-
AA
+
🡀
|
🡂
ယုဒ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ယုဒ ဩဝါဒစာ
အခန်းကြီး ၁


နှုတ်ခွန်းဆက်စကား
CROSS REFERENCES






ယေရှုခရစ်၏​ ကျွန်ဖြစ်သော [A] ယာကုပ်ညီ ငါယုဒ(Jude)သည်၊ ခမည်းတော် ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မ တော်မူသော သူတို့ကို ကြားလိုက်ပါ၏။ သင်တို့၌ ကရုဏာရှိပါစေသော်။ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်း များပြား ပါစေသော်။


ကျေးဇူးတော်ကိုကိလေသာညစ်ညူးခြင်းအလိုငှါမှောက်လှန်

ချစ်သူတို့၊ အညီအမျှ ဆက်ဆံသော ကယ်တင်ခြင်း အကြောင်းအရာကို၊ သင်တို့ထံသို့ ရေး၍ ပေးလိုက်ခြင်းငှါ၊ ငါသည်အ လွန်ကြိုးစား သည်တွင်၊ သန့်ရှင်းသူတို့၌ အထက်က အပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရားဘက်မှာ၊ သင်တို့သည် ကြိုးစား၍ တိုက်လှန်စေခြင်းငှါ၊ နှိုးဆော် သွေးဆောင်၍ ရေးလိုက်ရသော အကြောင်းရှိ၏။ အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့ ဘုရားသခင်၏ ကျေးဇူးတော်ကို၊ ကိလေသာ၏ ညစ်ညူးခြင်း အလိုငှါ မှောက်လှန်လျက်၊ တပါးတည်း အစိုးရ တော်မူသော အရှင်၊ ငါတို့ သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှါ၊ ရှေးက စီရင်မှတ်သားနှင့်သော အဓမ္မလူ အချို့တို့သည်၊ ပရိယာယ်နှင့် အမှတ်တမဲ့ ဝင်ကြပြီ။ ထိုကြောင့်၊ သင်တို့သည် သိနှင့် သော်လည်း၊ ငါသည် သတိပေး၍ ပြောချင်သော အကြောင်းအရာ ဟူမူကား၊ ထာဝရဘုရားသည် ဣသရေလ လူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူ ပြီးလျှင်၊ မယုံကြည်သော သူတို့ကို တဖန်ဖျက်ဆီးတော်မူ၏။


ကောင်းကင်တမန်တို့နှင့်မှားယွင်း
CROSS REFERENCES






ထိုမှတပါး၊ မိမိတို့ အခွင့်အရာကို မစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန် တို့ကို၊ [B] ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်း အလိုငှါ၊ ထာဝရ ချည်နှောင် ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။ ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ မှစ၍ပတ်ဝန်းကျင်၌ ရှိသော(အာဒမာမြို့၊ ဇေဘိုင်မြို့) [C] မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့၊ မတရားသောမေထုန်ကို [D] အလွန်ပြု၍၊ ကိုယ်ခင်ပွန်း မဟုတ်သောသူ(strange flesh ကောင်းကင်တမန်) တို့နှင့်မှားယွင်းခြင်းအမှု၌ ၊ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့် ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေ ထင်ရှားလျက် ရှိကြ၏။


အဓ္ဓမလူတို့သည်နားမလည်သောအရာတို့ကိုကဲ့ရဲ့တတ်
CROSS REFERENCES





CROSS REFERENCES






ယခု ယောင်ယမ်းသော အဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ကိုယ်ကို ညစ်ညူးစေ၍၊ အာဏာစက်ကို ပယ်လျက်၊ ဘုန်းတန် ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။ ကောင်းကင် တမန်မင်း မိက္ခေလ(Michael) [E] မူကား၊ မောရှေ၏ ကိုယ်ကို အကြောင်း ပြု၍ မာရ်နတ်(the devil)နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုဝံ့ဘဲ၊ ထာဝရ ဘုရားသည် သင့်ကိုဆုံးမတော်မူ စေသတည်းဟူ၍ သာပြောဆို၏။ ၁၀ ထိုသူတို့မူကား၊ မိမိတို့ နားမလည်သော အရာများကို ကဲ့ရဲ့တတ်ကြ၏။ တိရစ္ဆာန်ကဲ့သို့ ပကိတိအတိုင်း၊ မိမိတို့ နားလည်သော အရာများဖြင့်၊ မိမိတို့ကို ပုပ်ပျက် စေတတ်ကြ၏။ ၁၁ သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣန(Cain)နောက်သို့ လိုက်ကြ၏။ အခကိုရခြင်း ငှါဗာလမ်(Balaam) မှားယွင်းသကဲ့သို့၊ [F] အလွန် မှားယွင်းခြင်း ရှိကြ၏။ ကောရ(Korah)၏ ငြင်းခုံခြင်း အပြစ်နှင့် ဖျက်ဆီးခြင်းသို့ရောက်ကြ၏။ ၁၂ မေတ္တာပွဲလုပ်၍ သင်တို့နှင့် အတူစားသောက်သောအခါ၊ အားမနာဘဲ မိမိတို့ကိုဝစွာ​ကျွေး၍ ပွဲ၌ အစွန်းအကွက် ဖြစ်ကြ၏။ ရေမရှိ လေတိုက်၍ လွင့်သော မိုးတိမ်ကဲ့သို့၎င်း၊ ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ်သေ၍ နှုတ်ပစ်သော သစ်ပင်ကဲ့သို့၎င်း၊ ၁၃ မိမိ ရှက်ခြင်း အကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့၎င်း၊ ကြယ်ပျံ (wandering stars) ကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုကြယ်ပျံ တို့အဘို့ တခဲနက်သော ထာဝရ မှောင်မိုက်ကို သိုထားလျက်ရှိ၏။


