-
AA
+
🡀
|
🡂
ရှောလမုန်သီချင်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ရှောလမုန်သီချင်း
အခန်းကြီး ၁



သီချင်းတကာတို့တွင်အထွဋ်ဖြစ်သောရှောလမုန်သီချင်း

သခင်နှုတ်ဆက်သောနမ်းခြင်းဖြင့်ကျွန်မကိုနမ်းပါစေ၊၊ ကိုယ်တော်၏မေတ္တာသည်စပျစ်ရည်ထက်သာ၍ကောင်းပါ၏။ ကိုယ်တော်၌ မွှေးကြိုင်သောနံ့သာဆီကဲ့သို့၊ နာမတော်သည်သွန်းလောင်းသောနံ့သာဆီဖြစ်ပါ၏။ ထိုကြောင့်သတို့သမီး ကညာတို့သည်ကိုယ်တော်ကိုချစ်ကြပါ၏။ ​ကျွန်မကိုသွေးဆောင်တော်မူပါ။ ​ကျွန်မတို့သည်နောက်တော်သို့ပြေး၍လိုက်ကြပါမည်။ အရှင်မင်းကြီးသည်အိမ်တော်အတွင်းခန်းထဲသို့​ကျွန်မကိုဆောင်ခဲ့တော်မူပြီ။ ​ကျွန်မတို့သည်ကိုယ်တော်ကြောင့်ဝမ်းမြောက် ရွှင်လန်းကြမည်။ မေတ္တာတော်ကိုစပျစ်ရည်ထက်သာ၍ချီးမွမ်းကြမည်။ သတို့သမီးကညာတို့သည်ကိုယ်တော်ကိုမှန်ကန်စွာချစ်ကြပါ၏။

အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒထဲကဲ့သို့မည်းသောအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ကုလားကာကဲ့သို့တင့်တယ်သေး၏။ ငါသည်နေပူကိုခံ၍မည်းသောအဆင်းရှိသောကြောင့်၊ ငါ့ကိုမကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့သည် ငါ့ကိုမနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကိုစောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကိုမစောင့်ရပါ။

​ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည်သိုးများကိုအဘယ်မှာထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်အချိန်၌ အဘယ်မှာအိမ်ရိပ်ခိုစေတော်မူသည်ကို၎င်းပြတော်မူပါ။ ​ကျွန်မသည်အခြားတပါးသောသိုးထိန်းနောက်သို့အဘယ်ကြောင့်လမ်းလွှဲ၍လိုက်ရပါအံ့နည်း။

မိန်းမတကာတို့ထက်အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို​ကျွေးမွေးပါလော့၊၊

ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသောမြင်းနှင့်ငါပုံပြမည်။ ၁၀ သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည်တင့်တယ်လှ၏၊၊ ၁၁ ငွေနှင့်အပြောက်ချယ်သောရွှေပုတီးအသွယ်သွယ်ကိုလည်းလုပ်၍ပေးဦးမည်၊၊

၁၂ အရှင်မင်းကြီးသည်စားပွဲတော်နားမှာထိုင်နေစဉ်၊ ငါထုံသောနာဒုဆီမွှေးအနံ့သည်တပျံ့ပျံ့တလှိုင်လှိုင်ဖြစ်လေ၏၊၊ ၁၃ ငါချစ်ရာသခင်သည်ငါ၌ မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာတညလုံးအိပ်ရမည်။ ၁၄ ငါချစ်ရာသခင်သည်အင်္ဂေဒိဥယျာဉ်မှဖြစ်သောဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏၊၊

၁၅ ငါချစ်သောနှမ၊ သင်သည်အဆင်းလှပေ၏၊၊ အလွန်လှပေ၏၊၊ ချိုးမျက်စိနှင့်ပြည့်စုံ၏၊၊

၁၆ ငါချစ်ရာသခင်သည်အဆင်းလှ၍၊ ချစ်ဘွယ်သောလက္ခဏာနှင့်ပြည့်စုံတော်မူ၏၊၊ ငါတို့အိပ်ရာခင်းသည်စိမ်းသောအဆင်းရှိ၏၊၊ ၁၇ ငါတို့ဗိမာန်တိုင်တို့သည်အာရဇ်ပင်၊ အမိုးသည်ထင်းရှူးပင်ဖြင့်ပြီးသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.