-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၁

ယေရှုခရစ်၏ ဆွေတော်စဉ် မျိုးတော်ဆက်စာရင်း
CROSS REFERENCES






အာဗြဟံနှင့် ဒါဝိဒ်တို့မှ ဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ် မျိုးတော်ဆက် စာရင်းဟူမူကား၊ အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစ်စု။ ယုဒသည် မိမိခင်ပွန်း တာမာတွင် မြင်သော သား ဖာရက်နှင့်ဇာရ။ [A] ဖာရက်သား ဟေဇရုံ။ ဟေဇရုံသား အာရံ။ အာရံသား အမိနဒပ်။ အမိနဒပ်သား နာရှုန်။ နာရှုန်သား စာလမုန်။ စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင် မြင်သောသား ဗောဇ။ [B] ဗောဇသည် မိမိခင်ပွန်း ရုသတွင် မြင်သောသား ဩဗက်။ ဩဗက်သား ယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။ [C] ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ ခင်ပွန်းဖြစ်ဘူးသော မိန်းမတွင် မြင်သောသား ရှောလမုန်။ [D] ရှောလမုန်သား ရောဗောင်။ ရောဗောင်သား အဘိယ။ အဘိယသား အာသ။ အာသသား ယောရှဖတ်။ ယောရှက်ဖတ်သား ယဟောရံ။ ယဟောရံသား ဩဇိ။ ဩဇိသားယောသံ။ ယောသံသား အာခတ်။ အာခတ်သား ဟေဇကိ။ ၁၀ ဟေဇကိသား မနာရှေ။ မနာရှေသား အာမုန်။ အာမုန်သား ယောရှိ။ ၁၁ ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင် မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစ်စုတည်း။ ၁၂ ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်နောက်၊ ယေခေါနိသား ရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။ [E] ၁၃ ဇေရုဗဗေလသား အဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။ ၁၄ အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သား ဧလုဒ်။ ၁၅ ဧလုပ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။ ၁၆ ယာကုပ်မြင်သော သားကား၊ မာရိ၏ခင်ပွန်း ယောသပ်တည်း။ ထိုမာရိသည် ခရစ်၊ ဟုခေါ်ဝေါ်သမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။ ၁၇ ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည့် တိုင်အောင် တစ်ဆယ့်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တစ်ဆယ့်လေးဆက် ဖြစ်သတည်း။


ယောသပ်အိပ်မက်
CROSS REFERENCES






၁၈ ယေရှုခရစ်သည် ဖွားမြင်ခြင်းကို ခံတော်မူသော အကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့်စေ့စပ်၍၊(a) မရှက်တင်မှီတွင် သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။ ၁၉ သူ၏ခင်ပွန်း ယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာ စွန့်ပယ်မည်၊ ဟုအကြံရှိ၏။ (b) ၂၀ ထိုသို့ကြံစည်၍ နေစဉ်တွင် အိပ်မက်ကို မြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုး ယောသပ်၊ သင်၏ခင်ပွန်း မာရိကို ထိန်းသိမ်းရမည့် အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ဖြစ်၏။ ၂၁ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသော အမည်ဖြင့် မှည့်ရမည်၊ ဟုကောင်းကင်တမန်ဆို၏။ ၂၂ ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည့် အကြောင်းတည်း။ ၂၃ ဗျာဒိတ်တော် အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလ [F]အမည်ဖြင့် မှည့်ရကြလတံ့၊ ဟုလာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင်၊ ဟုဆိုလိုသတည်း။ ၂၄ ယောသပ်သည် အိပ်ပျော်ရာမှ နိုးလျှင်၊ ထာဝရဘုရား၏ ကောင်းကင်တမန် မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။ ၂၅ သို့သော်လည်း၊ သားဦးကို မဖွားမှီတိုင်အောင် သံဝါသ မပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှုဟူသော အမည်ဖြင့်မှည့်လေ၏။

_________________________
Footnotes


၁၈ (a) μνηστευθείσης ထိမ်းမြားဖို့ စေ့စပ်ခြင်းကို မြန်မာကျမ်းစာအုပ်၌ "ထိမ်းမြားဆောင်နှင်းပြီး"၊ ဟုဘာသာပြန်ထားပါသည်။ အမှန်မှာ ယောသပ်နှင့် မာရိသည် ထိမ်းမြားဖို့ စေ့စပ်ခြင်းသာလျှင် ဖြစ်ပါသည်။

၁၉ (b) လူသည်မယားနှင့် ထိမ်းမြားဆက်ဆံပြီးမှ၊ တဖန် ထိုမိန်းမကိုမုန်း၍၊ ၁၄ ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသောအခါ၊ ကညာ မစစ်ကြောင်းကို သိရပြီ ၊ ဟုထိုမိန်းမ၌ ကဲ့ရဲ့စရာ အကြောင်းကို ပြု၍ သူ့အသေရေကိုဖျက်လျှင်၊ ၁၅ ထိုမိန်းမ၏ မိဘတို့သည် ကညာ၏ လက္ခဏာသက်သေကို ဆောင်လျက်၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ သွား၍၊ ၁၆ ထိုမိန်းမ၏ အဘက၊ အ​ကျွန်ုပ်သမီးကို ဤလူ၌ အ​ကျွန်ုပ်ပေးစားပါပြီ။ သူသည် အ​ကျွန်ုပ်သမီးကို မုန်း၍၊ ၁၇ သင်၏သမီးသည် ကညာ မစစ်ကြောင်းကို ငါတွေ့ပြီ၊ ဟုဆိုလျက် ကဲ့ရဲ့စရာအကြောင်းကို ပြုပါ၏။ သို့ရာတွင် ဤသည်ကား၊ အ​ကျွန်ုပ်သမီး၏ ကညာ လက္ခဏာသက်သေ ဖြစ်ပါ၏၊ ဟုအသက်ကြီးသူတို့အား လျှောက်ဆိုလျက် ထိုအဝတ်ကို သူတို့ရှေ့မှာ လှန်၍ပြရမည်။ ၁၈ ထိုအခါမြို့၌ အသက်ကြီးသူတို့သည် ထိုလူကိုယူ၍ ရိုက်ပြီးမှ၊ ၁၉ ငွေတစ်ပိဿာကို လျော်စေ၍၊ မိန်းမ၏ အဘအားပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုး ကညာ၏အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တစ်သက်လုံး ထိုမိန်းမနှင့် မကွာရ။ ၂၀ သို့မဟုတ် လင်စကားမှန်၍၊ ထိုမိန်းမ၌ ကညာလက္ခဏာ သက်သေမရှိလျှင်၊ ၂၁ မြို့သား ယောကျ်ားတို့သည် ထိုမိန်းမကို အဘအိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘအိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလအမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။ [F]


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.