ထာ၀ရဘုရားသည် သန့်ရှင်းသူတို့နှင့်ကြွလာမည်

၁၄ အာဒံမှ ဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူ ဧနောက်(Enoch)က၊ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရား စီရင်တော်မူ၍၊ မတရားသောသူ တို့သည်၊ မတရားသဖြင့် ပြုသော အဓမ္မအမှုရှိ သမျှတို့၏ အပြစ်ကို၎င်း၊ မတရားသော လူဆိုးတို့ သည်ဘုရားသခင်ကို ပြစ်မှား၍၊ ပြောသော ကြမ်းတမ်းသော စကားရှိသမျှတို့၏ အပြစ်ကို၎င်း ဖေါ်ပြခြင်းငှါ၊ ၁၅ အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင့် တကွ၊ ကြွလာတော်မူ လိမ့်မည်၊ ဟုပရောဖက်ပြု၍ ဟောပြောလေ၏။ ၁၆ ထိုသူတို့သည် မြည်တမ်း၍ အပြစ်တင် တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသော စကားကို ပြောတတ်သောသူ၊ ကိုယ်အကျိုး စီးပွါးကြောင့် သူ့မျက်နှာကို ထောက်ထားခန့်ညား တတ်သောသူ ဖြစ်ကြ၏။


မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်၍ ပြက်ယယ်ပြုသူတို့ပေါ်မည်

၁၇ ချစ်သူတို့၊ နောက်ဆုံးသောကာလ၌၊ မိမိတို့ မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ယယ်ပြု တတ်သောသူ တို့သည် ပေါ်ကြလိမ့်မည်၊ ဟု၁၈ ငါတို့ သခင်ယေရှုခရစ်၏ တမန်တော် တို့သည်၊ ဟောပြောနှင့် သောစကား များကို အောက်မေ့ကြလော့။ ၁၉ ထိုသူတို့သည် သင်းခွဲသောသူ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူ ဖြစ်ကြ၏။


ယုံကြည်ခြင်းအပေါ်မှာတည်ဆောက်ကြလော့

၂၀ ချစ်သူတို့၊ သင်တို့သည် မိမိတို့ အလွန်သန့်ရှင်းသော ယုံကြည်ခြင်း အပေါ်မှာ၊ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ဆုတောင်း ပဌနာပြုလျက်၊ ၂၁ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ် စောင့်ရှောက်၍၊ ထာဝရ အသက်အလိုငှါ၊ ငါတို့ သခင်ယေရှုခရစ်၏ ကရုဏာတော်ကို မြော်လင့်၍ နေကြလော့။ ၂၂ ပိုင်းခြား၍ သိတတ်သောဥာဏ် ရှိ၍၊ အချို့တို့ကို သနားကြလော့။ ၂၃ ကိုယ်ကာယနှင့် ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင်၊ စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့တို့ကို မီးထဲမှ ဆယ်နှုတ် ကယ်တင်ကြလော့။


ဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေသော််

၂၄ ထိမိ၍ လဲခြင်းနှင့် ကင်းလွတ်စေမည် အကြောင်း၊ သင်တို့ကို စောင့်ရှောက် ခြင်းငှါ၎င်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို၊ ဘုန်းအသရေ တော်ရှေ့၌ ဆက်သခြင်းငှါ၎င်း၊ တတ်နိုင်တော်မူသောသူ တည်းဟူသော၊ ၂၅ ငါတို့ကို ကယ်တင်တော် မူသောအရှင်၊ တဆူတည်းသော ဘုရားသခင်သည်၊ ငါတို့ သခင်ယေရှုခရစ် အားဖြင့်၊ ယခုမှစ၍ ကမ္ဘာအဆက် ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့်၊ အစွမ်းသတ္တိ အာဏာစက် ရှိတော်မူစေသတည်း။ အာမင်။


ရှင်ယုဒဩဝါဒစာပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.