-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၂၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၂၅


အာဗြဟံကေတုရနှင့်စုံ စုံဖက်၍ သားခြောက်ယောက်ရ

တဖန်အာဗြဟံသည်၊ ကေတုရအမည်ရှိသော မိန်းမနှင့်စုံဘက်၍၊ ထိုမိန်းမသည် ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကို ဖွားမြင်လေ၏။ ယုတ်ရှန်သားကား၊ ရှေဘနှင့်ဒေဒန်တည်း။ ဒေဒန်သားကား၊ အာရှုရိမ်လူ၊ လေတုရှိမ်လူ၊ လုမ်မိမ်လူတည်း။ မိဒျန်သားကား၊ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတည်း။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ်ဖြစ်ကြသတည်း။ အာဗြဟံသည်၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အား ပေးလေ၏။ မယားငယ်တို့၌ ရသောသားတို့အားလည်း၊ မိမိအသက်ရှင်စဉ်တွင် ဆုလာဘ်များကို ဝေပေး၍၊ သားဣဇာက်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။


အာဗြဟံ အသက် တစ်ရာ့ခုနစ်ဆယ်ငါးနှစ်တွင် သေဆုံး
CROSS REFERENCES






ထိုနောက် အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက်ကာလပြည့်စုံခြင်းနှင့်တကွ၊ အသက်ပေါင်း တစ်ရာ့ခုနစ်ဆယ့်ငါးနှစ်ရှိသော်၊ အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့် မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ သားဣဇာက်နှင့် ဣရှမေလတို့သည်၊ မံရေရှေ့မှာ ဟိတ္တိအမျိုးသား၊ ဇောရသားဧဖရုန်၏ လယ်ပြင်တွင်၊ မပ္ပေလ [A]မြေတွင်း၌ အဘကို သင်္ဂြိုလ်ကြ၏။ ၁၀ ဟေသအမျိုးသားတို့အား အဖိုးပေး၍၊ အာဗြဟံဝယ်သော လယ်ပြင်၌ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုလ်ကြသတည်း။ ၁၁ အာဗြဟံ သေသောနောက်၊ သားဣဇာက်ကို ဘုရားသခင်က ကောင်းကြီးပေးတော်မူ၏။ ဣဇာက်သည် ဗေရလဟဲရောမြို့မှာ နေသတည်း။


ဣရှမေလ၏ သားစဉ်မြေးဆက်များ

၁၂ စာရာ၏ကျွန်မ၊ အဲဂုတ္တုအမျိုးသား ဟာဂရဖွားမြင်သော၊ အာဗြဟံသား ဣရှမေလ၏ သားစဉ်မြေးဆက်တည်းဟူသော၊ ၁၃ မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နဗာယုတ်။ ထိုနောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊ ၁၄ မိရှမ၊ ဒုမာ၊ မာစ၊ ၁၅ ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှ၊ ကေဒမာ တည်းဟူသော၊ ၁၆ ဣရှမေလ သားတည်း။ ထိုသို့ အမည်ရှိသော သူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက်၊ အမျိုးမျိုးသော မင်းဆယ့်နှစ်ပါး ဖြစ်သတည်း။ ၁၇ ဣရှမေလသည်အသက် တစ်ရာ့သုံးဆယ့်ခုနစ်နှစ်ရှိသော် အသက်ချုပ်၍ သေသဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ ၁၈ သူတို့သည်လည်း၊ အာရှုရိပြည်သို့ သွားရာလမ်း၊ ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည့် အရှေ့၊ ရှုရမြို့တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည် မိမိညီအစ်ကို အပေါင်းအနား၌ကျသတည်း။


