁၅ သူတို့သည် ထိုလက်ဆောင်ကို၎င်း၊ မိမိလက်၌ ငွေနှစ်ဆကို၎င်း၊ ဗင်္ယာမိန်ကို၎င်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။

ယောသပ်သည် အစ်ကိုများနှင့် နေ့လည်စာ စားဖို့ပြင်

၁၆ သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ အကောင်များကိုသတ်၍ စားစရာကို ပြင်ဆင်လော့။ သူတို့သည်ငါနှင့်အတူ၊ မွန်းတည့်စာကို စားရလိမ့်မည်၊ ဟုမှာထားသည်အတိုင်း၊ ၁၇ ၀န်စာရေးပြု၍၊ သူတို့ကို ယောသပ်အိမ်သို့ ခေါ်သွား၏။ ၁၈ ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့သည် ငါတို့အိတ်၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ်သွင်းပြီ၊ သူသည် အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြုသဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကို သိမ်းလိမ့်မည်၊ ဟုဆိုကြပြီးလျှင်၊ ၁၉ ယောသပ်၏ဝန်စာရေး အနီးသို့ချဉ်းကပ်၍ အိမ်တံခါးနားမှာ နှုတ်ဆက်လျက်၊ ၂၀ သခင်၊ ယမန်က အ​ကျွန်ုပ်တို့သည် အစာကိုဝယ်ခြင်းငှာ အမှန်လာပါ၏။ ၂၁ စခန်းသို့ရောက်၍ အိတ်များကို ဖွင့်သောအခါ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝတွင်ရှိပါ၏။ ထိုငွေကို တဖန်ဆောင်ခဲ့ကြပါပြီ။ ၂၂ ယခုလည်း အစာကို ဝယ်ခြင်းငှာ အခြားသောငွေကို ကိုယ်၌ ဆောင်ခဲ့ကြပါ၏။ ထိုငွေကို အ​ကျွန်ုပ်တို့အိတ်များ၌ အဘယ်သူထားသည်ကို မသိနိုင်ပါ၊ ဟုဆိုကြသော်၊ ၂၃ ၀န်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ ဘုရားသခင်၊ သင်တို့အဘ၏ ဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကို သနားတော်မူပြီ။ သင်တို့ငွေကို ငါခံရပြီ၊ ဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက်လေ၏။ ၂၄ ယောသပ်အိမ်သို့ သွင်းပြီးမှ ဝန်စာရေးသည် ရေကိုပေး၍ ခြေဆေးစေ၏။ မြည်းတို့ကိုလည်း သွင်းလေ၏။ ၂၅ မွန်းတည့်အချိန်၌ ယောသပ်လာလိမ့်မည်၊ ဟုသူတို့သည် မျှော်လင့်၍ လက်ဆောင်ကို ပြင်နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာကိုစားရလိမ့်မည်၊ ဟုသူတို့သည် ကြားလေသတည်း။

ယောသပ်ကို အကိုများကရှိခိုး

၂၆ ယောသပ်သည် အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသော လက်ဆောင်ကို အိမ်ထဲယောသပ်ထံသို့ သွင်း၍ သူ့ရှေ့မှာ ဦးညွှတ်ချလျက် နေကြ၏။ ၂၇ ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘတည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူသည်ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လော၊ ဟုမေးလျှင်၊ ၂၈ သူတို့က၊ ကိုယ်တော်​ကျွန်၊ ​ကျွန်တော်တို့အဘသည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏၊ ဟုလျှောက်လျက်၊ ဦးညွတ်ချ၍ ရှိခိုးလျက်နေကြ၏။ ၂၉ ထိုအခါ ယောသပ်သည် မျှော်ကြည့်၍ မိမိအမိ၏သား၊ မိမိညီရင်း ဗင်္ယာမိန်ကို မြင်လျှင်၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ်သလော ဟုမေးလျက်၊ သင့်ကို ဘုရားသခင် ကယ်မသနားတော်မူပါစေသော် ငါ့သား၊ ဟုဆိုပြီးမှ၊ ၃၀ ညီရင်းကို မြင်ရ၍ ကြင်နာသောစိတ်ရှိသောကြောင့် အလျှင်အမြန် ထသွားလေ၏။ ငိုရာအရပ်ကိုရှာသဖြင့်၊ အိပ်ခန်းထဲသို့ ဝင်၍ငိုလေ၏။ ၃၁ တဖန် မျက်နှာကိုသစ်၍ ဣန္ဒြေချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင် စားပွဲကိုပြင်ကြ၊ ဟုအမိန့်ရှိ၏။ ၃၂ ယောသပ်ဖို့တစ်ပွဲ၊ အစ်ကိုတို့ဖို့တစ်ပွဲ၊ ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ဖို့တစ်ပွဲ အသီးအသီးတို့ကို ပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကို အဲဂုတ္တုလူတို့သည် ရွံတတ်ကြ၏။ ၃၃ ညီအစ်ကိုတို့သည် အကြီးမှစ၍ အငယ်တိုင်အောင် အရွယ်အလိုက်ယောသပ်ရှေ့မှာထိုင်နေကြ၏။ သူတို့သည် အချင်းချင်း ကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။ ၃၄ ယောသပ်သည်လည်း သူတို့စားရန်အဖို့ အသီး အသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာမိန်ရသောအဖို့သည် အစ်ကိုတို့ရသောအဖို့ထက် ငါးဆများသတည်း။ သူတို့သည် သောက်၍ ပျော်မွေ့ခြင်းသို့ရောက်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.