-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၁


ရှောလမုန်သည် ဂိဗောင်မြို့သွား၍ ယဇ်ပူဇော်

ဒါဝိဒ်၏သားတော် ရှောလမုန်သည်၊ မိမိဘုရားသခင် ထာဝရဘုရား မစတော်မူခြင်း၊ အလွန် ချီးမြှောက်တော်မူခြင်း ကျေးဇူးကြောင့်၊ မိမိအာဏာတော် တည်ကြည် မြဲမြံသောအခါ၊ လူတထောင်အုပ်၊ တရာအုပ်၊ တရားသူကြီး၊ ဣသရေလမင်း အပေါင်းတို့နှင့် အဆွေအမျိုး သူကြီးအစရှိသော ဣသရေလ အမျိုးသား အပေါင်းတို့ကို ခေါ်၍၊ တော၌ ထာဝရဘုရား၏​ ကျွန်မောရှေ လုပ်ခဲ့သော၊ ဘုရားသခင်၏ ပရိသတ် စည်းဝေးရာ တဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအ ရပ်၌ ရှိသည်ဖြစ်၍၊ ထိုအရပ်သို့ ပရိသတ် အပေါင်းတို့နှင့် အတူ သွားတော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ကိုကား ဒါဝိဒ် ပြင်ဆင်သော အရပ်၊ ယေရုရှလင်မြို့၌ ဆောက် လုပ်နှင့်သော တဲသို့ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့သော်လည်း၊ ဟုရသားဖြစ်သော ဥရိ၏သား ဗေဇလေလ လုပ်ခဲ့သော ကြေးဝါ ယဇ်ပလ္လင်ကို ထာဝရဘုရား ရှေ့မှာထားသောကြောင့်၊ ရှောလမုန်နှင့် ပရိသတ်တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။ ထိုသို့ ပရိသတ် စည်းဝေးရာ တဲတော်ရှေ့၊ ထာဝရဘုရား ရှေ့တော်၌ ရှိသော ကြေးဝါ ယဇ်ပလ္လင်သို့ ရှောလမုန်ရောက်၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် တထောင်ကို ပူဇော်လေ၏။


ရှောလမုန်သည် ဘုရားထံ ဉာဏ်ပညာတောင်း

ထိုညတွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည့်ဆုကို တောင်းလော့၊ ဟုမိန့်တော်မူ၏။ ရှောလမုန်ကလည်း၊ ကိုယ်တော်သည် အ​ကျွန်ုပ် အဘဒါဝိဒ်၌ များစွာသော ကျေးဇူးကို ပြုတော်မူပြီ။ အဘအရာ၌ လည်း အ​ကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ။ ယခုမှာ အိုထာဝရ အရှင်ဘုရားသခင်၊ မြေမှုန့်များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသော လူတို့၏ ရှင်ဘုရင်အရာ၌ အ​ကျွန်ုပ်ကို ချီးမြှောက် တော်မူသောကြောင့်၊ အဘ ဒါဝိဒ်၌ ထားသော ဂတိတော်ကို တည်စေတော်မူပါ။ ၁၀ အ​ကျွန်ုပ်သည် ဤလူတို့ရှေ့မှာ ထွက်ဝင် နိုင်မည်အကြောင်း ဥာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက် များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည်၊ ကိုယ်အလိုအလျောက် တရားစီရင် နိုင်ပါမည်နည်း၊ ဟုတောင်းလျှောက်၏။ ၁၁ ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက်မေ့၍၊ စည်းစိမ် ဥစ္စာ ဂုဏ်အသရေကို မတောင်း၊ ရန်သူတို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သော အသက်ကိုလည်း မတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏လူမျိုးကို တရားစီရင်ခြင်းငှါ၊ တတ်နိုင်သော ဥာဏ်ပညာကိုသာ ကိုယ်အဘို့ တောင်းသောကြောင့်၊ ၁၂ ဥာဏ်ပညာကို ငါပေး၏။ ထိုမှတပါး သင့်ရှေ့မှာ ဖြစ်ဘူးသော ရှင်ဘုရင်နှင့် သင့်နောက်၌ ဖြစ်လတံ့သော ရှင်ဘုရင် တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်၊ ဟုမိန့်တော်မူ၏။


ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့ များပြားစေ

၁၃ ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ ရှိသော ပရိသတ် စည်းဝေးရာ တဲတော်ရှေ့မှသည် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ ဣသရေလ ပြည်ကို အုပ်စိုးလျက် နေတော်မူ၏။၁၄ ထိုနောက် ရှောလမုန်သည် ရထားများ၊ မြင်းစီးသူရဲများကို ဆည်းဖူး၍၊ ရထား တထောင်နှင့် လေးရာ၊ မြင်းစီးသူရဲ တသောင်း နှစ်ထောင်ရှိ၏။ ရထားထိန်း မြို့တို့၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။၁၅ ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက်သော သဖန်းပင်ကဲ့သို့၎င်း၊ များပြားစေ၏။


အဲဂုတ္တုမြင်းနှင့် ရထားများဝယ်

၁၆ ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကော(Kue)မြို့မှ ဆောင်ခဲ့ရ၏။ ရှင်ဘုရင် ကုန်သည်တို့သည် အဘိုးပေးလျက်၊ ကောမြို့၌ ခံယူရကြ၏။၁၇ အဲဂုတ္တုပြည်မှ ရထားတခုကို ငွေခြောက် ပိဿာနှင့်၎င်း၊ မြင်းတစီးကို ငွေခြောက်ပိဿာနှင့်၎င်း၊ မြင်းတစီးကို တပိဿာ ငါးဆယ်နှင့်၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့်၊ ရှုရိမင်းကြီး အပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.