ရေဗက္ကာ၌ သားနှစ်ယောက် အမွှာမွေး
CROSS REFERENCES





CROSS REFERENCES






၁၉ အာဗြဟံသား ဣဇာက်၏အဆက်အနွယ် ဟူမူကား၊ အာဗြဟံသားကား ဣဇာက်တည်း။ ၂၀ ဣဇာက်သည် အသက် လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုး ဗေသွေလ၏သမီး၊ ရှုရိလူ လာဗန်၏နှမ ရေဗက္ကနှင့် အိမ်ထောင်ပြုလေ၏။၂၁ ဣဇာက်သည်၊ မိမိမယားရေဗက္က မြုံသောကြောင့်၊ [B] ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရား နားထောင်တော်မူသဖြင့်၊ သူ၏ မယားသည် ပဋိသန္ဓေ [C]စွဲယူလေ၏။ ၂၂ ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်း တိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌ အဘယ်အမှု ရောက်ပါလိမ့်မည်နည်း ဟုဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှာ သွားလေ၏။ ၂၃ ထာဝရဘုရားကလည်း၊ သင်၏ဝမ်းတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းတွင်းထဲက ခြားနားသော လူစုနှစ်စုကို ဖွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီးလိမ့်မည်။ အကြီးသည်အငယ်၌ ကျွန်ခံရလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၂၄ ဖွားချိန်စေ့သောအခါ၊ သူ၏ဝမ်း၌ သားအမွှာရှိသဖြင့်၊ ၂၅ အဦးဖွားသောသားသည်၊ အမွှေးပါသော အဝတ်ကဲ့သို့ဖြစ်၍၊ တကိုယ်လုံးအဆင်းနီ၏။ သူ့ကိုဧသော ဟူသောအမည်ဖြင့် မှည့်ကြ၏။ ၂၆ ထိုနောက်မှ သူ့ညီသည်၊ အစ်ကိုဧသော၏ ဖနှောင့်ကိုကိုင်လျက် ဖွားလာ၏။ သူ့ကိုကား၊ ယာကုပ်အမည်ဖြင့် မှည့်ကြ၏။ ထိုသားနှစ်ယောက်ကို ဖွားသောအခါ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။ ၂၇ သူငယ်တို့သည် ကြီးပွား၍၊ ဧသောကား လိမ္မာသော တောသားမုဆိုး ဖြစ်လေ၏။ ယာကုပ်ကား တဲ၌နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။ ၂၈ ဣဇာက်သည်၊ ဧသောပေးသော အမဲသားကို စားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကား ယာကုပ်ကိုချစ်၏။


ဧသောက သားဦးအရာကို ညီယာကုပ်ထံရောင်း

၂၉ တနေ့သ၌၊ ယာကုပ်သည် စားစရာကို ချက်ပြုတ်စဉ်တွင်၊ ဧသောသည် တောမှလာ၍ မောသောကြောင့်၊ ၃၀ ယာကုပ်အား၊ ထိုနီသောစားစရာနှင့် ငါ့ကို​ကျွေးပါလော့၊ ငါမောပါသည်၊ ဟုဆိုလေ၏။ ထိုကြောင့် သူ၏နာမည်ကို ဧဒုံ၊ ဟုတွင်သတည်း။ ၃၁ ယာကုပ်ကလည်း၊ ယနေ့ပင် သင်၏သားဦးအရာကို၊ ငါ့အားရောင်းပါ ဟုဆိုလျှင်၊ ၃၂ ဧသောက၊ ငါသေလုပြီ။သားဦးအရာအားဖြင့် အဘယ်အကျိုးရှိပါလိမ့်မည်နည်း ဟုဆို၏။ ၃၃ ယာကုပ်ကလည်း၊ ယနေ့ပင် ငါ့အားကျိန်ဆိုခြင်းကိုပြုပါ ဟုဆိုသော်၊ သူသည်ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသားဦးအရာကို ရောင်းလေ၏။ ၃၄ ထိုအခါ ယာကုပ်သည်၊ မုန့်နှင့်ပဲဟင်းကို ဧသောအားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှ ထ၍သွားလေ၏။ ထိုသို့ ဧသောသည်၊ မိမိနှင့်ဆိုင်သော သားဦးအရာကို မထီမဲ့မြင်ပြုသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.