-
AA
+
🡀
|
🡂
ဧသတာ၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧသတာ၀တ္ထု
အခန်းကြီး ၁


အာရွှေရုရှင်ဘုရင်ပွဲလုပ်

အိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင် တိုင်းပြည် တရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင် အာရွှေရုသည်၊ ရှုရှန်နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင်၍ နန်းစံသုံးနှစ်တွင် ပေရသိဗိုလ်၊ မေဒိဗိုလ်များအပြည်ပြည်သော မှူးမတ်ဝန်မင်းများတို့ကို ခေါ်၍ မှူးတော်မတ်တော် ​ကျွန်တော် အပါင်းတို့အဘို့ ပွဲလုပ်တော်မူ၏။ ထိုအခါ နိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော်တော်ကို အရက်တရာ ရှစ်ဆယ်ပတ်လုံးပြတော်မူ၏၊၊ ထိုကာလွန်ပြီးမှ ရှင်ဘုရင်သည် ရှုရှန်နန်းတော်၌ စည်းဝေးသောသူအကြီးအငယ် အပေါင်းတို့အဘို့ နန်းတော်အနား ဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက်ပတ်လုံး ပွဲခံတော်မူ၏၊၊ ငွေကွင်းတပ်သောကျောက်ဖြူတိုင်တို့၌ မောင်းသော ပိတ်ချောကြိုးဖြင့် ဆွဲကာသောပိတ်ချောကုလားကာ အဖြူအစိမ်းအပြာတို့နှင့်၎င်း၊ ခင်းသောကျောက်ပြားအနီအပြာ အဖြူအနက်တို့အပေါ်မှာ ထားသော ရွှေငွေအနေအထိုင်တို့နှင့်၎င်း၊ ဥယျာဉ်တော်သည် ပြည့်စုံ၏၊၊ ရှင်ဘုရင် စည်းစိမ်နှင့် လျော်စွာထူးခြားသော ရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ၏၊၊ စပျစ်ရည်သောက်ခြင်းအမှုသည် တရားအတိုင်းဖြစ်၏၊၊ အဘယ်သူကိုမျှ အနိုင်မသောက်စေ၊ လူအပေါင်းတို့သည် ကိုယ်အလိုလျောက်ပြုကြမည်အကြောင်း၊ နန်းတော် အရာရှိအပေါင်းတို့ကို ရှင်ဘုရင် မိန့်တော်မူ၏၊၊


မိဖုရားဝါရှတိအလှပြဘို့ ငြင်းဆို

မိဖုရားဝါရှတိသည်လည်း ရှင်ဘုရင် အာရွှေရုနန်းတော် သားမိန်းမတို့အဘို့ ပွဲလုပ်လေ၏၊ ၁၀ မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့် ၁၁ ခုနစ်ရက် မြောက်သောနေ့၌ ရှင်ဘုရင်သည် စပျစ်ရည်သောက်၍ ရွှင်လန်းသော စိတ်ရှိသောအခါ မိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့် လူများတို့အား ပြလိုသောငှါ၊ မိဖုရားဝါရှတိကို ရာဇသရဖူ ဆောင်းစေ၍ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်တည်းဟူသော အမှုတော်ထမ်း မိန်းမစိုး ခုနစ်ယောက်တို့ကို မိန့်တော်မူ၏။ ၁၂ သို့ရာတွင် မိန်းမစိုး ဆင့်ဆိုသော အမိန့်တော်ကို မိဖုရားသည် ငြင်းဆန်၍ မလာဘဲ နေ၏။ ထိုကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍ ဒေါသမီးလောင်လျက် နေတော်မူ၏။


ဝါရှတိကို မိဖုရားမှဖယ်ရှား

၁၃ ထိုအခါ ကာရှေန၊ အာဒမာသ၊ တာရှိရှ၊ မေရက်၊ မာသေန၊ မမုကန်တည်းဟူသော ၁၄ ရှင်ဘုရင်၏ မျက်နှာတော်ကို အစဉ်ဖူးမြင်၍ နိုင်ငံတော်တွင် အမြတ်ဆုံးသော ပေရသိ၊ မေဒိ အတွင်းဝန် မင်းခုနစ်ပါးတို့သည် အနားတော်၌ ထိုင်လျက်ရှိ၍ တရား စီရင်ရာလမ်းကို လေ့ကျက်သောသူ အပေါင်းတို့နှင့် ရှင်ဘုရင် တိုင်ပင်သော ထုံးစံရှိသည်အတိုင်း အကျိုးအကြောင်းကို နားလည်သော ထိုပညာရှိတို့ကို ခေါ်၍ ၁၅ မိန်းမစိုး ဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရုအမိန့်တော်ကို မိဖုရားဝါရှတိသည် နားမထောင်သောကြောင့် ဓမ္မသတ်အတိုင်းသူ၌ အဘယ်သို့ စီရင်ရမည်နည်း၊ ဟုမေးတော်မူလျှင် ၁၆ မမုကန်က၊ မိဖုရားဝါရှတိသည် အရှင်မင်းကြီးကိုသာ ပစ်မှားသည်မဟုတ်ပါ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသော တိုင်းပြည်အရပ်ရပ်၌ ရှိသော မင်းများနှင့် ဆင်းရဲသားများ အပေါင်းတို့ကို ပြစ်မှားပါပြီ၊၊ ၁၇ ရှင်ဘုရင် အာရွှေရုသည် မိဖုရားဝါရှတိကိုခေါ်၍ မိဖုရားမလာ၊ ဟုအနှံ့အပြားပြောကြသဖြင့် မိဖုရားပြုသော ဤအမှုကိုခပ်သိမ်းသော မိန်းမတို့သည်ကြား၍ မိမိတို့ခင်ပွန်းတို့ မထီမဲ့မြင် ပြုကြပါလိမ့်မည်၊၊ ၁၈ မိဖုရားပြုသော ဤအမှုကို ပေရသိ၊ မေဒိမင်းကတော်တို့သည် ကြားသိကြလျှင် မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့် အားမနာတတ်သောစိတ်၊ ဒေါသစိတ် တိုးပွားစရာအကြောင်း ရှိပါလိမ့်မည်၊၊ ၁၉ ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တဖန် မဝင်စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေနှင့်၊ ဟုမိန့်တော်မူပါ၊၊ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါ ပေရသိ၊ မေဒိဓမ္မသတ်၌ သွင်း၍ ရေးစေတော်မူပါ၊၊ ဝါရှတိထက် ကောင်းသောမိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ၊၊ ၂၀ သို့ပြုလျှင် ရှင်ဘုရင်ပေးတော်မူသော အမိန့်တော်ကို ကျယ်ဝန်းသော နိုင်ငံတော် တရှောက်လုံး ကြော်ငြာသောအခါ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်၊ ဟုရှင်ဘုရင်နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား၏၊၊ ၂၁ ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက်၍ မမုကန် လျှောက်သည်အတိုင်း ရှင်ဘုရင်ပြုလျက်၊ ၂၂ လူတိုင်း မိမိအိမ်ကို အုပ်စိုးရမည် အကြောင်း၊ မိမိလူမျိုးစကားကို ပြောရမည်အကြောင်း အတိုင်းတိုင်း အပြည်ပြည်ဘာသာ စကားအသီးအသီးကို အနက် ပြန်၍ နိုင်ငံတော်အရပ်ရပ်သို့ အမိန့်တော်စာကို ပေးလိုက်တော်မူ၏၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.