-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၁


ယဇ်ပုရောဟိတ်ယေရမိထံ ဘုရားစကားပြော
CROSS REFERENCES






ယုဒရှင်ဘုရင် အာမုန်သား ယောရှိမင်း [A] နန်းစံဆယ်သုံးနှစ်တွင်၎င်း၊ ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ်လက်ထက်၌၎င်း၊ ယုဒရှင်ဘုရင် ယောရှိသား ဇေဒကိမင်းနန်းစံ ဆယ်တစ်နှစ်စေ့၍ ပဥ္စမလတွင်၊ ယေရုရှလင်မြို့သားတို့ကို သိမ်းသွားချုပ်ထားသည်တိုင်အောင်၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ခံရသောဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့နေ ဟိလခိသားယဇ်ပုရောဟိတ် ယေရမိစကားမှာ၊


ယေရမိကို အမိဝမ်းထဲမှ ပရောဖက်ခန့်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊ သင့်ကိုအမိဝမ်းထဲ၌ ငါမဖန် ဆင်းမှီ [B] သင့်ကိုငါသိပြီ။ မဖွားမှီကပင် သင့်ကိုငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီ၊ ဟုမိန့်တော်မူ၏။ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အ​ကျွန်ုပ်သည် မဟောမပြောတတ်ပါ။ [C] သူငယ်ဖြစ်ပါ၏၊ ဟုလျှောက်လျှင်၊ ထာဝရဘုရားကလည်း၊ အ​ကျွန်ုပ်သည်သူငယ်ဖြစ်ပါ၏၊ ဟုမပြောနှင့်။ အကြင်ရှိရာသို့ သင့်ကိုငါစေလွှတ်၏၊ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏၊ ထိုစကားကို သင်ဆင့်ဆိုရမည်။ သူတို့ကိုမကြောက်နှင့်။ [D] သင့်ကိုကယ်နှုတ်ခြင်းငှါ သင်နှင့်အတူငါရှိသည်၊ [E] ဟုမိန့်တော်မူပြီးမှ၊ လက်တော်ကိုဆန့်၍ ငါ့နှုတ်ကိုတို့တော်မူလျက်၊ [F] သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ။ ၁၀ ကြည့်ရှုလော့၊ သင်သည်နှုတ်ပယ် ဖြိုချ ဖျက်ဆီးမှောက်လှဲရသောအခွင့်၊ တည်ဆောက် စိုက်ပျိုးရသောအခွင့်နှင့် သင့်ကိုလူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ်မှာ ယနေ့ငါခန့်ထားပြီ၊ဟုမိန့်တော်မူ၏။


ဘုရားအမြင်အတိုင်းမြင်လျှင် မှန်ကန်စွာမြင်
CROSS REFERENCES






၁၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ ယေရမိ၊ သင်သည်အဘယ်အရာကို မြင်သနည်း၊ [G] ဟုမေးတော်မူလျှင်ငါက၊ အ​ကျွန်ုပ်သည် ဗာတံကိုင်းကိုမြင်ပါ၏၊ ဟုလျှောက်သော်၊ ၁၂ ထာဝရဘုရားက၊ သင်သည်မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကို ပြည့်စုံစေခြင်းငှါ၊ ငါစောင့်နေမည်၊ ဟုမိန့်တော်မူ၏။


မြောက်မျက်နှာဘက်က ဘေးဥပဒ်ရောက်မည်
CROSS REFERENCES






၁၃ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည်အဘယ်အရာကို မြင်သနည်း၊ [H]ဟုမေးတော်မူလျှင်၊ ငါက၊ အ​ကျွန်ုပ်သည် ဆူပွက်သောအိုးကင်းကို မြင်ပါ၏။ မြောက်ဘက်သို့ မျက်နှာပြုလျက်ရှိပါ၏၊ ဟုလျှောက်လျှင်၊ ၁၄ ထာဝရဘုရားက၊ မြောက်မျက်နှာဘက်က ဘေးဥပဒ်သည် ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့် မည်။ ၁၅ အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည်လာပြီးလျှင်၊ ယေရုရှလင်မြို့ တံခါးဝများတို့၌၎င်း၊ မြို့ရိုးပတ်ဝန်းကျင် အရပ်ရပ်တို့၌၎င်း၊ ယုဒမြို့ ရွာအလုံးစုံတို့၌၎င်း၊ မိမိတို့ရာဇပလ္လင်များကို အသီး အသီး၊ တည်ထားကြလိမ့်မည်။ ၁၆ ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ်၊ အခြားသောဘုရားတို့အား နံ့သာပေါင်းကိုမီးရှို့သောအပြစ်၊ မိမိတို့လက်ဖြင့် လုပ်သောအရာကို ကိုးကွယ်သောအပြစ် ရှိသမျှတို့ကြောင့်၊ သူတို့ကိုငါစစ်ကြော၍၊ အပြစ်နှင့်အလျောက်စီရင်မည်။ ၁၇ သို့ဖြစ်၍ သင်သည် ခါးပန်းကိုစီး၍ ထလော့။ ငါမှာထားသမျှကို သူတို့အားဟောပြောလော့။ သူတို့ရှေ့မှာ သင့်ကိုငါအရှက်မခွဲရမည်အကြောင်း သူတို့ကိုမကြောက်နှင့်။ ၁၈ ကြည့်ရှုလော့။ ယုဒရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သား တည်းဟူသောတနိုင်ငံလုံးတဘက်၌ ၊ ခိုင်ခံသောမြို့၊ သံတိုင်၊ ​ကြေးဝါထရံအရာ၌ သင့်ကိုယနေ့ငါခန့်ထား၏။ ၁၉ သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကိုကယ်နှုတ်ခြင်းငှါ၊ သင်နှင့်အတူငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.