-
AA
+
🡀
|
🡂
ဒံယေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒံယေလ အနာဂတ္တိ
အခန်းကြီး ၁


နေဗုခဒ်နေဇာက ဗိမာန်တော်တန်ဆာများ သိမ်းသွား
CROSS REFERENCES






ယုဒရှင်ဘုရင် ယောယကိမ် နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်မှစ၍ ဗိမာန်တော် တန်ဆာအချို့တို့ကို နေဗုခဒ်နေဇာလက်သို့ အပ်နှံတော်မူ၍၊ [A] ထိုတန်ဆာများကို နေဗုခဒ်နေဇာမင်းသည် ရှိနာပြည်၌ရှိသော မိမိဘုရား၏ကျောင်းသို့ ယူသွားပြီးလျှင်၊ ရွှေတိုက်၌ သွင်းထားတော်မူ၏။


ယုဒလူငယ်များ အမှုတော်ထမ်းဘို့ရွေး

ထိုအခါ ရှင်ဘုရင်သည် မိန်းမစိုးအုပ်အာရှပေနတ်ကို ခေါ်တော်မူ၍၊ မကောင်းသော လက္ခဏာကင်းလျက်၊ လှသော အဆင်းသဏ္ဍာန်နှင့် ပြည့်စုံ၍၊ ကောင်းသောဥာဏ်နှင့်တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက်၍၊ နန်းတော်၌ အမှုထမ်းခြင်းငှါ တတ်စွမ်းနိုင်သော လူတို့ကို ဣသရေလ မင်းမျိုးမင်းသားထဲက ရွေးကောက်၍၊ ခါလဒဲဘာသာ အတတ်ကိုသင်စေ၊ ဟုအမိန့်တော်ရှိ၏။ ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို နေ့တိုင်းပေး၍ သုံးနှစ်​ကျွေးမွေးပြီးမှ၊ အမှုတော် ထမ်းရမည်အကြောင်း စီရင်တော်မူ၏။ ထိုသူတို့တွင် ယုဒအမျိုးသား ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည် ပါကြ၏။ မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါ၊ ဟုအသီးအသီးအမည်သစ်ကို ပေး၏။


ဒံယေလ အစားအသောက်ညစ်ညူးမှုရှောင်

ဒံယေလမူကား၊ ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်၊ ဟုအကြံရှိ၍၊ မိမိကို မညစ်ညူးစေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို ခွင့်တောင်း၏။ ဘုရားသခင်ပြုပြင်တော်မူသောအားဖြင့်၊ မိန်းမစိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနားသော်လည်း၊ ၁၀ ငါ့သခင်ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ငါကြောက်၏။ သင်တို့ အစားအသောက်ကို စီရင်တော်မူပြီ။ သင်တို့မျက်နှာသည် အရွယ်တူလူတို့၏ မျက်နှာလောက် အဆင်းမလှသည်ကို မြင်တော်မူလျှင်၊ သင်တို့အတွက် ငါသည်ရာဇဝတ်သင့်၍ အသက်မလွတ်ရ၊ ဟုဒံယေလကို ပြောဆို၏။ ၁၁ ထိုအခါဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက၊ ၁၂ အ​ကျွန်ုပ်တို့ စားသောက်စရာဘို့ ဟင်းသီးဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံး ပေးစမ်းပါ။ ၁၃ ထိုနောက်၊ အ​ကျွန်ုပ်တို့ မျက်နှာနှင့် ပွဲတော်မှ ကြွင်းသောအစာကို စားသောလူတို့၏ မျက်နှာကို သခင်ရှေ့၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင်ပြီးမှ၊ အ​ကျွန်ုပ်တို့ကို စီရင်တော်မူပါ၊ ဟုပြောလျှင်၊ ၁၄ စားတော်ကဲသည် ဝန်ခံ၍ ဆယ်ရက်စုံစမ်းလေ၏။ ၁၅ ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည် ပွဲတော်မှ ကြွင်းသော အစာကိုစားသော လူအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။ ၁၆ ထိုအခါ စားတော်ကဲသည် သူတို့အစာကို၎င်း၊ သူတို့သောက်ဘို့ စပျစ်ရည်ကို၎င်း ရုပ်သိမ်း၍၊ ဟင်းသီးဟင်းရွက်နှင့်သာ ကျွေးမွေး၏။


ဒံယေလတို့ ဆယ်ဆတတ်ကြ

၁၇ ဘုရားသခင်သည် ထိုလုလင် လေးယောက်တို့အား၊ အထူးထူးသော သိပ္ပံအတတ် ပညာတို့ကို သိစေခြင်းငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဥာဏ်သတ္တိကို ပေးသနားတော်မူ၏။ [B] ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကို နားလည်နိုင်သော ဥာဏ်ပညာနှင့် ပြည့်စုံ၏။ ၁၈ နန်းတော်သို့ သွင်းစေငှါ ချိန်းချက်တော်မူသော အချိန်ရောက်သော်၊ မိန်းမစိုးအုပ်သည် လုလင်များတို့ကိုခေါ်၍ နန်းတော်သို့သွင်းလေ၏။ ၁၉ ရှင်ဘုရင်သည် ထိုလုလင်တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင်၊ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့နှင့် တူသောသူ တယောက်မျှ မရှိသောကြောင့်၊ သူတို့သည် အထံတော်၌ ခစားရသော အခွင့်အရာကို ရကြ၏။ ၂၀ ရှင်ဘုရင် မေးတော်မူသမျှသော အတတ်ပညာကို၊ ထိုလုလင်တို့သည် နိုင်ငံတော်၌ ရှိသမျှသော မာဂုပညာရှိ၊ ဗေဒင်တတ်များ ထက်သာ၍ ဆယ်ဆတတ်ကြသည်ကို တွေ့မြင်တော်မူ၏။ ၂၁ ဒံယေလသည် ကုရုမင်းကြီး နန်းစံပဌမ နှစ်တိုင်အောင် ရှိနေသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.